Monday, June 20, 2011

မူလတန်း ကျောင်းအပ်ခ အမှန်က

စန္ဒီမေ | တနင်္လာနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မူလတန်းမှာ ကျောင်းအပ်ခ ပေးစရာမလိုဘဲ အခမဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရက မေလ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောပေမယ့် အင်းစိန်ရွာမ အနောက်ရပ်ကွက်ရှိ အမက ၁၆ က ကောက်ခံနေတုန်းပါ။

လာဘ်စားမှု အဆိုးဆုံး ၁၉ ကျောင်း စာရင်းကို တိုင်းအစိုးရက ထုတ်ပြောခဲ့သလို၊ ၂ဝ၁၁-၁၂ စာသင်နှစ်ကစလို့ ကျောင်းအပ်ခနဲ့ အထွေထွေကြေးတွေကိုပါ သတ်မှတ်ပေးခဲ့တာပါ။ သတ်မှတ်ချက်ထက် ပိုကောက်ရင် တိုင်ကြားဖို့အတွက် ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေ ထားပေးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

‘‘အင်းစိန်မှာ နေပါတယ်။ မိသားစု ၅ ယောက် ရှိတယ်။ ကျောင်းနေအရွယ် ကလေးက နှစ်ယောက်ရှိတယ်။
နောက်တယောက်က အကြီးဆုံးဆိုတော့ အငယ်တွေကို ကျောင်းထားဖို့ သူအလုပ်လုပ်ရမယ်ဆိုပြီး ၄ တန်းကတည်းက ကျောင်းထွက်လိုက်တယ်။


တယောက်က ဒီနှစ်မှ သူငယ်တန်းတက်တာ။ နောက်တယောက်ကတော့ ၄ တန်း ရောက်ပြီ။ ကျောင်းစရိတ် မကုန်ဘူးလို့ မထင်ပါနဲ့။ ကျနော်လည်း ပထမတော့ ဂျာနယ်တွေဘာတွေမှာ ပါနေတဲ့ အခြေခံ မူလတန်း ပညာရေးက အခမဲ့ဆိုတော့ ဝမ်းသာသွားတယ်။ ဒီနှစ်တော့ အကြွေးမတင်တော့ဘူးဆိုပြီး၊ သွားလည်း အပ်ကရော ပထမတရက်က ပြန်လာရတယ်။ ဘာလို့လဲဆိုတော့ သူငယ်တန်းကို ၄၂ဝဝ (ကျပ်) နဲ့ သားအလတ်ကောင် ၄ တန်းကျောင်းသားက ၄၄ဝဝ (ကျပ်) ကျတယ်။

တောင်းခံတာတွေကို စာနဲ့ရေးပြီး ကျနော် မှတ်ထားပါတယ်။ တိုင်းအစိုးရက လာဘ်ယူရင် တိုင်ကြားဖို့တော့ ပြောနေတယ်။ ဆိုတော့ ကျနော်လည်း သက်ဆိုင်ရာကို တိုင်မလို့ပဲ။ ဒါပေမဲ့ ကျနော့်မိန်းမက မလုပ်ပါနဲ့၊ လူတိုင်းလည်း ပေးနေတာပဲ၊ တိုင်လည်း ဘာမှထူးမှာ မဟုတ်ပါဘူးတဲ့။ ကလေးက ကျောင်းမှာ ဆရာမတွေရဲ့ မျက်မုန်းကျိုးတာတွေ ခံရလိမ့်မယ်ဆိုလို့ ကျနော် မတိုင်ဖြစ်တာပါ။ လုံးဝတော့ မကျေနပ်ဘူး။ ဘယ်ကျောင်းလည်းဆိုရင် အမက ၁၆ အင်းစိန်ရွာမ အနောက်ရပ်ကွက်ပါ။

တချို့မိဘတွေက ကျောင်းက မတောင်းဘဲတောင် ပေးချင်နေတာ။ သူတို့သားသမီးကို ဂရုစိုက် မျက်နှာသာပေးအောင်လို့။ ဒါပေမဲ့ ကျနော်တို့လို လက်လုပ်လက်စားတွေ ကျတော့ ပြောတော့
ပြောချင်တယ်။ မပြောရဲဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်က အခုလို ပြောခွင့်ရမယ့်၊
 ပြောလို့ရမယ့် နေရာမှာ ပြောရတာပါ။

အင်းစိန် ရွာမအနောက်ရပ်ကွက်မှာရှိတဲ့ အမက ၁၆ မူလတန်းကျောင်းကို ပေးသွင်းရတဲ့ တီးတိုးငွေက သူငယ်တန်း ၄၂ဝဝ ကျပ်၊ ပထမတန်း ၄၃ဝဝ ကျပ်၊ ဒုတိယတန်း ၄၁ဝဝ ကျပ်၊ တတိယတန်း ၄၄ဝဝ ကျပ်၊ စတုတ္ထတန်း ၄၄ဝဝ ကျပ်ပါ။

တောင်းခံငွေစာရင်း အသေးစိတ်ကတော့ ပုံစံ (က) ၃ဝဝ ကျပ်၊ ပုံစံ (ခ) ၂ဝဝ ကျပ်၊ ခဲဖျက်တခု ၅ဝ ကျပ်၊ ခဲတံ ၆ ချောင်း ၄ဝဝ ကျပ်၊ ဗလာစာအုပ်တဒါဇင် ၂၁ဝဝ ကျပ်၊ ခွင့်ကတ် ၁ဝဝ ကျပ်၊ CPR ကတ် ၁၅ဝ ကျပ်ပါ။ CPR ဆိုတာက ကျောင်းတွင်းလုပ်ငန်း လှုပ်ရှားမှုတွေကို ဆိုလိုတာပါ။ ကျောင်းသန့်ရှင်းရေး၊ ဆရာမကြို စတဲ့ အကြောင်းအရာတွေကို အကဲဖြတ်ပြီး အမှတ်ပေးဖော်ပြတဲ့ ကတ်ပါ။

နောက်ထပ်က MRC ၁ဝဝ ကျပ် ၊ တံဆိပ် ၂ဝဝ ကျပ်၊ ချွန်စက် ၂ဝဝ ကျပ်၊ ထုတ်ဖော်ဝန်ခံချက် ၁၅ဝ ကျပ်၊ အကဲဖြတ်မှတ်တမ်း ၁၅ဝ ကျပ်၊ ကျောင်းသားကတ် ၅ဝဝ ကျပ်၊ ဗလာစာအုပ် တဒါဇင်၊ ခဲတံတဒါဇင် အပြင်ကနေ ဝယ်ယူတဲ့ ကျောင်းသားတွေကို အပိုကြေး ကျပ် ၂၅ဝဝ။ ဒါကို ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်
ဖတာင်းခံတာပါဗျာ’’

ကျောင်းလခ၊ စာအုပ်ဖိုးနှင့် အထွေထွေကြေး (တရားဝင်)
စဉ် အတန်း ကျောင်းလခ မိဘဆရာအသင်း
+စာကြည့်တိုက်
စာအုပ်ဖိုး
သူငယ်တန်း မရှိ မရှိ ၂၃ဝ
ပထမတန်း မရှိ မရှိ ၃ဝဝ
ဒုတိယတန်း မရှိ မရှိ ၃၇ဝ
တတိယတန်း မရှိ မရှိ ၅၂ဝ
စတုတ္ထတန်း မရှိ မရှိ ၆၃ဝ
ပဉ္စမတန်း ၄ဝဝ ၁၀၀၀ ၉၄၀
ဆဌမတန်း ၆၀၀ ၁၀၀၀ ၈၈၀
သတ္တမတန်း ၇၀၀ ၁၀၀၀ ၁၀၃၀
အဌမတန်း ၈၀၀ ၁၀၀၀ ၁၁၇၀
၁ဝ နဝမတန်း ၉၀၀ ၁၀၀၀ ၁၁၅ဝ Bio၊ ၁၆၅ဝ Eco
၁ဝ ဒဿမတန်း ၁၀၀၀ ၁၀၀၀ ၂၁ဝဝ Bio၊ ၂၁၄ဝ Eco

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates