Thursday, September 20, 2007

မိုးကုတ်တွင် စစ်အာဏာပိုင်များကို သပိတ်မှောက် ကံဆောင်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်

မိုးကုတ်မြို့တွင် စစ်အစိုးရ အာဏာပိုင်များကို သပိတ်မှောက်သည့် ပတ္တနိကုဇ္စ္ဈိန ကံဆောင်မှုကို သံဃာတော် အပါး ၂ဝဝ ကျော်က ယမန်နေ့မှ စတင်လိုက်သည်။

မြို့နယ် အာဏာပိုင်များက ဥပဒေဖြင့် ခြိမ်းခြောက် တားမြစ်သော်လည်း သံဃာတော် အများစု၏ ဆန္ဒအရ ကံဆောင်ပွဲ အောင်ချမ်းသာ ကျောင်းတိုက်တွင် အတည် ဖြစ်မြောက် သွားခဲ့သည်။

“အောင်ချမ်းသာ ကျောင်းတိုက် ဆရာတော်က ဘယ်လို ပြောလိုက်လဲ ဆိုတော့ သံဃာ ဥက� ဌ ဆရာတော်နဲ့၊ အတွင်းရေးမှူး ဆရာတော်ကို ဒီကိစ္စဟာပေါ့။ အခုကိစ္စဟာ တပည့်တော် တပါးတည်း ဆန္ဒနဲ့ လုပ်တာ မဟုတ်ပါဘူး။ မြို့နယ်မှာ ရှိတဲ့ သံဃာတွေ အကုန်လုံး ကံဆောင်ချင်ပါတယ်လို့ သံဃာထုက တောင်းဆိုထားတဲ့ အတွက်ကြောင့် တပည့်တော်က လက်ခံပြီး လုပ်ပေးတာပါ။ အဲဒီတော့ အရှင်ဘုရားတို့က တားတယ် ဆိုလို့ရှိရင် တပည့်တော်ကို မတားပါနဲ့။ တပည့်တော် တပါးတည်း လုပ်တာမဟုတ်တဲ့ အတွက်ကြောင့် ဒီသံဃာ လူထုနဲ့ ပြောပါ ဆိုပြီးတော့ ဒီအောင်ချမ်းသာ ကျောင်းတိုက်ကြီးပေါ်မှာ သံဃာထုနဲ့ ဥက� ဌ ဆရာတော်တွေနဲ့ ပြောပါတယ်။” ဟု ဖြစ်ရပ်ကို လိုက်လံ ကြည့်ရှုနေသူ ဒေသခံ တဦးက ပြောပြသည်။

“နောက်ဆုံး ဥက� ဌ ဆရာတော်နဲ့ အတွင်းရေးမှူး ဆရာတော်က အေး ဒါဆို ဟုတ်ပြီ။ ငါတို့လည်း သဘော တူညီပါတယ် ဆိုပြီး ဆန္ဒပေးပြီးတော့ ပြန်သွားပါတယ်။ အဲဒီအခါကျမှ သိမ်ထဲဝင်ပြီးတော့ ပတ္တနိကုဇ္စ္ဈိန ကံ ကို လုပ်ကြပါတယ်။” ဟု သူက ဆက်ပြောသည်။

သံဃာတော်များ တရားတော် ရွတ်ဖတ်ကာ ကံဆောင်မှု အခမ်းအနား ပြုလုပ်စဉ် ရဲများက ဘုန်းကြီးကျောင်းရှေ့ လမ်းသို့ လူအများ ဖြတ်သန်းသွားလာမှု တားမြစ်ခဲ့သည်။ သို့သော်လည်း ကံဆောင်ပွဲ သိမ်ဆင်းလာသူများကို လောင်းလှုကြသူ တထောင်ခန့် ရှိခဲ့သည်။

“အဲဒီလူတွေကို စခန်းမှူးတို့ ရဲအုပ်တို့ အဲဒါတွေက လိုက်ပြီးတော့ သွားကြ၊ သွားကြဟေ့။ ဒီမှာ မနေကြနဲ့၊ ဒါ ဘုန်းကြီးတွေ ဘာမှမဟုတ်ဘူး။ ဝတ်တက်နေတာ ဘာညာ ပြောပြီးတော့ လိုက်မောင်း ထုတ်ပါသေးတယ်။ အဲဒီလို လိုက်မောင်းထုတ်ပေမဲ့ လူတွေက ဘယ်သူမှ မပြန်ကြပါဘူး။” ဟု ဒေသခံ တဦးက ပြောသည်။

ကံဆောင်မှု ပြုပြီးနောက် သံဃာအချို့က ပရိတ်ရွတ်ကာ လမ်းလျောက် ဆန္ဒပြရာ မြို့သူမြို့သားများ လက်အုပ်ချီ ကန်တော့ကာ ကြိုဆိုခဲ့ကြသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates