Monday, September 17, 2012

ပြည်တွင်း လုပ်ငန်းရှင်များကိုလည်း အားပေးရန် စက်မှုဝန်ကြီးထံ တင်ပြ

ကျော်ဖုန်းကျော် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၁၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အစိုးရက ဖိတ်ခေါ် အားပေးနေသကဲ့သို့ ပြည်တွင်းရှိ လုပ်ငန်းများ ကိုလည်း အထောက်အပံ့များ ပေးရန်နှင့် အသေးစား စက်မှုလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမလိုဘဲ ချေးငွေများ ထုတ်ချေးပေးရန် ပြည်တွင်းလုပ်ငန်းရှင်များက ပြည်ထောင်စု စက်မှု ဝန်ကြီး ဦးအေးမြင့်ထံ စက်တင်ဘာ လလယ်ပိုင်း က တင်ပြခဲ့ကြသည်။

ကုန်စည်တင်ပို့မှု နှောင့်နှေးခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ရှားပါးမှုခြင်း အစရှိသော အခက်အခဲများကိုလည်း လူသုံးကုန် ပစ္စည်းများနှင့် အဝတ်အထည် ထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝန်ကြီးထံ တင်ပြခဲ့ကြသေးသည်။

တင်ပြချက်များကို မှတ်တမ်းပြုစုပြီး ပြည်ထောင်စုအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ထပ်ဆင့်တင်ပြကာ ဆုံးဖြတ်ချရယူ မည်ဟု စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက ဖြေကြားသွားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အထည်အလိပ်၊ စားသောက်ကုန်၊ ဆေးဝါး၊ စက္ကူနှင့် ဓါတုဗေဒ ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင် ၁ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး စက်မှုဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးများ နှင့် ကုန်သည်/စက်မှု အသင်းမှ ဥက္ကဋ္ဌ အပါအဝင် အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates