Saturday 22 September 2007

စစ်တွေသား ၂ ဦးကို အာဏာပိုင်များက ပြန်လွတ်ပေး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၂၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပထမအကြိမ်မြောက် စစ်တွေ သံဃာတော်များ ဆန္ဒပြသည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခံရသူ အရပ်သား ၂ ဦးကို ယမန်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

သံဃာ့ တပ်ပေါင်းစုကြီးမှ ပတ္တနိကုဇ္ဇန ကံဆောင်ရန် သတ်မှတ်ခဲ့သည့် ယခုလ ၁၈ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ မြို့ကြီး အချို့ ဆန္ဒပြရာ၌ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း သံဃာတော်များမှ ဆန္ဒပြရာ သောက်ရေသန့် ဗူးများ ကပ်လှူခဲ့သူများထဲမှ စံပြရပ်ကွက်နေ ကိုမင်းမင်းနှင့် ကိုမင်းအောင်တို့ကို စစ်တွေ အကျဉ်းထောင်မှ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက် ဆန္ဒပြရာတွင် သံဃာတော် အပါး ၃ဝဝဝ ခန့်သည် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို ၄ နာရီခန့် ဝင်သိမ်းခဲ့ပြီးနောက်၊ ဖမ်းဆီးခံ ၂ ဦးကို လွှတ်ပေးရန် တောင်းဆိုရာ ဒေသ အာဏာပိုင်များမှ ၃ ရက်အတွင်း ပြန်လွှတ်ပေးမည်ဟု ကတိပေးရာမှ ယခုလို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

ပေးထားသည့် ကတိအတိုင်း ပြန်လွတ်လာသဖြင့် စစ်တွေ သံဃာထုသည် ယနေ့တွင် ဆန္ဒပြပွဲကို ရပ်နားထားကြောင်း သိရသည်။

ဒေသခံတဦးက “ပြောထားတဲ့အတိုင်း လွှတ်လိုက်ပြီလေ။ မနေ့ညနေ ၄ နာရီလောက်ကတည်းက။ အခုလို လွှတ်ပေးလိုက်လို့လည်း သံဃာတော်တွေဘက်က ဒီကနေ့မှာတော့ ဆန္ဒပြပွဲ မလုပ်ဘူးလို့ ပြောနေကြပါတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့က သံဃာထုမှ ပထမဦးဆုံး ဆန္ဒပြရာတွင် အာဏာပိုင်များဘက်က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲခဲ့သောကြောင့် သံဃာ အနည်းငယ် ဒဏ်ရာများရခဲ့သည်။

မိုးဆက်တိုက်ရွာ၍ ရန်ကုန်မြို့ ရေလွှမ်း

မဇ္ဈိမသတင်းဌာန
စက်တင်ဘာ ၂၂ ရက်၊ ၂ဝဝ၇ ခုနှစ်

မိုးသုံးရက်ဆက် ရွာခြင်း၏ နောက်ဆက်တွဲ အဖြစ် ရန်ကုန်မြို့တွင်း ရေများ လွှမ်းလျက် ရှိပါသည်။

အထူးသဖြင့် ယနေ့ နေ့လည်ပိုင်းလောက်တွင် ပိုမို များပြားလာသည့် မိုးများကြောင့် ရန်ကုန် ကမ်းနားလမ်း
(ဘုန်းကြီးလမ်း) ၊ ဓမ္မစေတီလမ်း၊ (ဝင်ဒါမီယာ ဈေးအနီး ) ဦးဝိစာရလမ်း (ဘလေဇွန်အရှေ့)၊ ဆူးလေဘုရား ( တောင်ပိုင်း) မဟာဗန္ဓုလလမ်း ( ဝန်ကြီးများရုံး) တာမွေပလာဇာ၊ သိမ်ဖြူလမ်း (ကန်တော်လေး) တို့တွင် သုံးပေခန့်အထိ ရေများဝပ်လျက် ကားငယ်များပင် မောင်း၍မရနိုင်ပါ။

