Monday, January 28, 2013

စီး-ကူး အငှါးယာဉ်များ ပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းဖြင့် အရစ်ကျပေး ရောင်းချမည်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၃၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ အငှါးယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ရှင်ဘဝသို့ ရောက်ရှိစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် အငှါးယာဉ်များအား ပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရန်ရှိကြောင်း ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ဆိုသည်။

“စီး-ကူး ဌာန- အငှါးယာဉ်လုပ်ငန်းမှ အငှါးယာဉ်မောင်းတွေကို သူတို့ လက်ရှိမောင်းနေတဲ့ ယာဉ်တွေကို လက်ရှိပေါက်ဈေးရဲ့ ၆၀ ရာခိုင်နှုန်းကို အရစ်ကျစနစ်နဲ့ ပေးသွင်းဖို့ စီစဉ်နေပါတယ်။ အတည်ဖြစ်ရင် ချက်ချင်းထုတ်ပြန်မှာပါ” ဟု ပြောသည်။

ယခင်က ဌာနနှင့် ယာဉ်မောင်းကိုယ်စားလှယ်များ ညှိနှိုင်းထားသည်မှာ လက်ရှိပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်း ကို ယာဉ်မောင်းများက တခါတည်း ပေးချေရန် ညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

“အခုကျတော့ ယာဉ်မောင်းတွေ အဆင်ပြေသက်သာစေရန်အတွက် သင့်တော်တဲ့ ဈေးနှုန်းနဲ့
ပေးချေနိုင်အောင် ဆောင်ရွက်ပေးတာပါ” ဟု ၎င်းက ဆက်ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates