Posts

Showing posts from February, 2012

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ

ချင်းမိုင်(မဇ္စျိမ) ။       ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။ ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ခွင့် ပြုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ တင်ပြခဲ့သည်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။ ယင်းအချက်ကို SNDP ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က မေးမြန်း တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တစုံတရာ ဖြေကြားခြင်း မရှိခဲ့ဟု ဦးစိုင်းမောင်တင်က ပြန်ပြောပြသည်။ “အဲဒါကို ဖြေမသွားဘူးဗျ။ ဘာမှ မပြောဘူး။ အဲဒီမေးထားတဲ့ မေးခွန်းကို ချန်ထားတယ်။ ဖြေတဲ့အထဲမှာ မပါသွားဘူး” ဟု ၎င်းက ပြောသည်။ အမျိုးသား...

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်သည်။ အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိသည်။ တိုင်းရင်းသားအားလုံး စုစည်းပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ ခွဲထုတ် ဆွေးနွေးနေမှုကို ထောက်ပြကာ “အဲလိုတွေလုပ်နေတဲ့ တပြိုင်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့မြင်နေရတော့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးတွေ မဖြစ်မှာကို စိုးရိမ်မိတယ်” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က မဇ္ဈိမကို ပြောသည်။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည် တပ်မတော် SSA တောင်/မြောက် အဖွဲ...

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။ GHRE အဖွဲ့ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်သမားများအား မည်သို့ ကူညီနိုင်မည်ကိုမူ ဆက်လက် လေ့လာသွားရဦးမည်ဟု အန်ထော်နီ အဲရစ်က ပြောသည်။ “သူလုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လို ကူလို့ရမလဲ ဆိုတာ လေ့လာတာပါ။ သူ့ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ရပါ တယ်။ သူလုပ်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားရကျေနပ်ပါတယ်။ ဘယ်လို ကူနိုင်မလဲဆိုတာ သူနဲ့ ပုံမှန် ဆက်သွယ်ထားမှာပေါ့” ဟု အန်ထော်နီ အဲရစ်က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံအတွင်း၌ ပြုပြင်ပြောင်းလဲရေး တချို့လုပ်လာသဖြင့် နိုင်ငံတကာ အစိုးရနှင့် အန်ဂျီအိုများက ပြည်တွင်းသို့ ဝင်ရောက် လုပ်ကိုင်ရန် အာရုံပိုစိုက်လာသဖြင့် ပြည်ပအဖွဲ့များသို့ အကူညီမှုများ လျှော့ချခံရသည်။ လိုအပ်သည့် အကူအညီများကို ရရှိနိုင်ရန...

ခမရ ၃၂၁ အား တရားစွဲဆိုမှု ရုံးချိန်းရွှေ့ဆိုင်း

နယူးဒေလီ (မဇ္ဈိမ) ။        ။ မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား ခြင်းနှင့် ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သုံးရက်တာ ကြားနာအပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ မဆွမ်လွတ်ရွယ်ဂျာ အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းအား တရားစွဲဆိုထားခြင်း ဖြစ်သည်။ အမှုအား ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ စတင်ကြားနာခဲ့သော်လည်း တဖက်မှ ပြင်ဆင်မှု အဆင်သင့် မဖြစ်သေးသည့် အတွက် ဤသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဇောင်းခေါင် ၏ ရှေ့နေ ဦးဇော်ဆမ် က ပြောသည်။ “ဒီအမူနဲ့ ပါတ်သက်ပြီး မလေ့လာသေးလို့ ပြောင်းလိုက်တာလို့ ပြောတယ်။ သူတို့ဘက်က ရှေ့နေတွေ အဆင်သင့် မဖြစ်သေးလို့ ရှေနေရုံးချုပ်က ပြောလိုက်တာပါ။ လျှောက်ထားခံဘက်က ဒီအမူကို သေချာ မစီစစ်ရသေးလို့ ဆိုပြီး ပြောင်းလိုက်တာပါ” ဟု ပြောသည်။ ကြားနာမှု သုံးရက်အတွင်း တဖက်မှ စစ်အရာရှိများ လာရောက်ခဲ့ကြသော်လည်း သတင်းအ...

ကရင်ပြည်နယ် ခနောက်စိမ်းတူး ကုမ္ပဏီအချို့ ရပ်နားထားရ

စံခလပူရီ (မဇ္ဈိမ) ။        ။ အကျိုးအမြတ် တွက်ခြေမကိုက်သဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခနောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ ၃ ခုထက်မနည်း ရပ်နားထားရကြောင်း ကုမ္ပဏီ အသိုင်းအဝိုင်းက ပြောသည်။ ခနောက်စိမ်းဈေး ကျဆင်းခြင်းနှင့် အကောက်အခွန် ပေးဆောင်ရမှု များခြင်းကြောင့် သပြုသတ္ထုမိုင်းအတွင်း တူးဖော်နေသည့် နဝရတ်၊ အောင်မြေ၊ မြပန်း၊ ထူးအောင်မြတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများအနက် ယခုနှစ်တွင် နဝရတ်နှင့် အောင်မြေ ကုမ္ပဏီ နှစ်ခုသာ ဆက်လက်တူးဖော်ကြပြီး ကျန်ကုမ္ပဏီများ ရပ်နားထားရသည်။ “ခဲ (ဒေသအခေါ်) ဈေးက အရမ်းကျနေတယ် ဆိုတော့ တူးခွင့်ရဖို့ ပေးရတာနဲ့ မကိုက်ဘူး။ ကုမ္ပဏီကြီးတွေတော့ ဆက်တူးနိုင်တယ်။ ကျနော်တို့တော့ နားထားရတယ်” ဟု ရပ်နားလိုက်ရသည့် ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။ ဧက ၅၀ ရှိ လုပ်ကွက်တကွက်အတွက် တနှစ်လျှင် ကရင့်အမျိုးသားအစည်းအရုံး KNU သတ္ထုတွင်းဌာနသို့ ထိုင်းဘတ်ငွေ နှစ်သိန်းခွဲ ပေးသွင်းရသည့်အပြင် မြန်မာအစိုးရထံသို့လည်း ပေးသွင်းရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNU ၏ ဒူးပလာယာခရိုင်အတွင်း ပါဝင်ပြီး တာဝန်ကျ KNU တပ်မဟာ ၆ မှ ဗိုလ်ကြီး...

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။ နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ဖြစ်သွားသည့် အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦးကို တာမွေဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်းတွင် လက်တလော ပြောင်းရွှေ့ ထားရှိသည်။ အဆိုပါမီးလောင်မှု အတွက် ဆုံးရှုံးနစ်နာမှု တန်ဖိုးကို အိမ်တလုံး ကျပ် ၅ သိန်း၊ အိမ်တခြမ်း ကျပ် ၁ သိန်း နှုန်းဖြင့် အိမ် ၄ လုံး + အိမ် ၄ ခြမ်းအတွက် စုစုပေါင်း ၂၄ သိန်း ဟု မီးသတ်တပ်ဖွဲ့ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။ အဆိုပါမီးလောင်မှုတွင် သန္ဓေမီးသတ် ၃၀၀ ကျော်၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သုံး၍ မီးသ...

ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ

ချင်းမိုင်(မဇ္စျိမ) ။       ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာမနန်တူးဂျာသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ မိုးကောင်း မြို့နယ်ရှိ မဲဆန္ဒရှင်များကို အင်္ဂါနေ့တွင် သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အမတ်လောင်း မဟုတ်သေးသည့်အတွက် စည်းရုံးရေးခရီးစဉ်အဖြစ် လူထုဟောပြောပွဲ မလုပ်နိုင်သေးကြောင်း ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။ “စည်းရုံးရေးခရီးစဉ် မဟုတ်သေးဘူး။ မိုးကောင်းမြို့နယ်မှာ လုပ်ရမယ့် အလုပ်တွေကို သွားလုပ်တာပဲ ရှိတယ်။ အခုထိ ကော်မရှင်ကတော့ ဘာမှအကြောင်းမကြားသေးဘူး။ နည်းနည်းတော့ စောင့်ရမယ့် သဘောရှိတယ်” ဟု ပြောသည်။ မိုးကောင်းမြို့နယ်ရှိ မရမ်း၊ နမ္မတီးမြို့များတွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံရန်၊  ရုံးခန်းဖွင့်လှစ်ရန် စတင် ကွင်းဆင်းရန် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည...

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင် စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။ ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက်ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။ "၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။ ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။ ဆရာတော်သည် ဗုဒ...

ရန်ကုန်တိုင်း လွှတ်တော် ပြန်လည်စတင်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်စတင် တော့မည်ဖြစ်ရာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အထူးပြု ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ ယခု တတိယအကြိမ် လွှတ်တော်အား ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့အထိ အချိန်ယူ ကျင်းပသွားမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ဘတ်ဂျက်သုံးစွဲမှုအား အပြီးသတ် ဆွေးနွေးမည်ဟု ယူဆနေကြခြင်းဖြစ်သည်။ ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ကန့်ကွက် ပယ်ချခြင်းခံခဲ့ရသော ရန်ကုန်တိုင်းအတွင်း သောက်သုံးရေ ဖူလုံရေးအဆို တင်သွင်းခဲ့သူ သင်္ကန်းကျွန်း (၁) ကိုယ်စားလှယ် ဦးကျော် က ၎င်းအဆိုကို ဆက်လက် မတင်သွင်းတော့ကြောင်း ပြောသည်။ “အခုတော့ ရန်ကုန်ရေပေးဝေရေးကို တမြို့လုံး လုပ်နေပြီဆိုတာ သိရပါတယ်။ ဒီကိစ္စတော့ ထပ်မဆွေးနွေး ဖြစ်တော့ ဘူး။ ဒီနေ့ခေါ်ပြောတဲ့ အစီအစဉ်အရဆိုရင် ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အချိန်စာရင်းပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးပွဲများ အပြီး သုံးလခန့် ရပ်နားခဲ့ ပြ...

တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး

ချင်းမိုင် (မဇ္ဈိမ) ။       ။ တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက်သွားမည့် အခြေအနေတွင် ရှိနေသည်။ တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။ အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ၇၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မရသဖြင့် ၁၅၀ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁၀၀ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်း ဖြစ်သည်။ “သူ့အနေနဲ့လည်း ထပ်တိုးမပေးနိုင်ဘူး။ သူပေးတဲ့ လစာကို ကျေနပ်မှ အလုပ်လာဆင်း၊ မကျေနပ်ရင် မဆင်းနဲ့၊ ဒီလို ပုံ...

အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ပြောဆိုခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် လူထုအနေဖြင့် ပါတီအားထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံးပြောဆိုသွားသည်။ “ကော့မှူးမြို့နယ်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံလောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခုဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောဆိုသည်။ သူက ဆက်၍ “ကော့မှူးမြို့နယ်မှာ ဆိုလို့ရှိရင် ဘွဲ့ရပြီးသား လူငယ်များဟာ အများစုက အခုထက်ထိ အလုပ်အကိုင် မရရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ ဘွဲ့ရလူငယ်တွေ၊ ဘွဲ့မရသေးတဲ့ လူငယ်တွေ၊ လ...

ဗမာလည်း တိုင်းရင်းသားဖြစ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ဒေါ်စု တည်ဆောက်လို

    ရန်ကုန် (မဇ္ဈိမ) ။        ။ ဗမာလူမျိုးများမှာ တိုင်းရင်းသား တမျိုးဖြစ်ပြီး အခြားတိုင်းရင်းသား အားလုံးနှင့် တန်းတူ ညီမျှသည့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောကြား လိုက်သည်။ တရားဝင် နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီ တို့က ပူးပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျမတို့နိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ဟာ စစ်မှန်တဲ့ပြည်ထောင်စုကိုရမှ လွတ်လပ်တဲ့ ပြည်ထောင်စု၊ သာယာတဲ့ ပြည်ထောင်စု ဖြစ်မှာပါ။ ဒီလိုဖြစ်ဖို့ တိုင်းရင်းသားတွေ အားလုံး တန်းတူညီမျှ ရှိရပါမယ်။ ဗမာလည်း တိုင်းရင်းသားပါပဲ။ လူများစု ဖြစ်နေတာပဲပေါ့။ ကျမတို့ ပြည်ထောင...

‘နောက်ကြည့်မှန်’၊ ‘ငယ်ချစ်’ နဲ့ ‘ဒေါင်းအလံ’

(မင်းကိုနိုင်နှင့် အင်တာဗျူး) နယူးဒေလီ (မဇ္ဈိမ) ။         ။ “နေစောင်းရင် ဖေသောင်းတို့ အရေတောင်းပြီ…” ဟု စာငတ်သော ဝရမ်းပြေး ကျောင်းသား ခေါင်းဆောင်နှင့် တောသူမလေး ညို တို့၏ သံယောဇဉ်...။ အရေးတော်ပုံ နောက်ခံကား၊ သပိတ်တပ်သားတို့၏ အောင်ပွဲ…

ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံအတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။ “မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး မြှင့်တင်ရေး သင်တန်းတွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။ ဦးအောင်သူငြိမ်းက ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသည် ဟု ယူဆပြီး၊ အောက်ခြေ အု...

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ်

ချင်းမိုင်(မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသား တပ်မတော်) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အကြိုတွေ့ဆုံဆွေးနွေးပွဲကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေးတို့ကို အကြိုသဘောဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။ “အခြေခံအားဖြင့်တော့ ရှေ့ဆက်ပြီး နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာတွေ ဆွေးနွေးနိုင်ဖို့အတွက် အဓိကထားပြီး အကြိုသဘော ဆွေးနွေးဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။ ယခုဆွေးနွေးပွဲသည် ပဏာမ တွေ့ဆုံခြင်းဖြစ်ပြီး အပစ်ရပ်ရေး အပါအဝင် နိုင်ငံရေးအရ နှ...

တစည ၏ အဓိကပြိုင်ဖက် ကြံ့ခိုင်ရေးနှင့် NLD ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အတွက် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးနှစ်ခုမှာ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်ကြောင်း တစည တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောကြားလိုက်သည်။ သောကြာနေ့ မနက်က ပြုလုပ်သည့် တစည ပါတီ၏ ပြည်ထောင်စုနေ့ အကြို အခမ်းအနားတွင် သတင်းထောက်များ ကို ဦးခင်မောင်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲကတော့ အရင်ရွေးကောက်ပွဲတွေထက် ထူးခြားမှာပါ။ အင်အားကြီး ပါတီက ကျနော်တို့အပြင် NLD လည်း ပါဝင်လာပြီ။ ပြီးတော့ ၂၀၁၀ တုန်းက မတိုးနိုင်ခဲ့တဲ့ ပါတီသေးလေးတွေလည်း ပိုပြီး အင်အားတောင့်တင်းလာတယ်။ ဒီတခါ ပြိုင်ဆိုင်မှုတွေက များလာမယ်။ ပိုပြင်းထန်လာမယ်” ဟု ပြောသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်လောင်း ၉၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောကြောင့် ကြံ့ခိုင်ရေးပါတီ ပြီးပါက ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့ရာတွင် ၆၁ နေရာတွင်သာ ရွေးကောက်ခံခဲ့ရသည်...

