Tuesday, August 16, 2011

နိဗ္ဗာန်ယာဉ်ဝယ်ဖို့ ရပ်ကွက်ထဲ ငွေကောက်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၉ မိနစ်

အယ်ဒီတာရှင့်

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး နိဗ္ဗာန်ယာဉ်ဝယ်ဖို့အတွက် တရပ်ကွက်ကို ကျပ် ၅ သောင်းစီ ကောက်ခံခိုင်းနေပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခိုင်းနေပြီး ကြံ့ဖွံ့ပါတီက အာဏာပြတာသာ ဖြစ်တဲ့အတွက် ကျမတို့က မကျေနပ် ဖြစ်နေကြတာပါ။ ဘာလို့လဲဆိုတော့ ကြံ့ခိုင်ရေးက ပါတီလေ၊ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုပြီး အုပ်ချုပ်ရေးတွေခန့်ပြီး သူတို့ လူပဲ ခန့်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးသြဇာနဲ့ ဒီလိုပဲ ပြည်သူ လူထုကို ကောက်ခံခိုင်းတာ မကျေနပ်တာပေါ့နော်။

အုပ်ချုပ်ရေးတွေကလည်း ချက်ချင်းနောက်နေ့ စနေနေ့မှာ လိုက်ကောက်တယ်။ ပြည်သူတွေကနေ မပြည့်တော့ ချဲဒိုင်တွေ၊ သူတို့နဲ့ မကင်းတဲ့ လူတွေဆီကနေလိုက်ကောက်တယ်။

အုပ်ချုပ်တဲ့ လူတွေကလည်း ဘာဖြစ်လို့ ပါတီအနေနဲ့ ခိုင်းတာကို ဒီလိုလုပ်ဆိုတာ မသိဘူး။ အဲဒါကြောင့် မကျေနပ်ဘူး။ ကြံ့ခိုင်ရေးက ဗိုလ်ကျတာပဲ ထင်တယ်။ သူတို့သြဇာ အာဏာလည်း မပျောက်သေးဘူး။ အဲဒါကြောင့် အစိုးရတောင်မှ ပြည်သူတင်တဲ့ အစိုးရဖြစ်တယ်လို့ သတ်မှတ်ထားပြီးရင် ရပ်ကွက်ကလည်း ပြည်သူလူထုတင်တဲ့ အုပ်ချုပ်ရေးပဲ ဖြစ်ရမယ်လေ။ ဒီတော့ ပါတီကနေ အုပ်ချုပ်ရေးသမားကို ဘာဖြစ်လို့ ခိုင်းခွင့်ရှိတာလဲဆိုတာ မကျေနပ်လို့ ပြောတာပါရှင့်။

ဒဂုံမြို့သစ် မြောက်ပိုင်းသူ

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates