Tuesday, February 5, 2013

သတင်းမီဒီယာဝဘ်ဆိုက် စာမျက်နှာနှင့် သမ္မတရုံး ၀ဘ်ဆိုက် အတိုက်ခိုက်ခံရ

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၇ မိနစ် စောဇင်ညီ

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံတော် သမ္မတရုံး၏ ၀ဘ်ဆိုက်ကို ဖေဖော်ဝါရီလ ၅ရက်နေ့ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး DDoS မက်ဆေ့များ ပေးပို့ခြင်းဖြင့် စတင်တိုက်ခိုက်ခံရကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး၏ ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့်သတင်းရရှိသည်။

ဝဘ်ဆိုက်အား တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး Hacking လုပ်ခံရခြင်းမဖြစ်အောင် လုံခြုံရေး အဆင့်မြှင့်တင် ထားပြီး ဖြစ်သည်ဟု အဆိုပါစာမျက်နှာတွင် ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် နိုင်ငံအတွင်းမှ မဟုတ်ပဲ ပြင်ပမှဟု ယူဆရပြီး အင်ဒိုနီးရှားနိုင်ငံမှဟု လတ်တလောဟု ယူဆရသည့် အဖွဲများက တိုက်ခိုက်နေခြင်းဖြစ်ပြီး အထောက်အထား အချက်အလက်များ ခိုင်မာစေရန် စုဆောင်းလျက်ရှိသည်ဟု ၎င်း စာမျက်နှာမှ သိရှိရသည်။

ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သည့် The Voice Weekly ဂျာနယ်၏ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း
ဖေဖော်ဝါရီလ ၄ရက်နေ့တွင် အတိုက်ခိုက်ခံ ရပြီးနောက် အက်ဒမင် အကောင့်များကို ဖြုတ်ချခံခဲ့ရသည် ဟု သည်ဗွိုက် အယ်ဒီတာချူပ် ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

“မိန်းဆာဗာကနေ ဖြုတ်ချလိုက်ပါပြီ။ ဟက်တာက နှစ်ခုပါ ။ အက်ဒမင်ကိုဖောက်ပြီး ပုံပြောင်းခံရတာ။ ပုံနှစ်ပုံတင်ထားပါတယ်။ တပုံက မြန်မာပြည်အလံနဲ့ နောက်တပုံက မြန်မာ မွတ်စလင်တရားမျှတမှုအတွက် တုန့်ပြန်တာဆိုပြီး ဟက်တာပါ။ အခုတော့ မြန်မာနိုင်ငံအလံ တခုပဲကျန်ပါတော့တယ်။ ပြန်ရဖို့နည်းလမ်း ရှာနေပါပြီ။ အချိန်ကြာလာရင်တော့ အကောင့်သစ်တခုတင်မှာပါ” ဟုပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates