Monday, February 4, 2013

သုံးစွဲထားသော ချေးငွေများ ၀န်ကြီးဌာနများမှ ပြန်လည်ဆပ်မည်

စောဇင်ညီ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

သုံးစွဲထားသော နိုင်ငံတကာမှ ချေးငွေများအား ၀န်ကြီးဌာနများမှ ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း
နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောသည်။

“ကျွန်တော်တို့ ၁၉၈၈ မတိုင်မီ အကြွေးတွေကိုဘဲ အကြွေးလို့ သတ်မှတ်မှာပါ။ ဘာလို့လည်းဆိုတော့ အကြွေးသက်တမ်းကုန်သွားလို့ ဖြစ်ပါတယ်။” ပာု ပြောသည်။

အဆိုပါ ချေးငွေအား ၀န်ကြီးဌာန အသီးသီးမှ လိုအပ်သော နေရာများတွင် အသုံးချခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဆိုသည်။

အဆိုပါ ငွေကြေးများသည် ၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူထားသော အကြွေး များဖြစ်ကာ ပြည်ပ အဖွဲ့အစည်းများဖြစ်သော ကမ္ဘာဘဏ်, ADB, PARIS CLUB တို့ကို ဆပ်ရန် ကြွေးမြီ သန်း ၉၆၀၀ ကျော်ရှိပြီး ၈၈ ခုနှစ် နောက်ပိုင်း အကြွေးများကို တရုတ်နိုင်ငံမှ အများဆုံး ချေးယူထားသဖြင့် လတ်တလော အကြွေးဟု သတ်မှတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ရှင်းပြခဲ့သည်။

၎င်းက “ကျွန်တော်တို့ ၈၈ နောက်ပိုင်းမှာ ယူထားတဲ့ ကြွေးမြီ က ဒေါ်လာသန်း ၃၆၅၆ ကျော် ရှိပါတယ်။ တရုတ်က အများဆုံးချေးထားပါတယ် ” ဟုပြောသည်။

တရုတ်နိုင်ငံမှ ချေးယူငွေမှာ ၃၃၁၉.၀၃ သန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကြွေးရှင်နိုင်ငံ ၁၁နိုင်ငံ ပါဝင်သည့်
ပြင်သစ် အခြေစိုက် ပဲရစ်ကလပ် သည်တင်ရှိနေသော ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို လျှော်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်များ အရ သိရသည်။

မြန်မာနိုင်ငံကို ကြွေးမြီ လျှော်ပေးသည့် နိုင်ငံများတွင် နော်ဝေနိုင်ငံမှ ၁၀၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ ၆၀ ရာခိုင်နှုန်းတို့ဖြစ်ပြီး ကျန် ၉ နိုင်ငံမှလည်း ကြွေးမြီများ လျှော်ပေးရန် ပြောဆိုထားကြကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

ယခု ပေးဆပ်ရမည့် အကြွေးများသည် လွတ်လပ်ရေးရရှိစဉ် အချိန်မှ စ၍ တင်ကျန်နေသော အကြွေးများ
ဖြစ်ပြီး ထိုအကြွေး သက်တမ်းမှာ ၆၅ နှစ် ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို က ဖေဖော်ဝါရီလ ၂ ရက်နေ့ က UMFCCI တွင် မဇ္ဖိုမသို့ ပြောကြားခဲ့သည်။

“လွပ်လပ်ရေးရစဉ် အချိန်က တင်တဲ့ အကြွေးတွေဖြစ်ပါတယ်။တော်လှန်ရေးကောင်စီရဲ့ လမ်းစဉ်ပါတီ စနစ်မှာ အများဆုံးအသုံးပြုခဲ့ ပါတယ်။ ” ပာု ၎င်းက ပြောခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates