Monday, June 13, 2011

စည်ပင်တဲ့ စည်ပင်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၀ မိနစ်

အယ်ဒီတာခင်ဗျား …

ရန်ကုန် မြို့တော်စည်ပင် မြေ/ယာဌာနကို မြေဂရံ အမည်ပြောင်းဖို့ ဒီမနက် သွားခဲ့ပါရဲ့။ ရစ်လိုက်ပုံများ လွန်ပါရောလား။

လက်မှတ်နှစ်ခု နည်းနည်းလွဲတာကို အချိန်ယူပြီးကို ရစ်တာပါ။ လက်မှတ်ဆိုတာ တခါနဲ့ တခါ တထေရာထဲ၊ တထပ်ထဲ ဘယ်တူနိုင်ပါ့မလဲဗျာ။ အနည်းနဲ့ အများ ကွဲလွဲတတ်ပါတယ်။ ကျနော်တို့မှာ တရားရုံးအမိန့်လည်း ပါပါတယ်။ အဲဒါ အမိန့်စာရွက်ကို ဖင်တပြန်၊ ခေါင်းတပြန် ကြည့်ပြီး ဟိုလိုဖြင့် ရေးမထားဘူး၊ ဒီလိုဖြင့် ရေးမထားဘူး၊ တရားရုံး စာနံပါတ်က ဒီစာရွက်မှာ ဘာလို့ မပါတာလဲ စသဖြင့် ရစ်လိုက်ပုံများ လွန်ပါရော။ တရားရုံးအမိန့်ပဲ၊ နိုင်ငံသားတိုင်း လိုက်နာရမှာပေါ့ဗျာ။

ကျနော်နဲ့ ကျနော့်ရှေ့နေဆို စည်ပင်အရာရှိ စားပွဲရှေ့မှာ တနာရီလောက်ကို မတ်တတ်ရပ်ခဲ့ရတယ်။ ကျနော့် ရှေ့နေလည်း တော်တော်စိတ်ဆိုးတယ်။ နောက်ဆုံးမှာတော့ ရှေ့နေရဲ့ အသိတယောက် ဝင်ညှိပေးကာမှ အဆင်ပြေသွားတော့တယ် ကျပ်တသိန်းခွဲ ပေးရတာပေါ့လေ။ သူတို့ချင်းကျတော့ ရယ်လို့မောလို့။ ခုနတုန်းက ဆူပုတ်နေတာ သူမဟုတ်တဲ့အတိုင်း။ စည်ပင်အရာရှိ ဆက်ဆံပုံများ ပြောပါတယ်။

ကျေးဇူးတင်စွာဖြင့်

ရန်ကုန်သားလေး
(၁၃ ဇွန်၊ ၂ဝ၁၁)
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates