မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၅ မိနစ်
အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်း တချို့သည် ဒီိမိုကရေစီစနစ်တွင် မည်ကဲ့သို့ အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အား ပြောခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ အတွင်း ကလင်တန်၏ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်အတွင်းတွင် ဦးရွှေမန်း က သူ့အား ပြောခဲ့ပုံကို ကလင်တန်က ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်သည်။
“ဒီမိုကရက်တစ် ကွန်ဂရက် လွှတ်တော်တခု ဖြစ်လာအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို သူတို့ လေ့လာနေတဲ့ နေရာမှာ
ဇေူးပြုပြီးတော့ ကူညီစေချင်ပါတယ်လို့ သူက ကျမကို ပြောပါတယ်။ သူတို့ အနေနဲ့ The West Wing ဇာတ်လမ်းတွဲကို ကြည့်ပြီးတော့ ကြိုးစား လေ့လာ သင်ယူနေရကြောင်း သူက ကျမကို ဆက်ပြောခဲ့ပါတယ်” ဟု ကလင်တန် က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကလင်တန်၏ ထိုမှတ်ချက်ကြောင့် ပရိသတ်အချို့ ယဉ်ကျေးစွာ ပွဲကျ ရယ်မောခဲ့ကြသည်။ ထို ဇာတ်လမ်းတွဲမှာ အလုပ်ဖြစ်စေမည့် နည်းပရိယာရယ်များ၊ ညှိနှိုင်းခြင်း အနုပညာနှင့် သမ္မတအဆင့် နိုင်ငံရေးတို့အား အထူးပြု ဇာတ်လမ်း ဆင်ထားခြင်း ဖြစ်သည်။ ဗွီဒီယို အဖြစ်ဖြင့်လည်း ရရှိနိုင်သော ထိုဇာတ်လမ်းတွဲသည် ရုပ်မြင်သံကြား တွင် ထိုဇာတ်လမ်းတွဲ ထုတ်လွှင့်ခြင်း ပြီးဆုံးသည့်နှစ် ၂၀၀၆ ခုနှစ် မတိုင်မီတွင်ပင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်သည် မြန်မာနိုင်ငံတွင်မူ စစ်အစိုးရ အုပ်ချုပ်နေဆဲ ဖြစ်သည်။
ဝါရှင်တန်တွင် ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြုသော အစီအစဉ် တရပ်တွင် ကလင်တန် က ထိုဖြစ်ရပ်အား ပြန်ပြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။