Friday, January 25, 2013

၂၀၁၂-၁၃ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေပြမှုမှာ ၃.၂ % သာ ရှိတော့

ခင်မျိုးသွယ် | သောကြာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၀၁ နာရီ ၂၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ဘတ်ဂျက် လိုငွေပြမှုမှာ ၄.၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေပြမှုမှာ ၃.၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ဘဏ္ဍာနှင့်အခွန် ဝန်ကြီးဌာနမှ ဆိုသည်။

“ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်နေတာကို တွေ့ရပါတယ်” ဟု ဇန်နဝါရီလ ၂၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောဆိုသွားသည်။

ထို့အပြင် ငွေကြေးဖောင်းပွမှု မဖြစ်စေရန် ဘဏ္ဍာရေးမူဝါဒအပိုင်းအနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက် သကဲ့သို့ မလိုအပ်သည့် အသုံးစရိတ်များ လျော့ချသကဲ့သို့ အခြားတဖက်တွင်လည်း အခွန်အခများကို
နှုန်းထား မပြောင်းလဲဘဲ တိုးမြှင့် ရရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဘတ်ဂျက်လိုငွေ လျော့နည်းစေရန်
ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အတိုးနှုန်းမူဝါဒအနေဖြင့် စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းမှုများအပေါ် အခြေခံ၍ အတိုးနှုန်းကို ညှိနှိုင်း
ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဈေးကွက်ဆိုင်ရာ လုပ်ဆောင်မှုနည်းလမ်းအရ အပ်ငွေ ချေးငွေ
လေလံစနစ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အရန်ရံပုံငွေ လိုအပ်ချက်ကို ထိန်းကျောင်းခြင်း နည်းလမ်းအနေဖြင့် အခြေခံ ငွေကြေးပမာဏကို သတ်မှတ်နိုင်ရန် အရန်ရံပုံငွေ ရည်မှန်းချက်နှင့် ငွေဖြစ်လွယ်မှု ခန့်မှန်းခြင်းနည်းလမ်းများကို အသုံးပြုလျက်ရှိပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်း က ဆက်လက်ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates