Wednesday, July 18, 2012

ဂရပ်ဖစ်ဒီဇိုင်းပြပွဲ


ခေတ်သစ် မြန်မာနိုင်ငံအတွက် ဖန်တီးမှုရှိပြီး ပိုင်းခြားဝေဖန်နိုင်စွမ်းရှိသော ဂျာနယ်များ ထုတ်လုပ် ဖန်တီးခြင်းအတွက် ဤပြပွဲ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံခေတ်ပြိုင် ဂရပ်ဖစ်ဒီဇိုင်းများကို ပြသရန်နှင့် အမြင်ဆိုင်ရာ ဒီဇိုင်း ပညာ၏ စွမ်းအားကို ဆွေးနွေးဖလှယ်ရန်ဖြစ်သည်။



ခွန်အားရှိသော ဂရပ်ဖစ်ဒီဇိုင်းတရပ်သည် သတင်းစကားပါးနိုင်ရုံ၊ အယူအဆ အတွေးအမြင်များကို
ဖော်ပြနိုင်ရုံသာမက စာသားဖြင့်ဖော်ပြသကဲ့သို့ပင် ဖန်တီးမှုရှိသော ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသော တွေးခေါ်မှုကို နှိုးဆွကျယ်ပြန့်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။

ကူးပြောင်းရေး ဖြစ်စဉ်ကြီးအတွင်း အလျင်အမြန် ပြောင်းလဲနေသော လူ့အဖွဲ့အစည်း၌  လူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသော ပညာရှင်များ၏ လုပ်ငန်းတာဝန်မှာ အလွန်များမြောင်ကြီးမားလှသည်။

အဆိုပါ များမြောင်လှသော လုပ်ငန်းတာဝန်များအနက် အသွင်ကူးပြောင်းရေး ကာလအတွင်း သူတို့၏ အရေးကြီးလှသော တာဝန်တရပ်မှာ လူမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ပြည်သူ လူထုအကြား သတင်းစကားတို့ကို အပြန်အလှန် ထိထိရောက်ရောက် ဖလှယ်ပေးနိုင်ရေးပင် ဖြစ်သည်။ ဤလုပ်ငန်းတာဝန်၌ ဂရပ်ဖစ်ဒီ ဇိုင်းသမားတို့၏ လုပ်ငန်းမှာ အခရာကျလှသည်။


မကြာသေးခင် ကာလအတွင်း မဂ္ဂဇင်း၊ဂျာနယ်အသစ်များ မြန်မာနိုင်ငံတွင် ပေါ်ထွန်း လာကြသည်။ လူထုအကြား လူမှုရေးရာကိစ္စများ ဆွေးနွေးဖလှယ်မှုနှင့် သတင်းစကား ဖလှယ်ရာတွင် ထုတ်ဝေမှုလုပ်ငန်းသည် မရှိမဖြစ် နည်းလမ်းဖြစ်မြဲဖြစ်နေ သေးသည်။

ယခုပြပွဲသည် မြန်မာ့ဂရပ်ဖစ် ဒီဇိုင်နာများ၏ အပြီးသတ်လက်ရာများကို ပြသမည်မဟုတ်ဘဲ သူတို့လေ့ကျင့် ရေးဆွဲထားသည်များကို သာပြသမည်ဖြစ်သည်။ မြန်မာ့ခေတ်သစ် ထုတ်ဝေမှုလုပ်ငန်း ပေါ်ထွန်းလာရေးအတွက် လုပ်ငန်း တာဝန်တရပ်အဖြစ် ပြသခြင်းလည်းဖြစ်သည်။
လာရောက် ကြည့်ရှုသူများအနေဖြင့် အနာဂါတ်ဒီဇိုင်နာများ၏ ပရောဂျက်များနှင့် သူတို့၏ဒီဇိုင်းများမှ တဆင့် ပိုင်းခြားဝေဖန်တွေးခေါ်မှု ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းမှုများကို တွေ့မြင်ရမည်ဖြစ်သည်။

ယခုပြပွဲကို မဇ္ဈိမသတင်းဌာန http://www.mizzima.com၊ Arts Network Asia နှင့် Studio Square တို့က ပူးပေါင်းတင်ဆက် ပြသခြင်းဖြစ်သည်။ အနုပညာဆရာများအဖြစ် Fumio Tachibana, Moon Jung Jang, Bart Haensel and Keiko Sei တို့က ဆောင်ရွက်မည်ဖြစ်သည်။

ယခုအစီအစဉ်သည် မဇ္ဈိမသတင်းဌာန မြန်မာနိုင်ငံရုံးဖွင့်လှစ်ခြင်း အစီအစဉ်များထဲမှ အစီအစဉ် တရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း စွမ်းရည်မြှင့်တင်ခြင်းနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပေါ် ထားရှိသောသူတို့၏ သံန္နိဌာန်ကို ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ ယခုပြပွဲကို စီစဉ်သူများက ပြည်တွင်း ဂရပ်ဖစ်ဒီဇိုင်နာ ဆရာကြီးများဖြစ်သော အော်ပီကျယ်၊ မြင့်မောင်ကျော်၊ စိုးဝင်းငြိမ်း၊ ဇော်မောင်နှင့် ရန်ကုန်သတင်းစာ သင်တန်းကျောင်း (YJS) တို့ကို သူတို့ပေးအပ်ခဲ့သော ထောက်ပံ့ကူညီ ခဲ့မှုများအတွက် ကျေးဇူးတင် ရှိပါသည်။

                                      ပါဝင်ပြသမည့် ဒီဇိုင်နာများ

အော်ပီကျယ်၊ အောင်ဖြိုးထွန်း၊ ကျော်ခိုင်၊ လိုင်လွန်း၊ မင်းဦး၊ မိုးသဲမိုး၊ မြတ်မင်းခန့်၊ နိုင်လင်း၊ ဖေသစ်တည်၊ ဆလိုင်းစွမ်ပီး၊ ထိုင်မင်း၊ The Quest, ZZdd

                   ပြပွဲပြုလုပ်မည့်နေရာ။ စတူဒီယိုစကွဲ www.studiosquaregallery.com
               F 36/14 ပထမထပ် ပုလဲကွန်ဒို (အေ)၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးလမ်းထောင့်။

                                          ဆက်သွယ်ရန်
                          တယ်လီဖုံး။ ၅၅၇ ၄၄၈ (လိုင်းခွဲ - ၈၆၅)
                          မိုဘိုင်း။ ၀၉၅၀၁၉၃၆၆၊ ၀၉၅၀၁၉၆၃၀

                            နေ့ရက်။ ၂၀၁၂ ဂျူလိုင် ၂၀ မှ ၂၂
                         အချိန်။ မနက် ၁၀ နာရီမှ ညနေ ၄ နာရီ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates