လှိုင်သာယာမီး အိမ် ၃၀၀ ကျော် လောင်ကျွမ်း



ရန်ကုန် (မဇ္ဈိမ) ။        ။ တနင်္လာနေ့ မွန်းတည့် ၁၂ နာရီခန့်က ပေါ့ဆမီးကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

လှိုင်သာယာ၊ အလယ်စုကျေးရွာတွင် မီးကြွင်းမီးကျန်ကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်တဲ့အချိန်က မွန်းတည့်ချိန်ဆိုတော့ မီးကူးတာ မြန်တယ်။ အိမ်တွေကလည်း ဆင်းရဲသားတွေ များတော့ သိတဲ့အတိုင်းပဲဗျာ” ဟု ပြောသည်။

မီးစတင် လောင်သည့် လက်လုပ်လက်စား ကိုမိုးဇော်၏အိမ် ဖြစ်ပြီး ကိုမိုးဇော် အား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မီးသင့်အိမ်များမှာ ဓနိမိုး၊ ထရံကာများချည်း ဖြစ်သောကြောင့် ပြာကျသည်အထိ လောင်ကျွမ်းသွားသည်။

မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ လူဦးရေ ၁၅၀၀ ကျော်အတွက် အလယ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားကြောင်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး