Thursday, October 18, 2012

ဂျိုးဖြူပိုက်လိုင်းအတွက် ရေတွန်းစက်များ တည်ဆောက်

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း အတွင်း ဂျိုးဖြူရေ ပေးဝေရာတွင် ရေပိုက်ဖျားပိုင်း မြို့နယ်များအတွက် ထပ်ဆင့်ရေတွန်းစက်ရုံ ၁၃ ခုကို တိုးချဲ့တည်ဆောက်ပြီးဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြောဆိုသည်။

“ဂျိုးဖြူရေ ပေးဝေတဲ့အခါမှာ ရေပိုက်အရင်းပိုင်းနဲ့ အလယ်ပိုင်းကျတဲ့ မြို့နယ်တွေက ရေကောင်းကောင်း ရပေမယ့် ရေပိုက်အဖျားပိုင်းကျတဲ့ မြို့နယ်တွေကျ ရေသိပ်မရကြဘူး။ ဒါကြောင့် ရေတွန်းစက်ရုံတွေ တိုးချဲ့ခဲ့ရတာပါ” ဟု စည်/ပင်ကော်မတီ တာဝန်ရှိသူ တဦးကပြောသည်။

ရေပိုက်အဖျားပိုင်း ကျနေသည့် သင်္ဃန်းကျွန်းတွင် ထပ်ဆင့်ရေတွန်းစက်ရုံ ၆ ရုံ၊ မင်္ဂလာတောင်ညွှန့်နှင့် ဗဟန်း
မြို့နယ် တို့တွင် စက်ရုံ ၁ ရုံစီ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၃ ရုံနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၂ ရုံ စုစုပေါင်း ထပ်ဆင့် ရေတွန်းစက်ရုံ ၁၃ ရုံကို တည်ဆောက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် အဆိုပါ မြို့နယ်များတွင် ယခင်ကထက် ရေအား ပိုမိုကောင်းမွန်စွာ ရရှိလာမည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates