Tuesday, February 5, 2013
မြန်မာ့ ဦးစားပေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးမည်
စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၁ မိနစ်
မြန်မာနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်  ကမ္ဘာ့ဘဏ်မှ အတိုးနှုန်းမဲ့ ဒေါ်လာ ၁၆၅ သန်းအား ချေးမည် ဖြစ်ကြောင်း ချက်ထရီယံတွင်  ယနေ့ ပြုလုပ်သည့် ကမ္ဘာ့ဘဏ် အကြီးအကဲများ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
၎င်းက “ကျွန်တော်တို့ မြန်မာနိုင်ငံကို  အမေရိကန် ဒေါ်လာ ၁၆၅ သန်း ကူညီပါမယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့  IFC က ဦးစားပေးအနေနဲ့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ ” ပာု ပြောသည်။
မြန်မာနိုင်ငံတွင် လူလေးဦးတွင် တစ်ဦးသာ အသုံးပြုနိုင် သေးသည့် လျှပ်စစ်ဓာတ်အား ပေးဝေမှုကို တိုးမြှင့်ခြင်းသည် နိုင်ငံ အတွက် ဦစားပေး ဆောင်ရွက်ချက် အဖြစ် အရေးပါကြောင်း ၎င်းကပြောသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့  ယခု လက်တလော အချိန်တွင် ကန်ဒေါ်လာ သန်း ၈၀ အား လူထုအခြေပြု လုပ်ငန်းများ လုပ်ကိုင်ရန် အတိုးမဲ့ ကူညီထားပြီး ယခုထပ်မံ ဒေါ်လာ ၁၆၅ သန်း သီးသန့်  ချေးမည်ဖြစ်သည်။
“ဒီငွေတွေပာာ ကမ္ဘာဘဏ်က ငွေလုံးငွေးရင်းနဲ့ ပေးမှာမပာုတ်ပါဘူး။ လုပ်ငန်းအလိုက်ဘဲ ငွေတွေ အရစ်ကျ ချပေးမှာပါ ” ဟုမြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ တာဝန်ရှိသူ ကိုကျော်စိုးလွင် ကဆိုသည်။
ထို့ ပြင် အဆိုပါ ချေးယူထားသည့်  ငွေများအား  မြန်မာနိုင်ငံ အနေဖြင့် နောင်လာမည် အနှစ်လေးဆယ် အချိန်ကျ မှသာ ပေးချေရမည် ဖြစ်ကြောင်း ကမ္ဘာဘဏ် မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်မှ အကြီးအကဲများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအဖွဲအစည်းများနှင့် ယခင်လ အနည်းငယ်က တွေ့ဆုံခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲများအား မြင်တွေ့ရကာ ယခုကဲ့ သို့  ချေးငွေများ
ပြန်လည်ပံ့ပိုးပေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအား အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်ရန်ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်း၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်
ဒေသဆိုင်ရာ ဒုဥက္ကဌ အက်ဆယ်ဗန် ထရော့စန်ဘတ်ဂ်၊ IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင်ဖင်ကယ်စတန်နှင့် MIGA ၏ ဒုဥက္ကဌ မိုက်ကယ်ဝမ်ဆာတို့ ပါဝင်သော အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ် အဖြစ်ရောက်ရှိလာခြင်းဖြစ်သည်။
Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates