Wednesday, December 12, 2007

မြန်မာ့အားကစား အရှေ့တောင်အာရှတွင် ပိုမိုကျဆင်းလာ Print E-mail
ဖတ်သူပေးတဲ့အမှတ်: / 10
ညံ့ကောင်း
သန်းထိုက်ဦး
Tuesday, 11 December 2007 20:23 - မြန်မာစံတော်ချိန်

မြန်မာ့အားကစား အရည်အချင်းသည် အရှေတောင်အာရှ အားကစား လောကတွင် ယခင်နှစ်များထက် ပိုမို ကျဆင်းနေကြောင်း မြန်မာ့အားကစား လေ့လာ သုံးသပ်သူများက ပြောသည်။

ထိုင်းနိုင်ငံ NAKHONRATCHASIMA မြို့တွင် ယခုလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပလာသည့် ၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁ဝ နိုင်ငံအနက် အဆင့် ၇ နေရာတွင် ရောက်ရှိနေကာ ယခင်နှစ်များထက် အားကစား အရည်အချင်း ကျဆင်းသွားသည်ဟု မြန်မာ့အားကစား လေ့လာသုံးသပ်သူများက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

အရင်နှစ်တွေ နှစ်တွေတုန်းမှာ ယှဉ်ပြိုင်တုန်းက မြန်မာအားကစား အဖွဲ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်တော် ကျသွားတယ်။ အရင်တုန်းက ကျနော်တို့က အနည်းဆုံး ရွှေ ၂၅ ခုလောက် ရတယ်။ အခုဆိုရင်ဗျာ မြန်မာရဲ့ အပေါ်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း ၆ နိုင်ငံတောင် အပေါ်ကို ရောက်သွားတယ်ဟု ရန်ကုန်အခြေစိုက် အားကစားဂျာနယ် ထုတ်ဝေသူ တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့အထိ ကျင်းပနေသော အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုသာ ရရှိနေကြောင်း သိရသည်။

လေ့ကျင့်တာတွေကအစ ပိုက်ဆံတွေ သုံးရတာကိုး။ လေ့ကျင့်မယ်၊ တနိုင်ငံလုံးက ထူးချွန်တဲ့လူတွေကို ရှာဖွေခေါ်မယ်၊ ရန်ကုန်မှာ ထားပြီးတော့ စခန်းသွင်းရမယ်၊ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကံတွေ လိုအပ်တယ်။ အဲဒါတွေ အားလုံး ပေါင်းစပ်မှ ဒီ ရွှေတံဆိပ်ဆိုတာ ဆွတ်ခူးနိုင်မှာ။ အဓိကကျတာ အဲဒါပဲဟု အားကစားသတင်း ရေးသားသူတဦးက ပြောသည်။

ရန်ကုန်မြို့ရှိ အားကစား ဝန်ကြီးဌာနမှ လူထု-ပညာဌာနခွဲရုံးသို့ ဆက်သွယ်၍ လက်ရှိပြိုင်ပွဲ အခြေအနေကို အသေးစိတ် မေးမြန်းကြည့်ရာတွင် တာဝန်ရှိသူ အမျိုးသမီးတဦးက အခုလောလောဆယ်တော့ ရွှေတံဆိပ် ၃ ခုရတယ်ဟုသာ ဖြေကြားခဲ့ပြီး အခြား အချက်အလက်များကိုမူ ဖြေကြားခြင်း မရှိခဲ့ပါ။

ယခု အားကစားပြိုင်ပွဲသို့ မြန်မာ အားကစားသမား ၅ဝ၉ ဦး သွားရောက် ယှဉ်ပြိုင်သူထဲ၌ သေနတ်ပစ်သမားက ရွှေတံဆိပ် ၂ ခုနှင့် ဝူးရှူးပြိုင်ပွဲက ရွှေ တခု ရရှိထားကာ၊ ငွေနှင့် ကြေးဆုတံဆိပ် ၃၄ ခု ရရှိထားကြောင်း သိရသည်။

ယခုလ ၂ ရက်နေ့က အရှေ့တောာင်အာရှ အမျိုးသားဘောလုံး ယူ ၂၃ တွင် ထိုင်းနှင့် မြန်မာအသင်းတို့က ယှဉ်ပြိုင်ကြရာတွင် မြန်မာက ၂ ဂိုး - ၃ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates