Friday, September 28, 2012

မဇ္ဈိမ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ဓါတ်ပုံများ

ရန်ကုန်တိုင်း၊ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး က စက်တင်ဘာလ ၂၈ ရက်တွင် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း(တိုက်ပုံအနက်) နှင့် လွှတ်တော်အမတ်များကို ကျေးရွာမီးလင်းရေး အတွက် အသုံးပြုရန်  ဓါတ်အားသုံးစွဲမှု သက်သာပြီး နေစွမ်းအင်သုံး ဓါတ်အားပေးစနစ်နှင့် တွဲဖက်အသုံးပြုနိုင်သည့် လျှပ်စစ်မီးသီးအား ပြသနေစဉ်။ (ဓာတ်ပုံ - ကျော်ဖုန်းကျော်၊ မဇ္ဈိမ)

ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသော နှစ်ရက်တာ ပြုလုပ်မည့် ဖိုရမ်ကို တနင်္လာနေ့ စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပရာ ပြည်ပမီဒီယာများ၊ ပြည်တွင်း မီဒီယာများ၊ နိုင်ငံခြားမှ ကျွမ်းကျင်သူများနှင့် ပြန်ကြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများပါ တက်ရောက်ကြသည်။ (ဓာတ်ပုံ- ဟိန်းထက်)

ဝါရင့် သတင်းစာဆရာ ဦးဝင်းတင်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် တနင်္လာနေ့ စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်က ပြုလုပ်သော လူထုအလုပ်အကျွေးပြု ရေဒီယို ရုပ်မြင်သံကြားထုတ်လွှင့်မှု Public Service Broadcasting ဖိုရမ်မှ အပြန် သတင်းစာဆရာများက မေးမြန်းနေကြစဉ် ။  ။ (ဓာတ်ပုံ- ဟိန်းထက်) ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသော နှစ်ရက်တာ ပြုလုပ်မည့် ဖိုရမ်ကို ယနေ့တွင် စတင်ကျင်းပရာ ပြည်ပမီဒီယာများ၊ ပြည်တွင်း မီဒီယာများ၊ နိုင်ငံခြားမှ ကျွမ်းကျင်သူများနှင့် ပြန်ကြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများပါ တက်ရောက်ကြသည်။

စစ်ပွဲများရပ်စဲရန် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓူလလမ်း မြို့တော်ခန်းမအနီးတွင် စုပေါင်း ဆန္ဒဖေါ်ထုတ်နေကြသူများကို စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ ဟိန်းထက် ၊ မဇ္ဈိမ) ဆန္ဒဖေါ်ထုတ်သူများက နေပြည်တော်ရှိ လွှတ်တော်များရှေ့၊ ကာကွယ်ရေးဝန်ကြီးဌာနရုံး၊ သမ္မတရုံးရှေ့တို့တွင် သွားရောက် ဆန္ဒထုတ်ဖေါ်လိုကြသော်လည်း တားဆီးခြင်း ခံကြရသည်။