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့် ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်သည်။ “အခု ရေပေးဝေမှုအတွက် ကုန်ကျစရိတ်က တဂါလံကို အရင်းတင်ပဲ ၄၇ ပြား ကျတယ်။ ကောက်နေတာက အိမ်သုံးကို ၂၅ ကျပ်၊ လုပ်ငန်းသုံးဆိုရင် ၃၅ ကျပ် ဆိုတော့ အရှုံးပေါ်နေတယ်”ဟု ရှင်းပြသည်။ ၂ဝဝ၅ ခုနှစ် ဇူလိုင်လထိ ရေတဂါလံလျှင် ၃ ပြားနှုန်း ကောက်ခံခဲ့သော်လည်း ထိုနှစ် သြဂုတ်လက စတင်ကာ တဂါလံလျှင် အိမ်သုံး ၂၅ ပြား။ စီးပွါးရေး လုပ်ငန်းသုံး ၃၅ ပြားနှုန်း၊ ဌာနဆိုင်ရာကို ၂၅ ပြားနှုန်း ကောက်ခံခဲ့သည်။ ယခု ဧပြီ ၁ ရက်နေ့မှ စတင်ကာ အိမ်သုံး တဂါလံလျှင် ပြား ၄၀၊ စီးပွါးရေး လုပ်ငန်းသုံး တဂါလံလျှင် ပြား ၅၀ ဖြစ်ကာ ဌာနဆိုင်ရာများကိုမူ ယခင်ဈေးအတိုင်း တဂါလံလျှင်၂၅ ပြားနှုန်း ကောက်ခံ...

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။ လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။ “New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်” ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္ဈိမကို ပြောသည်။...

မကွေးတိုင်း စာပေဟောပြောပွဲ ၇ ပွဲ ပိတ်ပင်ခံရ

ချင်းမိုင် (မဇ္ဈိမ) ။        ။ မကွေးတိုင်းအတွင်း စာပေဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပိတ်ပင်တားဆီးနေကြောင်း ဟောပြောကြမည့် စာရေးဆရာများက မဇ္ဈိမကို ပြောသည်။ ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အထိ တလအတွင်း မကွေးတိုင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပရန်ရှိသည့် စာပေဟောပြောပွဲ ၇ ပွဲလုံးကို ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အထက်အမိန့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့် မပေးခြင်းဟုလည်း စာရေးဆရာများက ပြောသည်။ "ထင်ရတာတော့ တိုင်းဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက သူ့အာဏာ သက်ရောက်တဲ့ ဒေသအတွင်းမှာ ပြည်သူလူထုကို စည်းရုံးသလို၊ လှုံ့ဆော်သလို ဖြစ်မှာစိုးတယ်လို့ ကျနော်ထင်တာပဲ။ သူ အုပ်ချုပ်တဲ့ ဒေသအတွင်းမှာ ဒီပွဲမျိုးတွေ မဖြစ်စေချင်တဲ့ပုံပါ။ အဲဒီလို ခန့်မှန်းပါတယ်" ဟု စာရေးဆရာ မောင်သာချိုက မဇ္ဈိမကို ပြောသည်။ သို့သော် စာရေးဆရာများအနေဖြင့် နိုင်ငံပြန်လည် တည်ဆောက်ရေး၊ လူများ၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များ ပြုပြင်ရန်နှင့် သယံဇာတတွေများ မြတ်နိုးတန်ဖိုးထားရန် နိုင်ငံ၏ ကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန...

နိုင်ငံတကာ လေ့လာသူများအား ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို

(ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးကိုကို နှင့် အင်တာဗျူး) ချင်းမိုင် (မဇ္ဈိမ) ။        ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နို င်ငံတကာမှ စောင့်ကြည့်လေ့လာသူများ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်သည်။

CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်

မဇ္ဈိမသတင်းဌာန ။          ။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင်များထံသို့ ယခုနှစ်ထဲတွင် လာရောက်လည်ပတ်ရန် စီစဉ်နေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။ CIA ညွှန်ကြားရေးမှူး David Petraeus နှင့် အင်္ဂါနေ့က ထိုင်းနိုင်ငံတွင် စကားပြော ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaiku က သတင်းထောက်များအား ပြောကြားရာတွင် David Petraeus သည် ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း The New York Times သတင်းစာက Surapong ၏ စကားကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား အထီးကျန်စေရန် နှစ်ပေါင်းများစွာ ပိတ်ဆို့ ဒဏ်ခတ်ထားရာမှ ယခုအခါ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရရှိလာခဲ့ကာ ယခုခရီးစဉ်သည် အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာသည့် သင်္ကေတ တခုပင် ဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေဖြင့် ရွေးကောက် တင်မြှောက် ထားခြင်း ခံရသည့် မြန်မာအစိုးရသစ်နှင့် စေ့စပ်ဆွေးနွေးလိုသည့် သဘောထားရှိကြောင်းလည်း ထင်ဟပ်နေသည်။ လေ့လာသူ...

ကချင် စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည'

ချင်းမိုင်(မဇ္စျိမ) ။         ။ စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် ဖြစ်သည်။ လူသားချင်းစာနာသောအားဖြင့် ရန်ကုန်ရောက် ကချင်လူမျိုး နာမည်ကြီးအဆိုတော်များက စုစည်းကာ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ပြောသည်။ “ဒုက္ခရောက်နေတဲ့လူတွေကို ကူညီမယ်။ ဘာနိုင်ငံရေးမှ မပါဘူး။ ရသမျှ အကုန်လုံး လှူမှာပါ။ ကျနော်တို့ အစည်းအဝေးလုပ်ပြီး ညှိပြီးတော့မှ ဒီပွဲလေး ဖြစ်လာတာပါ။ လူသားချင်း စာနာတဲ့ သဘောပေါ့ဗျာ။ ကိုယ့်လူမျိုးလည်း ဖြစ်နေတယ် ဆိုတော့ ပိုလုပ် ဖြစ်သွားတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် ကချင်ရိုးရာ အကပဒေသာများလည်း ပါဝင်မည် ဖြစ်သည်။ 'မနောအလှ ဂီတည'တွင် ကချင်တိုင်းရင်းသား အနုပညာရှင်များဖြစ်ကြသည့် နောနော်၊ Lခွန်းရီ၊ K ဂျာနူး၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ ရေဗက္ကာဝင်း၊ Z အဘောက်၊ ဒေါင်လွဏ်း၊ အောင်းလာ၊ အောင်ရာလီ၊ အမ်းနော်၊ ဂျက်ဆန်ထွန်း၊ အာဇေး၊ ကေ...

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား

ရန်ကုန် (မဇ္ဈိမ) ။         ။ မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က  လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။ မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

ချင်းမိုင် (မဇ္ဈိမ) ။          ။ တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။ "အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။ “လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ...

ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို

Image
ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံက ထွက်ရှိနေသော ရုပ်ရှင်နှင့် ဗွီဒီယိုကားများအား တရားမဝင် ခိုးကူး ရောင်းချနေမှုများအား အာဏာပိုင်များအနေဖြင့် စနစ်တကျ ဖမ်းဆီး အရေးယူပေးရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် က တောင်းဆိုလိုက်သည်။ ၂ဝ၁ဝ ခုနှစ်အတွက် ပူပူနွေးနွေး အကယ်ဒမီဆု ရရှိသူ မင်းသားဝေဠုကျော်က အင်္ဂါနေ့က နေပြည်တော်တွင် ပြုလုပ်သော အကယ်ဒမီဆုပေးပွဲအခမ်းအနား၍ အကယ်ဒမီဆုရရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားရာ တွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။ “လမ်းဘေး၌ ခိုးနေကြသော ခိုးကူးခွေများ အားလုံးကိုလည်း စနစ်တကျ ဖမ်းပေးပါလို့ ဒီနေရာကနေ နိုင်ငံတော် အကြီးအကဲများကို မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” ဟု သူက အကယ်ဒမီ ဆုပေးပွဲတွင် ပြောဆိုသွားသည်။ ဝေဠုကျော်သည် ၂ဝ၁၁ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုအတွက် ရွေးချယ်ရာတွင် “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ကားဖြင့် အမျိုးသား ဇာတ်ပို့ဆု ရရှိခဲ့သည်။ ခိုးကူးခွေ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြသခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမည်ဟု ရန်ကုန်တိုင်း ကောင်စီ (တ...

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။ “လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။ NLD အေ...

KNU ခွဲထွက် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် အစိုးရ အပစ်ရပ် လက်မှတ်ထိုး

ချင်းမိုင်(မဇ္စျိမ) ။         ။ ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် အင်္ဂါနေ့က ပဏာမ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အပစ်ရပ်စာချုပ် ဖြစ်လာမည့် သဘောတူညီချက်ကို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သောအဖွဲ့နှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ နေပြည်တော်ရှိ အမရာဟိုတယ်၌ အင်္ဂါနေ့ နံနက် ၉ နာရီမှ မွန်လွဲ ၁ နာရီထိ တွေ့ဆုံဆွေးနွေးအပြီး လက်မှတ်ရေးထိုးခဲ့ရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းလည်း တက်ရောက်သည်ဟု သိရသည်။ “ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြတာ တွေ့ရတယ်။ သူတို့အဖွဲ့က တကယ်တမ်းတော့ အစိုးရနဲ့ တိုက်နေခိုက်နေတဲ့အဖွဲ့ မဟုတ်ပါဘူး။ သူတို့ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အစိုးရဘက်က သဘောတူပေးမယ် ဆိုတဲ့အချက်ကို ပဏာမ သဘောတူလိုက်တယ်”ဟု လက်မှတ်ထိုးပွဲသို့ ရောက်နေသည့် မြန်မာ့စာပေနှင့် စာနယ်ဇင်းအဖွဲ့မ...

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

မဇ္ဈိမသတင်းဌာန ။      ။ နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုသည်။ ရွှေမြွေဟောက် Cobra Gold ၁၂ အား ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က စတင် ပြုလုပ်လျက်ရှိပြီး ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု သည် အာရှ-ပစိဖိတ် ဒေသတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။ ယခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံများမှာ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့ ဖြစ်သည်။ အမေရိကန် ကမ်းတက် တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ စစ်မတိုက်ရသည့် အမှုထမ်းများ အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသည့် လေ့ကျင့်ခန်းများ ပါဝင်သကဲ့သို့ ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲ အခြေအနေမျိုး ဖန်တီးကာ စစ်အမ...

အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား

နယူးဒေလီ (မဇ္ဈိမ) ။        ။ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ နန့်ဖာလုံဈေး အနီးတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်း နှစ်နာရီအချိန်ခန့်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အိန္ဒိယ အာသံရိုင်ဖယ် Assam Rifle တပ်မှ ကင်းလှည့်စစ်ဆေးစဉ် နယ်စပ်ဂိတ်အမှတ် ၂ ၌ မဏိပူရ (ကသဲ) လူမျိုး အချို့က အစစ်အဆေးမခံဘဲ မြန်မာဘက်ခြမ်း နန့်ဖာလုံ ဈေးဂိတ်သို့ ထွက်ပြေးခြင်းကြောင့် Assam Rifle မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း နန့်ဖာလုံဈေး ဒေသခံတဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ကုန်သည်တဦး၏ ကားမှာ ကျည်ဆံများ ထိမှန်ကာ ပျက်ဆီးခဲ့သည်ဟု ဆိုသည်။ “စစ်တပ်က မိုးရေးမြို့ ဂိတ် 2 ဈေး လမ်းပေါ်မှာ၊ မြို့ထဲမှာ ကင်းလှည့်တဲ့အချိန် ကသဲလူမျိုး လေး/ငါးယောက်ကို စစ်ဆေးတာ အစစ်မခံဘဲ ကျနော်တို့ နန့်ဖာလုံဈေးဘက် ထွက်ပြေးလာတာ။ အိန္ဒိယတပ်က နောက်ကနေ လိုက်ပစ်တာ။ ပစ်တဲ့အခါကျတော့ ဒီနန့်ဖာလုံဈေးရောင်းတဲ့ လူတွေရဲ့ ကားတွေ ရပ်ထားတာ ရှိတယ်လေ၊ ထွက်ပြေးလာတဲ့သူတွေက ကွယ်တဲ့အခါကျတော့၊ တဖြောင်းဖြောင်းနဲ့ ဆွဲပစ် ပစ်တာ ထိတဲ့ကားဆို အပေါက် အပေါက်တွေချည်းပဲ။ လူမထိဘူး” ဟု ဒေသခံ ဈေးသည်တ...

ရန်ကုန်လေဆိပ် စစ်ဘက်လုံခြုံရေးအဖွဲ့များ ရုတ်သိမ်းမည်

မဇ္ဈိမသတင်းဌာန ။         ။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် လုံခြုံရေးချထားသည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (တပ်မတော်လေ) နှင့် တပ်မတော်လေ စစ်သည်များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ လေဆိပ်လုံခြုံရေး ပူးတွဲတာဝန်ယူထားသည့် အဖွဲ့ဝင်များအနက်မှ စစ်ဘက်လုံခြုံရေး အဖွဲ့ဝင်များကိုသာ ရုတ်သိမ်းခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ စ၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး အဖွဲ့များကသာ လေဆိပ် လုံခြုံရေးကို တိုက်ရိုက်ထိန်းချုပ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

KIO နှင့် အစိုးရ ဆွေးနွေးပွဲနေရာ ညှိဆဲ

ချင်းမိုင်(မဇ္စျိမ) ။          ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း KIO နှင့် နီးစပ်သူ တဦးက ပြောသည်။ သို့သော် အခက်အခဲများစွာ ဖြေရှင်းရန် ရှိနေသည်။ မူလက တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ပြင်ရှိ KIO တပ်ရင်း ၁၆ နယ်မြေတွင် တွေ့ဆုံရန် ညှိနှိုင်းခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံသဖြင့် မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည့် အချက်တွင် ယခုအထိ သဘောတူညီချက် မရသေးကြောင်း သူက မဇ္စျိမကို ပြောသည်။ တနလာင်္နေ့တွင် အစိုးရဘက်မှ ရှမ်းပြည်နယ် မူဆယ်မြို့တွင် နှစ်ဘက် တွေ့ဆုံရန် အဆိုပြုခဲ့သည်ကိုလည်း KIO ဘက်မှ သဘောမတူသဖြင့် အခက်အခဲများ ဖြစ်နေကြခြင်း ဖြစ်သည်။ ဆွေးနွေးကြရာတွင်လည်း ဇန်နဝါရီလအတွင်းက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်သောအဖွဲ့နှင့် KIO အဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့သော အချက်သုံးချက်အပေါ် မူတည်၍ ဆက်လက် ဆွေးနွေးစရာ များစွာ ရှိနေသေးကြောင်း KIO အရာရှိတဦးက ပြောသည်။ ...

လှိုင်သာယာမီး အိမ် ၃၀၀ ကျော် လောင်ကျွမ်း

ရန်ကုန် (မဇ္ဈိမ) ။        ။ တနင်္လာနေ့ မွန်းတည့် ၁၂ နာရီခန့်က ပေါ့ဆမီးကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။ လှိုင်သာယာ၊ အလယ်စုကျေးရွာတွင် မီးကြွင်းမီးကျန်ကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။ “မီးလောင်တဲ့အချိန်က မွန်းတည့်ချိန်ဆိုတော့ မီးကူးတာ မြန်တယ်။ အိမ်တွေကလည်း ဆင်းရဲသားတွေ များတော့ သိတဲ့အတိုင်းပဲဗျာ” ဟု ပြောသည်။ မီးစတင် လောင်သည့် လက်လုပ်လက်စား ကိုမိုးဇော်၏အိမ် ဖြစ်ပြီး ကိုမိုးဇော် အား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ မီးသင့်အိမ်များမှာ ဓနိမိုး၊ ထရံကာများချည်း ဖြစ်သောကြောင့် ပြာကျသည်အထိ လောင်ကျွမ်းသွားသည်။ မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ လူဦးရေ ၁၅၀၀ ကျော်အတွက် အလယ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားကြောင်း သိရသည်။

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်

ချင်းမိုင် (မဇ္ဈိမ)။        ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။ ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။ "အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။ ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။ ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု ဒေါက်တ...