Monday, September 17, 2012

၅၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံကြေညာ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၆ မိနစ်

မဇ္ဈိမသတင်းဌာန။       ။ နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသော အကျဉ်းသား ၅၁၄ ဦးကို နိုင်ငံတော် သမ္မတ က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း တနင်္လာနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အစိုးရသစ် လက်ထက်တွင် အကျဉ်းသားများအား ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အနည်းဆုံး သုံးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး ယခုအကြိမ်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်သည့် အထဲ ပါဝင်လာနိုင်ကြောင်း ခန့်မှန်းနေကြသည်။

“နိုင်ငံတော် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့
ပြုပြင်ပြောင်းလဲစေရန်အတွက်” ဟူ၍လည်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ရေးသားပါရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်ခြေရှိကြောင်းလည်း ကနဦးသတင်းများ ထွက်ပေါ်နေခဲ့သည်။

ဇန်နဝါရီလ လွတ်ငြိမ်းချမ်းသာခွင့်ကဲ့သို့ပင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးလိုက်ခြင်းဖြစ်၍ လွတ်မြောက်လာသူများအနေနှင့် ပြစ်မှုတစုံတရာ ထပ်မံ ကျူးလွန်ပါက ပြန်လည်ဖမ်းဆီးခံရကာ ကျန်ရှိ ပြစ်ဒဏ်များကို ပြန်လည် ကျခံရနိုင်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates