Thursday, October 14, 2010

တနိုင်း ကေအိုင်အို ဆက်ဆံရေးရုံး ရွှေ့ခိုင်း

ချင်းမိုင်(မဇ္စျိမ) ။      ။နယ်ခြားစောင့်တပ် လက်မခံသော ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)၏ တနိုင်းမြို့ဆက်ဆံရေးရုံးကို ယခုလကုန် နောက်ဆုံးထား၍ လက်ရှိနေရာမှ ရုပ်သိမ်းရန် မြို့နယ်ဥက္ကဋ္ဌက ယနေ့ ထပ်မံညွှန်ကြားလိုက်သည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့ပိုင် မြေကွက်တွင် ၁၆ နှစ်ကြာ ဖွင့်ထားခဲ့သော ကေအိုင်အိုရုံးကို ပိတ်သိမ်းရန် အင်ဂျင်နီယာရုံးက ၈ ရက်နေ့က စာပို့ခဲ့ပြီး မယကရုံးက ထပ်မံ ဖိအားပေးလာသည်။

မည်သည့်နေရာ ပြောင်းရမည် ညွှန်ကြားချက်မရှိဘဲ
Northern-Commemder-Brig-Gen.-Zeyar-Aung
ကေအိုင်အိုရုံး ပြောင်းခိုင်းမှုတွင် မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ဗိုလ်ချုပ် ဇေယျအောင် အမိန့်နှင့်မကင်းဟုပြော
အမြန်ဆုံးပြောင်းရန်သာ ပြောသည်ဟု ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။

တနိုင်းဆက်ဆံရေးရုံး၏ တာဝန်ခံ ဗိုလ်ကြီး ခေါင်လွမ်းနှင့် ဆက်သွယ်မရသေးပေ။

၁၉၉၄ မှစ၍ ကေအိုင်အိုအဖွဲ့နှင့် စစ်အစိုးရ အပစ်ရပ်စဲခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေးအတွက် တရားဝင် ဆက်ဆံရေးရုံးများ ဖွင့်ရန် သဘောတူချက်ဖြင့် ရုံးပေါင်း ၆၇ ခု ဖွင့်ခဲ့သည်။  ရုံးတာဝန်ခံ အရာရှိ တဦးနှင့် ဝန်ထမ်း အနည်းဆုံး ၂ ဦးမှ ၁ဝ ဦးအထက်ထားရှိခဲ့သည်။

သီးခြား အတည်မပြုနိုင်သေးသော်လည်း ကေအိုင်အိုသတင်းအရ ရုံးပြောင်းခိုင်းမှုမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်ချုပ် ဇေယျအောင်အမိန့်ဟု ဆိုသည်။

ကချင်ငြိမ်းအဖွဲ့နှင့် စစ်အစိုးရတို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သဘောတူညီမှုမရဖြစ်နေရာက စစ်တိုင်းမှူးသစ်နှင့် မိတ်ဆက်တွေ့ဆုံခြင်းပင် မလုပ်နိုင်ပဲ ဖြစ်နေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates