ရဲမင်း | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၉ မိနစ်
“ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ သူ့အနေနဲ့ ကျနော်တို့ကို အသေးစိတ် ရှင်းပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးတဲ့ နောက်ပိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြည်တွင်း မီဒီယာတွေ ကိုသာလျှင် အဓိကထားပြီးတော့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်။ ပြည်ပ မီဒီယာတွေကိုတော့ တွေ့ဆုံမှု လုံးဝ မပြုလုပ် ခဲ့ဘူးဆိုတာကို ရှင်းပြပါတယ်” ဟု ရဲမှူးကြီး ဝင်းနိုင်ထွန်း က သတင်းထောက်များကို ပြောသည်။
၁ နာရီ ၅၅ မိနစ် ကြာမြင့်သည့် ဦးမြင့်ရွှေနှင့် ဦးခင်ညွန့် တွေ့ဆုံမှု မှတ်တမ်း အသံဖိုင်နှင့် ပက်သက်ပြီး ရနိုင်/မရနိုင်ကို ဗီးနပ်စ် စာစောင် သတင်းထောက်က မေးမြန်းရာတွင်မူ အသံဖိုင်အား လိုအပ်လာလျှင် ရှင်းလင်းတင်ပြပေးရန် အစီအစဉ်ရှိကြောင်း ဦးဝင်းမောင်မောင် က ပြန်လည် ဖြေကြားခဲ့သည်။
မေ ၃ဝ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၏ အထက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်တွင် မုံရွာမြို့မှ အထွက် ဒီပဲယင်းမြို့နယ် ကျီရွာ အနီးတွင် ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းအား လက်နက်ကိုင် လူအုပ်ကြီးက ရိုက်နှက်လုပ်ကြံကြခြင်း ဖြစ်သည်။ အဆိုပါလုပ်ကြံမှုကြီးအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူ စာရင်းကို အတိအကျ မသိရသော်လည်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ရသည်ဟု အတိုက်အခံများက ဆိုသည်။
ထို ဒီပဲယင်း အဖြစ်အပျက်နှင့် ပတ်သက်၍ တရားဥပဒေအရ အရေယူဆောင်ရွက်ပေးရန်
ရန်ကုန် (မဇ္ဈိမ) ။ ။ Bangkok Post သတင်းစာပါ ဦးခင်ညွန့် ပြောသည်ဆိုသည့် ဒီပဲယင်းကိစ္စ ရေးသားချက်ကြောင့် တပ်မတော် ဗိုလ်ချုပ်ကြီးများအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်ဟု ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်က ပြောဆိုလိုက်သည်။
“အဲဒါက ကျနော်တို့သွားနေတဲ့ လမ်းကြောင်းမှာလည်း Delay ဖြစ် (နှောင့်နှေး)သွားနိုင်တာ ရှိသလို၊ တပ်မတော်မှာ နားသွားပြီးတဲ့ လူကြီးတွေ၊ လက်ရှိ ရှိနေတဲ့လူကြီးတွေရဲ့ ကြားထဲမှာလည်း ထင်ယောင်ထင်မှား အထင်လွဲစရာတွေပေါ့။ ပြည်သူလူထုကလည်း အထင်လွဲစရာတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟု ရန်ကုန်မြို့ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦးတွင် သတင်းမီဒီယာများအား ပြောဆိုလိုက်သည်။
၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်းအရေးအခင်းတွင် မသမာသူ လူအုပ်က ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းအား ရိုက်နှက် တိုက်ခိုက်စဉ် ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည် အား အသက်ဘေးမှ ကယ်တင်ခဲ့ရကြောင်း “အဲဒီညက သူ့ (ဒေါ်အောင်ဆန်းစုကြည်)ကို လူအုပ်ကြီးထဲကနေ လုထုတ်ဖို့ ကျနော့်လူတွေကို လွှတ်လိုက်ရတယ်။ ပြီးတော့ သူတို့ (ကျနော့်လူတွေ)က နီးစပ်ရာ တပ်စခန်း လုံခြုံစိတ်ချရာကို သူ့ကို ခေါ်လာခဲ့နိုင်တယ်” ဟု ဦးခင်ညွန့်ပြောစကားအဖြစ် ဧပြီလ ၈ ရက် ဘန်ကောက်ပို့စ် တွင် ဖော်ပြပါရှိသည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် ဆောင်းပါးရှင် ဦးမြင့်ရွှေနှင့် ဦးခင်ညွန့် တွေ့ဆုံစဉ် ဒီပဲယင်းကိစ္စနှင့် ပက်သက်သော အကြောင်းအရာ များကို တစုံတရာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ဦးခင်ညွန့်၏ မီဒီယာတွေ့ဆုံမှုများတွင် ဝင်ရောက် ဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ဝင်းမောင်မောင် က ပြည်တွင်းသတင်းထောက်များအား ပြောဆိုခဲ့သည်။
“ဘန်ကောက်ပို့စ် သတင်းထောက်နဲ့ တွေ့ဆုံတယ်ဆိုတာ မဟုတ်ဘူး ဖြစ်ပါတယ်။ တွေ့ဆုံတဲ့ပွဲမှာ ကျနော် ကံအားလျော်စွာပေါ့လေ အစအဆုံးနီးပါး နားထောင်ခွင့် ရတယ်ဆိုတော့ ဒီပဲယင်းကိစ္စကို ဘာမှ ပြောသွားတာ မရှိဘူး” ဟု သူက ပြောသည်။
ဘန်ကောက်ပို့စ်တွင် ဆောင်းပါးရေးခဲ့သူ ဦးမြင့်ရွှေအား သတင်းထောက်တယောက် အနေနှင့် မဟုတ်ဘဲ

လောကဝတ် ပြုသည့်အနေဖြင့်သာ တွေ့ဆုံခွင့်ပေးခဲ့ဖူးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ထွန်း ကလည်း ဘန်ကောက်ပို့စ် ဆောင်းပါးပါ ဦးခင်ညွန့် ပြောကြားချက်နှင့် ပတ်သက်၍ ဦးခင်ညွန့်အား ကိုယ်တိုင်သွားရောက် မေးမြန်းခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ထွန်း ကလည်း ဘန်ကောက်ပို့စ် ဆောင်းပါးပါ ဦးခင်ညွန့် ပြောကြားချက်နှင့် ပတ်သက်၍ ဦးခင်ညွန့်အား ကိုယ်တိုင်သွားရောက် မေးမြန်းခဲ့သည်ဟု ဆိုသည်။
“ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ သူ့အနေနဲ့ ကျနော်တို့ကို အသေးစိတ် ရှင်းပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးတဲ့ နောက်ပိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြည်တွင်း မီဒီယာတွေ ကိုသာလျှင် အဓိကထားပြီးတော့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်။ ပြည်ပ မီဒီယာတွေကိုတော့ တွေ့ဆုံမှု လုံးဝ မပြုလုပ် ခဲ့ဘူးဆိုတာကို ရှင်းပြပါတယ်” ဟု ရဲမှူးကြီး ဝင်းနိုင်ထွန်း က သတင်းထောက်များကို ပြောသည်။
၁ နာရီ ၅၅ မိနစ် ကြာမြင့်သည့် ဦးမြင့်ရွှေနှင့် ဦးခင်ညွန့် တွေ့ဆုံမှု မှတ်တမ်း အသံဖိုင်နှင့် ပက်သက်ပြီး ရနိုင်/မရနိုင်ကို ဗီးနပ်စ် စာစောင် သတင်းထောက်က မေးမြန်းရာတွင်မူ အသံဖိုင်အား လိုအပ်လာလျှင် ရှင်းလင်းတင်ပြပေးရန် အစီအစဉ်ရှိကြောင်း ဦးဝင်းမောင်မောင် က ပြန်လည် ဖြေကြားခဲ့သည်။
မေ ၃ဝ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၏ အထက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်တွင် မုံရွာမြို့မှ အထွက် ဒီပဲယင်းမြို့နယ် ကျီရွာ အနီးတွင် ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းအား လက်နက်ကိုင် လူအုပ်ကြီးက ရိုက်နှက်လုပ်ကြံကြခြင်း ဖြစ်သည်။ အဆိုပါလုပ်ကြံမှုကြီးအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူ စာရင်းကို အတိအကျ မသိရသော်လည်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ရသည်ဟု အတိုက်အခံများက ဆိုသည်။
ထို ဒီပဲယင်း အဖြစ်အပျက်နှင့် ပတ်သက်၍ တရားဥပဒေအရ အရေယူဆောင်ရွက်ပေးရန်
ဒေါ်အောင်ဆန်းစုကြည်မှ တောင်းဆိုခဲ့ဖူးသော်လည်း အာဏာပိုင်များဘက်မှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။