ဆန္ဒပြသူများ၏ စုရပ်ဖြစ်သော စမ်းချောင်းမြို့နယ် မြေနီကုန်း ကားမှတ်တိုင်တွင် စစ်ပွဲများရပ်စဲရေး နေပြည်တော် လွှတ်တော်များရှေ့ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ သမ္မတရုံးရှေ့တို့တွင် ဆန္ဒထုတ်ဖေါ်ရန် သွားရောက် ဆန္ဒထုတ်ဖေါ်မည့်သူများကို တားမြစ်ရန် လာရောက်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၃း၃၀ ခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ သိင်္ဂီထွန်း ၊ မဇ္ဈိမ) ကားငါးစီးဖြင့် လူပေါင်း ၂၅၀ ခန့် သွားရောက်မည့် နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ပွဲများရပ်စဲရန် ဆန္ဒထုတ်ဖေါ်နေသူ တဦးကို မြေနီကုန်း စမ်းချောင်းမြို့နယ် မြေနီကုန်း ကားမှတ်တိုင်အနီးတွင် စက်တင်ဘာလ ၂၁ ရက်နေ့ အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ သိင်္ဂီထွန်း၊ မဇ္ဈိမ) နပြည်တော် လွှတ်တော်များရှေ့ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ သမ္မတရုံးရှေ့တို့တွင် ဆန္ဒထုတ်ဖေါ်ရန် သွားရောက် ဆန္ဒထုတ်ဖေါ်မည့် အစီးအစဉ်ကို ရဲတပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် ဖျက်သိမ်းခဲ့ရသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် ပြည်သူ့ ရင်ပြင်တွင် စစ်ပွဲများ ရပ်တန့်ရန် ငြိမ်းချမ်စွာ ဆန္ဒထုတ်ဖေါ်နေသည်ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆန္ဒထုတ်ဖေါ်မှု ၁၀ မိနစ်ခန့် အကြာတွင် ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်က လာရောက် လူစုခွဲခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် စစ်ပွဲများ ရပ်တန့်ရန် ပြည်သူ့ရင်ပြင်တွင် ကချင်လှပျိုဖြူများ ငြိမ်းချမ်းရေးသီချင်း သီဆိုကာ ဆန္ဒထုတ်ဖေါ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) နေပြည်တော် လွှတ်တော်များရှေ့ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ သမ္မတရုံးရှေ့တို့တွင် ဆန္ဒထုတ်ဖေါ်ရန် သွားရောက်မှုလည်း တားမြစ်ခံခဲ့ရသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် စစ်ပွဲများ ရပ်တန့်ရန်ဆန္ဒထုတ်ဖေါ်မှုကို လာရောက်တားမြစ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆန္ဒထုတ်ဖေါ်မှု ၁၀ မိနစ်ခန့် အကြာတွင် ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်က လာရောက် လူစုခွဲခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဦးဆောင်၍ စစ်ပွဲများ ရပ်စဲရေး ဆန္ဒထုတ်ဖေါ်ရာတွင် ငြိမ်းချမ်းရေး အထမ်းအမှတ် ဂျိုးဖြူအလံနှင့်အတူ ဆန္ဒထုတ်ဖေါ်နေသူတဦးကို စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) နေပြည်တော် လွှတ်တော်များရှေ့ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ သမ္မတရုံးရှေ့တို့တွင် ဆန္ဒထုတ်ဖေါ်ရန် သွားရောက်မှုလည်း တားမြစ်ခံခဲ့ရသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် စစ်ပွဲများ ရပ်တန့်ရန် ပြည်သူ့ရင်ပြင်တွင် ဆန္ဒဖေါ်ထုတ်မှုကို ရဲတပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် ပြည်သူ့ရင်ပြင်မှ ပြန်လည် ထွက်ခွာ လာကြသည့် ဆန္ဒထုတ်ဖေါ်သူများကို စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆန္ဒထုတ်ဖေါ်မှု ၁၀ မိနစ်ခန့် အကြာတွင် ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်က လာရောက် လူစုခွဲခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် ပြည်သူ့ ရင်ပြင်တွင် စစ်ပွဲများ ရပ်တန့်ရန် ငြိမ်းချမ်စွာ ဆန္ဒထုတ်ဖေါ်နေသည်ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ဆန္ဒထုတ်ဖေါ်မှု ၁၀ မိနစ်ခန့် အကြာတွင် ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်က လာရောက် လူစုခွဲခဲ့သည်။

မြန်မာနိုင်တွင် ကျင်းပမည့် ၂၁ ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံးတွင် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့က ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၄ ရက်မှ  ၁၄ ရက်နေ့အထိ နေပြည်တော် ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကား ၁ဝ ကား ပြသသွားမည် ဖြစ်သည်။

ယခုလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် မန္တတလေးမြို့ခံ ပန်းချီဆရာ စူးမြင့်သိန်းက စစ်ပွဲများ ရပ်စဲရန် ပါ့ဖော့မန့် ပြကွက်ဖြင့် သရုပ်ဖေါ်ဆန္ဒထုတ်ဖေါ်နေသည်ကို စက်တင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) မန္တလေးမြို့ ၃၈လမ်း၊ ၆၉လမ်း အလင်းတံခါး ပန်းချီပြခန်း စတင်၍ သရုပ်ဖေါ်ဆန္ဒပြ လမ်းလျောက်လာရာ ၈၄လမ်း ၊ ၂၉ x ၃ဝ လမ်း အရောက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယခုလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် မန္တတလေးမြို့ခံ ပန်းချီဆရာ စူးမြင့်သိန်းက စစ်ပွဲများ ရပ်စဲရန် ပါ့ဖော့မန့် ပြကွက်ဖြင့် သရုပ်ဖေါ်ဆန္ဒထုတ်ဖေါ်နေသည်ကို စက်တင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်ကွက်နှင့် ဇီးကုန်းရပ်ကွက်များရှိ ကျူးကျော်နေထိုင်သူများ၏ နေအိမ်များကို မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြေတူးစက်များဖြင့် ဖယ်ရှားရှင်းလင်းဖယ်ရှားခြင်းကြောင့် စိတ်ထိခိုက်နေသည့် ဖျက်သိမ်းခံ အိမ်ရှိမတစ်ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းရှိ မဂျွယ်ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ် တို့အား ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဆုသော်၊ မဇ္ဈိမ)

၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ ၏ ဒုတိယမြောက် စာအုပ်ဖြစ်သော ‘လမင်းစန္ဒာ အင်းလေးကန်သာ’ စာအုပ်ရောင်းချပွဲကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်မြို့၊ ဆရာစံလမ်းရှိ ရန်ကင်းစင်တာတွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ထိုပွဲသို့ ကိုမြအေး၊ ကိုကိုကြီးနှင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများလည်း လာရောက်ခဲ့ကြသည်။ ကိုဂျင်မီ ပထမစာအုပ်မှာ ‘ဝဲသြဃမှာ တေးသံပြိုင်လို့’ ဖြစ်သည်။

‘လမင်းစန္ဒာ အင်းလေးကန်သာ’ စာအုပ်ရောင်းချပွဲကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့၊ဆရာစံလမ်းရှိ ရန်ကင်းစင်တာတွင်ကျင်းပရာ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးနေသော စာရေးသူ ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ။ (ဓာတ်ပုံ - ဘိုဘို၊မဇ္ဈိမ) ဤစာအုပ်မှာ ကိုဂျင်မီ၏ ဒုတိယမြောက် စာအုပ်ဖြစ်ပြီး ပထမစာအုပ်မှာ ‘ဝဲသြဃမှာ တေးသံပြိုင်လို့’ ဖြစ်သည်။

အမေရိကန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားဒီမိုကရေစ်ီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အမေရိကန် ပြည်ထောင်စုက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ‘ကွန်ဂရက် လွှတ်တော်ရွှေတံဆိပ်ဆု’ ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဝါရှင်တန် လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေး၌ တက်ရောက် လက်ခံရယူမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားဒီမိုကရေစ်ီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အမေရိကန် ပြည်ထောင်စုက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ‘ကွန်ဂရက် လွှတ်တော်ရွှေတံဆိပ်ဆု’ ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဝါရှင်တန် လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေး၌ တက်ရောက် လက်ခံရယူမည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ် ဖြစ်သော ‘ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု’ ကို သွားရောက်လက်ခံရယူမည့် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီက လိုက်ပါပို့ဆောင်သူများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဖို့ဝိန်းမြို့၊ ဆန်ဖရန်စစ္စကိုမြို့များသို့ သွားရောက်၍ အမေရိကန်မှ အဖွဲ့အစည်းများနှင့် တက္ကသိုလ်မျာ၏ ဖိတ်ကြားမှုများကိုလည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၇၂ လေးဒေါင့်ကန်လမ်း ဇ/မြောက်ရပ်ကွက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဌာနချုပ်တွင် စက်တင်ဘာလ ၁၅ ရက်မွန်းလွဲပိုင်းက ဦးမိုးသီးဇွန်နှင့် NNDP ဥက္ကဋ္ဌ ဦးသိန်းညွှန့်တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၇၂ လေးဒေါင့်ကန်လမ်း ဇ/မြောက်ရပ်ကွက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဌာနချုပ်တွင် စက်တင်ဘာလ ၁၅ ရက်မွန်းလွဲပိုင်းက ဦးမိုးသီးဇွန်နှင့် NNDP ဥက္ကဋ္ဌ ဦးသိန်းညွှန့်တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ) ဦးမိုးသီးဇွန်က နိုင်ငံတကာ အကြုံများ မျှဝေပေးသူတစ်ယောက်အဖြစ် ရပ်တည်လိုကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၇၂ လေးဒေါင့်ကန်လမ်း ဇ/မြောက်ရပ်ကွက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဌာနချုပ်တွင် စက်တင်ဘာလ ၁၅ ရက်မွန်းလွဲပိုင်းက ဦးမိုးသီးဇွန်နှင့် NNDP ပါတီဝင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)

မုံရွာမြို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့အား လာရောက်စောင့်ဆိုင်း နေသော မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့အား စက်တင်ဘာလ ၁၄ ရက်ညနေ ၄း၃၀ အချိန် မုံရွာမြို့ အကျဉ်းဦးစီးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးထိမ်းသိမ်း ခံခဲ့ရသည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်သူ ၁၂ ဦး တွင် ၉ ဦးသာလွတ်မြောက်လာပြီး ကျန်ရှိနေသော ၃ ဦး ဖြစ်သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒဖော်ထုတ်သူများထဲမှ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့ သုံးဦးအား ပြန်လည် လွတ်မြောက်လာသည်ကို စက်တင်ဘာလ ၁၄ ရက်၊ ညနေ ၄း၃၀ အချိန်တွင် မုံရွာမြို့ အကျဉ်းဦးစီးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) စက်တင်ဘာလ ၁၀ ရက်က ဖမ်းဆီးထိမ်းသိမ်း ခံခဲ့ရသည့် ၁၂ ဦး အနက်မှ ၉ ဦးသာ လွတ်မြောက်လာပြီး ကျန်ရှိနေသော ၃ ဦး ဖြစ်သည်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့်အဖွဲ့က အကျဉ်းထောင်အတွင်းမှ ကားဖြင့် ခေါ်ဆောင်လာခြင်း
ဖြစ်သည်။

မုံရွာ အမှတ် ၁ ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာသော မစန်းစန်းလှ အား အားပေးစကား ပြောကြားနေသော NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် အား မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်း ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ဝး၂ဝ အချိန်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိလိုသူ အမျိုးသမီး ၁၂ ဦးအား စက်တင်ဘာလ ၁ဝ ရက်နေ့က ဆုတောင်းပြည့်ဘုရားတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြ၍ ဖမ်းဆီးထားဆဲဖြစ်သော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက် တို့သုံးဦး ပြန်လည်လွတ်မြောက်လာမည့်နေ့ကို စောင့်ဆိုင်းနေသော ဝက်မှေးရွာသူ/သားများအား NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့်အတူ မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်း ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) “သတင်းကောင်း ကြားရမည့် အချိန်ကို စောင့်ဆိုင်းပါ” ဟု တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေွးေးခဲ့သည့် လွှတ်တော် အမတ်က ပြောကြားသွားခဲ့ပြီး အချိန် အတိအကျကို ပြောကြားမသွားပေ။

မန္တလေးစိမ်းရောင်စိုအဖွဲ့သားများနှင့် လက်ရှိဖြစ်ပျက်နေသည့် အရေးကိစ္စများနှင့် မြို့မဂါတ်ကျောင်းတွင်းရှိ ဒုက္ခသည်များ အရေးကိစ္စများကို ၈၈ ကျောင်းသားခေါင်းဆောင်ကိုဂျင်မီနှင့် မုံရွာမြို့ ကမ်းနားဆိပ်ကမ်းရှိ ၈၈ ကျောင်းသားတစ်ဦး၏ အိမ်တွင် တွေ့ဆုံဆွေးနွေးကြစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မုံရွာမြို့ ဗိုလ်ချုပ်လမ်းတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားသည်ကို စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက် ၊ မဇ္ဈိမ) မုံရွာမြို့ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်  ယခုလ ၁ဝ ရက်နေ့မှစ၍ လုံခြုံရေးများ တိုးမြှင့်ချထားခဲ့ပြီး ၈၈ ကျောင်းသားများ လာရောက်ဆွေးနွေးပြီးနောက်ပိုင်း လုံခြုံရေးအင်အားကို လျှော့ချပေးမည်ဟု စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ၈၈ ကျောင်းသားများ တွေ့ဆုံညှိနှိုင်းစဉ် ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် စင်္ကပူလက်ရွေးစင်အသင်း ခြေစမ်းပွဲ မကစားမှီ ရင်းနှီးစွာ နှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ(၁၁) ညနေ ၄ နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာအသင်းနှင့် စင်္ကပူအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် စင်္ကပူလက်ရွေးစင်အသင်း ခြေစမ်းပွဲ မကစားမှီ မြန်မာလက်ရွေးစင် ၁၁ ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာအသင်းနှင့် စင်္ကပူအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် စင်္ကပူလက်ရွေးစင်အသင်း ခြေစမ်းပွဲ မကစားမှီ စင်္ကပူလက်ရွေးစင် ၁၁ ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) မြန်မာအသင်းနှင့် စင်္ကပူအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် စင်္ကပူလက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင် ကစားနေကြစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)  မြန်မာအသင်းနှင့် စင်္ကပူအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် စင်္ကပူလက်ရွေးစင်အသင်း ခြေစမ်းပွဲအပြီးတွင် မြန်မာအသင်းနှင့် စင်္ကပူအသင်းတို့အား
နှုတ်ဆက်နေသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ၂၀၁၂၊ စက်တင်ဘာလ (၁၁) ရက် နံနက် (၁၁)နာရီက ပြုလုပ်ကျင်းပရာ နိုင်ငံရေး အကျင်းသားဟောင်း ဦးထွန်းကြည်မှ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) ဦးထွန်းကြည်မှ နိုင်ငံရေး အကျဉ်းသား မိသားစုများအား အလှူငွေ အထောက်အပံ့များ ကူညီပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတိုးကျော်လှိုင်မှ ရှင်းလင်းပြောကြားစဉ်။ ၎င်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ၂၀၁၂၊ စက်တင်ဘာလ (၁၁) ရက် နံနက် (၁၁) နာရီက ပြုလုပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဦးတိုးကျော်လှိုင်မှ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်းကို နိုင်ငံတကာ အကူအညီဖြင့် နိုင်ငံတော်အစိုးရကို သိရှိအောင် လုပ်ဆောင်မည်ဟု မဇ္ဈိမ၏ မေးမြန်းချက် ကိုဖြေကြားသွားခဲ့သည်။

စက်တင်ဘာ ၁၁  သုဝဏ္ဏကွင်းတွင် မြန်မာနှင့် ခြေစမ်းကစားမည့် စင်္ကာပူအသင်း ကြိုတင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) ၎င်းပွဲကို ရန်ကုန်မြို့ ဟိုတယ် ရန်ကုန်တွင် ၂၀၁၂၊ စက်တင်ဘာလ (၁၀)ရက်နေ့  မွန်းလွဲ(၁)နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။ မြန်မာလက်ရွေးစင် အသင်းနည်းပြ ပက်ဆောင်ဟွာ၊ စင်္ကကာပူ လက်ရွေးစင်အသင်းနည်းပြ အေဗာမိုဗစ်တို့မှ ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ-စင်္ကာပူ အသင်းတို့၏ ခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်  မြန်မာလက်ရွေးစင်အသင်းနည်းပြ ပက်ဆောင်ဟွာမှ မြန်မာအသင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) ပက်ဆောင်ဟွာမှ ခြေစမ်းပွဲ ဖြစ်သော်လည်း အစွမ်းကုန် ကြိုးစားကစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

မြန်မာ-စင်္ကာပူ အသင်းတို့၏ ခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် စင်္ကာပူ လက်ရွေးစင်အသင်း နည်းပြ အေဗာမိုဗစ်မှ စင်္ကာပူ အသင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) စင်္ကာပူ လက်ရွေးစင် အသင်းနည်းပြ အေဗာမိုဗစ်မှ မြန်မာတွင် အရည်အချင်းပြည့်ဝသော ကစားသမားများ ရှိသောကြောင့် ကြိုးစားယှဉ်ပြိုင်ရမည့် အသင်းတစ်သင်းဖြစ်ကြောင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင် ရမည်အသင်းနှင့် ခြေစမ်းပွဲ ကစားရခြင်းမှာ ကောင်းမွန်သော ရလဒ်ကောင်းများ ရရှိနိုင်ကြောင်း ပြောကြားသွားခဲ့သည်။

မြန်မာ-စင်္ကာပူ အသင်းတို့၏ ခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် စင်္ကာပူ လက်ရွေးစင်အသင်းခေါင်းဆောင် ခိုင်းဇန် (Khaizan) မှရှင်းလင်းပြောကြားစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) ခိုင်းဇန် (Khaizan) မှ ဆူဇူကီးဖလားပြိုင်ပွဲတွင် မည်သည့်အသင်း ဗိုလ်စွဲ နိုင်သည်ကို ပြောရန်ခက်ခဲကြောင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပွဲများဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ရှေးဟောင်းအမွေနှစ် သတ်မှတ်ထားပြီးဖြစ်သော တရားရုံးများကို ဟိုတယ်၊ ပြတိုက်များအဖြစ် ပုဂ္ဂလိက အသုံးပြုပိုင်ခွင့် လွှဲပေးခြင်းအပေါ် ရှေ့နေများကွန်ယက်မှ သဘောထားရှင်းလင်းခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ် ၄၉လမ်း အမှတ်(၁၀/၁၂) တွင်၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ အချိန်တွင်ပြုလုပ် ကျင်းပစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) တရားရုံးများကို ဟိုတယ်၊ ပြတိုက်များအဖြစ် ပုဂ္ဂလိက အသုံးပြုပိုင်ခွင့် လွှဲပေးခြင်းအပေါ် ကန့်ကွက်ကြောင်း အဓိကထားဆွေးနွေးသွားခဲ့သည်။၎င်း ဆွေးနွေးပွဲသို့ တရားလွှတ်တော်ရှေ့နေများဖြစ်ကြသော ဦးသန်းတင်၊ ဦးအုန်းမောင်၊ ဦးကြီးမြင့်၊ ဦးကိုနီ၊ ဦးတင်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက) နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တရားရုံးများကို ဟိုတယ် ၊ပြတိုက်များအဖြစ် ပုဂ္ဂလိက အသုံးပြုပိုင်ခွင့် လွှဲပေးခြင်းအပေါ် ကန့်ကွက်ကြောင်း အဓိကထားဆွေးနွေးသွားခဲ့သည့်  ရှေ့နေများကွန်ယက် သဘောထားရှင်းလင်းခြင်း အခမ်းအနားမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ကိုနီဥပဒေ) မှ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဦးကိုနီ -ရှေးဟောင်းအမွေနှစ် သတ်မှတ်ထားပြီးဖြစ်သော တရားရုံးများကို ဟိုတယ်၊ ပြတိုက်များအဖြစ် ပုဂ္ဂလိကအား အသုံးပြုခွင့်မပေးရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ထံ မေတ္တာရပ်ခံစာများ ပေးပို့မည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက
တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

 ယူ (၁၂) အောက်မြန်မာပြည် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားနေသော ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းမှ အဖွင့် အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ပြိုင်ပွဲအတွက် ကျပ်သိန်းရှစ်ရာ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယူ (၁၂) အောက်မြန်မာပြည် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ရန်ကုန်မြို့ အောင်ဆန်းဘောလုံကွင်းတွင် ပြုလုပ်ကျင်းပစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်း တို့ တက်ရောက်တတ်ရောက်ခဲ့သည်။

အထက်မြန်မာပြည်နှင့် အောင်မြန်မာပြည်အတွက် ဘောလုံးအလုံး ၅၀၀ စီကို MFF မှလှူဒါန်းနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

MNL ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်ယူနိုက်တက် အသင်းသားများ အောင်ပွဲခံနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) နောက်ဆုံးဗိုလ်လုပွဲကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင်၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက် ညနေ ၄ နာရီတွင် ပြုလုပ်ကျင်းပခဲ့သည်။

MNL ဘောလုံးပြိုင်ပွဲတွင် သြဂုတ်လ၏ အကောင်းဆုံး နည်းပြဆု ရရှိသွားသော ရန်ကုန်ယူနိုက်တက်အသင်း နည်းပြ အိုင်ဗန်ကိုလက်ခ် အား ဆုချီးမြှင့်နေစဉ်။  (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

MNL ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော ကမ္ဘောဇ FC အသင်းအား ဦးဥာဏ်ထွန်းဦး (လျှပ်စစ်၊စက်မှု) မှ ဆုချီးမြှင့် ပေးနေစဉ်။  (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

MNL ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသွားသော ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးပြည့်ဖြိုးတေဇအား မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌ ဦိးဇော်ဇော်မှ ဆုချီးမြှင့်ပေးနေစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) MNL ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ဖြစ်သည့် ရန်ုကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄း၀၀ အချိန်တွင် ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။ ရန်ကုန်ယူနိုက်တက် အသင်းမှ ဧရာဝတီ ယူနိုက်တက် အသင်းအား ၄ - ၀ အနိုင်ရရှိသွားသည်။

MNL ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်ယူနိုက်တက် အသင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ ချန်ပီယံ ဆုဖလားအား ပေးအပ်ချီမြှင့်နေစဉ်။  (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

MNL ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်ယူနိုက်တက် အသင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ ချန်ပီယံ ဆုဖလားအား ပေးအပ်ချီမြှင့်နေစဉ်။  (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်လမ်းမတော်မြို့နယ် ၁ လမ်းနဲ့ ကမ်းနားလမ်းဒေါင့် ပုဂ္ဂလိက ဂတ်စ်ဆိုင် “ချို” တွင် ယနေ့ မွန်းလွဲ ၁ နာရီ ခွဲအချိန်တွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ (ဓါတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ (SMK) အထည်ချုပ်စက်ရုံရှိ အလုပ်သမား တစ်ထောင်ကျော်တို့သည် ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် လစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုပြုလုပ်နေသည်ကို ၂၀၁၂ စက်တင်ဘာလ ၇ ရက် နံနက် ၁၀း၃၀ အချိန်တွင်
တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ (SMK) အထည်ချုပ်စက်ရုံရှိ  အလုပ်သမား တစ်ထောင်ကျော်တို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ပြည်လမ်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် လစာတိုးမြှင့်ပေးရန်အတွက် လာရောက်ဆန္ဒပြ တောင်းဆိုမှုပြုလုပ်နေသော အလုပ်သမတစ်ဦး Action Labor Rights (ALR) မှ ထုပ်ဝေသော အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ လက်ကမ်းစာစောင်အား ဖတ်ရှုနေသည်ကို ၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်  နေ့ကတွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

စီးပွာရေး ပိတ်ဆို့မှုဆိုင်ရာ ကိစ္စရပ်များနှင့် အလုပ်သမားရေးဆိုင်ရာ အလုပ်ရှင် အလုပ်သမားကြား ညှိနှိုင်း
ဆောင်ရွက်ရန် ကိစ္စမျာကိုဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် ၃ နာရီ အချိန်တွင် ပြုလုပ်ကျင်းပစဉ်။(ဓာတ်ပုံ-ရန်နောင်ဘို၊ မဇ္ဈိမ)

မြန်မာနိုင်ငံ၏ ပထမဆုံး The Most Amazing Exhibition& Car Show Room အခမ်း အနားပွဲမှ ဈေးအမြင့်ဆုံးကား ၃ စီးအား ပြသထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) ကာလတန်ဖိုးငွေကျပ်သိန်း ၅၄ဝဝ အမျိုးစားမှာ MAY BACH 2008 ဖြစ်သည်။

မြန်မာနိုင်ငံ၏ မထမဆုံး The Most Amazing Exhibition & Car Show Room အခမ်း အနားပွဲတွင် ဘင်ခရာအဖွဲ့မှ လှည့်လည် ဖျော်ဖြေနေစဉ်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်၂ဝ၁၂ စက်တင်ဘာလာ ၆ရက်နေ နံနက် ၉ နာရီအချိန်တွင် စတင်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

မြန်မာနိုင်ငံ၏ ပထမဆုံး The Most Amazing Exhibition& Car Show Room အခမ်း အနားပွဲမှ ကွန်ဒိုတိုက်ခန်းများ၏ ပုံစံငယ်များ ပြသထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီနှင့် ငြိမ်းချမ်းရေးမစ်ရှင် တွေ့ဆုံဆွေးနွေးပွဲအပြီး အမှတ်တရဓာတ်ပုံရိုက်စဉ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပါ။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးမူးသာ၊ ဦးကိုကိုလေးတို့ဖြင့် ဖွဲ့စည်းထားသည် ငြိမ်းချမ်းရေးမစ်ရှင်နှင့်  ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇနဟိုတယ်တွင် သြဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

တိုင်းရင်းသားဝန်ကြီးများ နိုင်ငံတော်သမ္မတထံ တင်ပြလိုသော အချက်များဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် အမှတ်တရဓာတ်ပုံ ရိုက်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ) ရန်ကုန်မြို့အင်းယားလိတ်(ခ်) ဟိုတယ်တွင်  ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နံနက် ၁၀ နာရီမှ  ညနေ ၄း၃၀ နာရီအထိ ပြုလုပ်ကျင်းပခဲ့သည်။ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အကောင်ထည်ဖော် ပေးစေလိုကြောင်း အဓိကထားပြောကြားသွားခဲ့သည်။

ကော်မရှင် ရွေးချယ်ရေးအပေါ်တွင် ကြေနပ်မှု မရှိသောကြောင့် ဆန္ဒထုတ်ဖော်မှုတခုကို တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်ရှိ ကန်သာယာ ပညာဒါနကျောင်းအနီးတွင် (NLD) ပါတီဝင် ၁၀၀ ခန့်က ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က ဆန္ဒထုတ်ဖော်နေသည်ကို တွေ့မြင်ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရေကြည်ဦးသို့အသွား ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများက  ကြိုဆိုနေသည်ကို စက်တင်ဘာလ ၁ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ-မင်းမင်း၊မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် ရေကြည်ဦးရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးအတွက် ရန်ပုံငွေ ၁၀ သိန်း ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးတွင် ရေဘေးသင့် ပြည်သူများကို နှစ်သိမ့်စကား
ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ-မင်းမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် ဥမ္မာဒန္တီလမ်းရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးအတွက် ရန်ပုံငွေ ၁၀ သိန်း ပေးအပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်မြို့ ရေကြည်ဦးရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို သွားရောက်နှစ်သိမ့်စကားပြောကြားသည်ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ-မင်းမင်း၊ မဇ္ဈိမ)  ဒေါ်အောင်ဆန်းစုကြည်သည် ရေကြည်ဦးရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးအတွက် ရန်ပုံငွေ ၁၀ သိန်း ပေးအပ်ခဲ့သည်။

ပုသိမ်မြို့ ရေဘေးဒုက္ခသည်များအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ပုသိမ်မြို့ ရေကြည်ဦးရပ်ကွက်တွင် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ-မင်းမင်း၊ မဇ္ဈိမ)

နိုင်ငံတော်သမ္မတရုံး ၀န်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ပြည်ပရောက် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ABSDF ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်တို့ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာတွင် စက်တာဘာလ၂ ရက်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ ။ သိင်္ဂီထွန်း၊ မဇ္ဈိမ)

နိုင်ငံတော်သမ္မတရုံး ၀န်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ပြည်ပရောက် ၈၈ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုရင်အေး၊ ABSDF ဥက္ကဋ္ဌ ဒေါက်တာနိုင်အာင်၊ ဒေါက်တာသောင်းထွန်း (NCGUB)၊ Egress မှ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေတို့ကို ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာတွင် စက်တာဘာလ ၂ ရက် ယနေ့ နံနက်ပိုင်း ကတွေ့ရစဉ်။(ဓာတ်ပုံ ။ သိင်္ဂီထွန်း၊ မဇ္ဈိမ)

နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်၊ ၈၈ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ABSDF ဥက္ကဋ္ဌ ဒေါက်တာ နိုင်အောင်တို့ကို ရန်ကုန်မြို့ဗဟန်းမြို့နယ် ၀င်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးတွင် ရုပ်ရှင်၊ ဗီဒီယိုလောကသားများနှင့် စက်တာဘာလ ၂ရက်တွင် တွေ့ဆုံစဉ်။  (ဓာတ်ပုံ ။ သိင်္ဂီထွန်း၊ မဇ္ဈိမ)

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ၂၀၁၂၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေ တွင်ကျင်းပသော ငွေစေတနာဝသန်
တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေပေးကြသည့် အရိုင်း၊ငှက်ပျောကြော်နှင့် သီးလေးသီးအဖွဲ့အား တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

၈၈မျိုးဆက်ကျောင်းသားများဦးစီးကျင်းပသည့် စေတနာဝသန် တေးဂီတဖျော်ဖြေပွဲသို့ လာရောက်အားပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော NLD လွတ်မြောက်နယ်မြေမှ ဦးညိုအုန်းမြင့်တို့ကို MCC ခန်းမအတွင်း ၂၀၁၂၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

စေတနာဝသန် တေးဂီတဖျော်ဖြေပွဲ၏ ဈေးပွဲတော်တွင် ဈေးရောင်ချသူများနှင့် ဈေးဝယ်သူများအား MCC ခန်းမအတွင်း ၂၀၁၂၊ စက်တင်ဘာလ ၁ရက်နေ့ ညနေပိုင်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

ငွေစေတနာဝသန် တေးဂီတဖျော်ဖြေပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ရေးသားသော ၈၈ ငြိမ်းချမ်းရေးတေးသံ အဖွင့်သီချင်းအား  စက်တင်ဘာလ ၁ ရက်နေ့က သီဆိုနေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာမည့် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် အား လာရောက်ကြိုဆိုနေကြသော ပရိသတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက်က တွေ့စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၈း၁၀ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန် က လာရောက်ကြိုကြသူများအား နှုတ်ဆက်စကား ပြောနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) “ကျနော်တို့ အခက်အခဲတွေ အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး၊ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။ ပြန်လည်ရောက်ရှိလာမည့် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် အား လာရောက်ကြိုဆိုနေကြသော ပရိသတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက်က တွေ့စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် (ဘောင်းဘီ အညိုဖြင့်)က လာရာက်ကြိုဆိုကြသူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၈း၀၀ အချိန်က နှုတ်ခွန်းဆက်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၈း၀၀ အချိန်တွင် ပြန်လည်
ရောက်ရှိလာသည့် ၈၈ ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် အား တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်အား ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက်က ရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates