ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၁၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါး
နှင့် Salafist အကြမ်းဖက် အုပ်စုများက ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra က လုံNခုံရေး တပ်ဖွဲ့များအား ထိုနေရာတွင် အင်အားတိုးမြှင့်ရန် အမိန့် ပေးထားကြောင်း အေပီ သတင်းဌာနတွင် ဖော်ပြထားသည်။    

ထိုင်းနိုင်ငံ ဒုတိယ အကြီးအကဲ Chalerm Yubumrung က အကြမ်းဖက်ခြင်း ခံရနိုင်မှု အန္တရာယ်အကြောင်း အသေးစိတ် ပြောပြရန် ငြင်းဆန်သွားသော်လည်း အမေရိကန် ဦးဆောင်သည့် ရွှေမြွေဟောက် နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်အထိ လုံခြုံရေးကို ဆက်လက် တိုးမြှင့် တင်းကြပ်ထားမည်ဟု ဆိုခဲ့သည်။

ဘန်ကောက်ရှိ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူ Walter Braunohler က ထိုင်းနိုင်ငံရှိ အမေရိကန်နှင့် ပတ်သတ်သည့် နေရာများအား ဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာများ သောင်းနှင့်ချီ၍ နေထိုင်လျက် ရှိကြပြီး မဇ္ဈိမ သတင်းဌာန၏ ရုံးခွဲ တခုလည်း ချင်းမိုင်မြို့တွင် ရှိသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး