နန်းလွင်နှင်းပွင့် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၉ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်၌ ရန်ကုန်မြို့ ဆူးလေပန်းခြံအနီးတွင် ဘာသာပေါင်းစုံမှ လူငယ်များက တိုင်းပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးအတွက် အသိပေးလှုံ့ဆော်မှုတခုကို ပြုလုပ်ရန် စီစဉ်နေကြသည်ဟု ဦးဆောင်မည့်သူတဦး ဖြစ်သော ကိုအောင်နိုင်မင်းက မဇ္ဈိမကို ပြောသည်။
နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လူငယ်များက အဖြူရောင်အင်္ကျီများ ဝတ်ဆင်၍ ပန်းများနှင့် ဆုတောင်းစာသားများ ပါဝင်သော ပို့စကတ်များကို အများပြည်သူအား ဝေငှမည်ဟု ဆိုသည်။
ထိုနေ့တွင်ပင် ရန်ကုန်မြို့၌ လမ်းလျှောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုများလည်း ရှိကာ ခွင့်ပြုမိန့် ငြင်းပယ်ခံခဲ့ရသော် လည်း ဆက်လက်ပြုလုပ်သွားမည်ဟု လမ်းလျှောက်ပွဲစီစဉ်သူများက ဆိုသည်။