ထို့ပြင် ဝေဇယန္တာလမ်း၊ တောင်ဥက� လာ စာတိုက်၊ မြောက်ဥက� လာ (သုနန္ဒာ )၊ သမိုင်းလမ်းဆုံ တို့တွင်လည်း ရေများ မြုပ်လျက်ရှိပြီး ကားများ က်နိုး၍ မရတော့ဘဲ လမ်းများပေါ်တွင် ကားများ ရပ်တန့်လျက် ရှိပါသည်။

မုန်တိုင်း မြန်မာနိုင်ငံတွင်းသို့ ယမန်နေ့မှ စတင် ဝင်ရောက်လျက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ကြေညာပါသည်။ မုန်တိုင်း ဦးတည်ရာသည် ဘင်္ဂလားဒေရှ် နိုင်ငံသို့ ဦးတည်လျက် ရှိပြီး မြန်မာနိုင်ငံသည်လည်း ပင်လယ်နှင့် နီးကပ်ခြင်းနှင့် မုန်တိုင်း အဖျားခတ်သည့် အရှိန်ဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းတခုလုံး မိုးများစွာ ရွာသွန်းလျက် ရှိပါသည်။

မိုးသည်ဆွေလျက် သုံးရက်မြောက်အဖြစ် ဆက်လက် ရွာသွန်းလျက် ရှိရာ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်နှင့် ချင်းတွင်းမြစ်ရေများသည် စိုးရိမ်ရေအမှတ် အထက် ၂၁. ၉. ၀၇ (နေ့လည်) မတိုင်မီ ရောက်ရှိမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ဆန္ဒပြ သံဃာတော်များကို ဒေါ်စု မျက်ရည်ဖြင့် ဖူးမျှော်

ဆန္ဒပြ သံဃာတော်များကို ဒေါ်စု မျက်ရည်ဖြင့် ဖူးမျှော်

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ

ရန်ကုန် မန္တလေး မုံရွာ ရေနံချောင်းနှင့် တောင်တွင်းကြီးတွင် ဆန္ဒထပ်ပြပြန်ပြီ


စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

6:15 PM
ဆူးလေဘုရားတွင် ဆန္ဒပြ သံဃာတော်များ အားလုံးက မေတ္တာတရား ရှေ့ထား၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ကြရေးသည် သူတို့ အားလုံး၏ ဆန္ဒ ဖြစ်သည်ဟု သဘောတူညီချက် ရခဲ့ကြသည်။

5:50 PM
ဆူးလေ ဘုရားပေါ်တွင် သံဃာတော် ၁၅ ပါးစီ အဖွဲ့များဖွဲ့ကာ မည်သို့ ဆက်လုပ်သွားသင့်သည်ကို ဆက်လက် ဆွေးနွေး ခဲ့ကြသည်။ ဘုရား အရောက်တွင် လူအင်အား ၅ ထောင်ကျော် ရှိခဲ့ပြီး “လက်ခုတ်သံတွေက ဟိန်းနေတာပဲ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ထို့နောက် လူစုခွဲလိုက်ကာ ယနေ့ ဆန္ဒပြပွဲ အဆုံးသတ်လိုက်သည်။

5:20 PM
ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုးဖူးမျှော်ခဲ့သည်။

ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။

“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။

“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် မျက်ရည်ကျခဲ့ပြီး သူလည်း မျက်ရည် ကျခဲ့ရကြောင်း သံဃာတော် တပါးက ပြန်လည် ပြောပြသည်။

4:05 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လိုက်လံ အားပေးနေသော လူစုကြီးသည် ဒေါ်အောင်ဆန်း စုကြည် နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

3:55 PM
ရန်ကုန် ဆန္ဒပြသံဃာတော်များနှင့် လိုက်လံအားပေးနေသော လူထုကြီး လှည်းတန်းမှာ ရောက်ရှိနေသည်။

ရန်ကုန်ဆန္ဒပြပွဲ

မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။

ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ

ရန်ကုန် မန္တလေး ရေနံချောင်းနှင့် တောင်တွင်းကြီးတွင် ဆန္ဒထပ်ပြပြန်ပြီ


စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

5:20 PM
ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။

“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

4:05 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လိုက်လံ အားပေးနေသော လူစုကြီးသည် ဒေါ်အောင်ဆန်း စုကြည် နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

3:55 PM
ရန်ကုန် ဆန္ဒပြသံဃာတော်များနှင့် လိုက်လံအားပေးနေသော လူထုကြီး လှည်းတန်းမှာ ရောက်ရှိနေသည်။

ရန်ကုန်ဆန္ဒပြပွဲ

မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ

ရန်ကုန် မန္တလေး နှင့် တောင်တွင်းကြီးတွင် ဆန္ဒထပ်ပြပြန်ပြီ

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

ရန်ကုန်ဆန္ဒပြပွဲ

မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။

ရန်ကုန်မှာ ရေကြီး

ရန်ကုန် မုံရွာ မိုးကုတ် ရွှေဘို ပခုက္ကူနှင့် ဒိုက်ဦးတွင် သံဃာတော်များ ဆန္ဒပြနေပြီ

ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

6:15 PM
ရန်ကုန်မြို့ ယနေ့ သံဃာတော်များ ဆန္ဒပြပွဲနှင့် ပတ်သက်၍

ယနေ့ နေ့လည် ၁၂ နာရီခန့်က တာမွေ မြို့နယ်ဘက်မှ သံဃာတော်များ လမ်းလျှောက် ဆန္ဒပြရာတွင် ရန်ကုန် မြို့တော်ခန်းမ ရှေ့တွင် မေတ္တာသုတ် ရွတ်ဖတ်ပြီးနောက် ပြန်လည် ထွက်ခွါလာပုံကို မျက်မြင် တွေ့ရှိသူ ဒေသခံတဦးက ယခုလို ပြောဆိုသည်။

သံဃာ အင်အားကတော့ ၂ဝဝဝ လောက် ရှိတယ်။ လူထုကတော့ သောင်းဂဏန်းမှာ ရှိတယ်။ မိုးတွေရွာနေတာ သည်းကြီးမဲကြီးပဲ။

“မြို့တော်ခမ်းမ ရှေ့မှာ မေတ္တာသုတ် ရွတ်ပြီးတော့ ၁ဝ မိနစ်လောက် နားပြီး မဟာဗန္ဓုလ လမ်းအတိုင်းလျှောက်လာပြီး ဗိုလ်တထောင် ဘုရားမှာ မေတ္တာသုတ် ရွတ်တယ်။ ဗိုလ်တထောင် ၄၆ ကနေပြီးတော့ သာကေတ ကုန်းတံတားကနေ မင်္ဂလာဈေး၊ မင်္ဂလာတောင်ညွှန့်၊ မင်္ဂလာဈေး လမ်းတလျှောက် ဆက်လျှောက်နေတာ သံဃာ အင်အားကတော့ ၂ဝဝဝ လောက် ရှိတယ်။ လူထုကတော့ သောင်းဂဏန်းမှာ ရှိတယ်။ မိုးတွေရွာနေတာ သည်းကြီးမဲကြီးပဲ။

လမ်းမတလျှောက်က ရုံးတွေတော့ တံခါးတွေ ပိတ်ထားတယ်။ ရုံးတော့ ဖွင့်တယ်။ ဝန်ထမ်းတွေထွက် အားမပေးရအောင် ပိတ်ထားတာ ထင်တယ်။ မြို့တော်ခန်းမမှာလည်း ရုံးတခါးတွေ ပိတ်ထားတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေက အပေါက် သေးသေးလေးတွေကနေ လက်တွေထုတ်ပြီး အားပေးကြတယ်။ ယူနီဖောင်းတွေနဲ့ စောင့်နေတာမျိုးတော့ မတွေ့မိဘူး။

လာတုန်းလည်း တာမွေဘက်ကနေ၊ ၁၂ နာရီလောက်ကနေ ထွက်လာကြတာ။ အခု ပြန်နေတာပေါ့။ တာမွေဘက်ကိုပဲ ပြန်နေတာပေါ့။ လူထုကလည်း လက်ခုပ်သြဘာ ပေးကြတယ်၊ တလမ်းလုံးပါပဲ။

5:20 PM
ရန်ကုန်ဆန္ဒပြသူများ လူစုခွဲလိုက်ပြီးဖြစ်သည်။

4:45 PM
ဆန္ဒပြ သံဃာတော်များ ဆူးလေဘုရားမှသည် မဟာဗန္ဓုလ လမ်းအတိုင်း ဆက်လက် ချီတက် သွားကြသည်။ မဟာဗန္ဓုလ လမ်းပေါ်တွင် ရေကြီးနေသည်။

3:45 PM
သံဃာတော် အပါး ၁ဝဝဝ ကျော်သည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။

3:15 PM
"မနက် ကိုးနာရီလောက်က စပြီး ဘုန်းကြီးတွေ စုရပ်စီကို သွားနေကြပါတယ်။ စုရပ်ကတော့ ဗဟန်း ဘုန်းကြီးကျောင်းများ အစု၊ အလုံနဲ့ ကြည့်မြင်တိုင်တို့ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေက ဘုန်းကြီးတွေကပါ အလုံနဲ့ ဗဟန်းကို လာနေပါတယ်။ ဘတ်စကားတစီး ဆိုက်လိုက်တိုင်း ထီးကိုင်ထားပြီး သပိတ်မပါဘဲ ခရီးသွားပုံစံ ဘုန်းကြီးတွေ ဖြစ်ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကျောင်းရောက်မှ ဆွမ်းဘုန်းပေးပြီး နေ့လယ်နဲ့ ညနေကို ဆက်လက် ချီတက်ကြမယ် ဖြစ်ပါတယ်။" ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။

သို့သော်လည်း မိုးကြောင့် သံဃာတော်များ အခက်အခဲ ကြုံတွေ့နေရသည်ဟု မျက်မြင်များက ပြောသည်။

3:10 PM
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ရန်ကုန်မြို့တွင် ဖြစ်ပွားနေ၍ ရွှေတိဂုံဘုရား စုရပ်သို့ သွားရောက်နေသည့် သံဃာတော် အစုအဖွဲ့ လေးများ ခရီးမတွင်နိုင်ဘဲ ရှိနေကြသည်။

2:50 PM
ရန်ကုန်မြို့လယ်ခေါင်တွင် လုံထိန်းနှင့် ကြံ့ဖွံ့ အင်အားဖြည့်

ရန်ကုန်မြို့တော်ခန်းမ၊ ဆူးလေပန်းခြံနှင့် အနီးတဝိုက်တွင် အဓိကရုဏ်း နှိမ်နင်းရေးရဲ (လုံထိန်း) များနှင့် စွမ်းအားရှင် ၅ဝ ကျော်ကို ယမန်နေ့ ညနေ ၅ နာရီခန့် ကတည်းက အင်အား ထပ်ဖြည့်လိုက်သည်။

2:10 PM
ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်

ကြည့်မြင်တိုင်၊ အလုံနှင့် စမ်းချောင်း မြို့နယ်များရှိ အာရုံဆွမ်းလောင်း အသင်းများကို ယမန်နေ့မှ စတင်၍ သုံးပတ်အတွင်း အာရုံဆွမ်း လောင်းလှုခြင်း မပြုရန် ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရဝတ) မှ လိုက်လံ တားဆီးလျှက် ရှိသည်။

သံဃာအပါး ၂ဝဝ ရန်ကုန်မှာ ဆန္ဒပြ ချီတက်နေပြီ

မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီ၊ ၄၅ မိနစ်

ရန်ကုန်မြို့တွင် ဆန္ဒပြ သံဃာတော် အပါး ၂ဝဝ ခန့်သည် မြောက်ဥက္ကလာ မယ်လမု ဘုရားဘက်မှ ကမ္ဘာအေး ဘုရားလမ်းပေါ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

“ပရိတ်ရွတ်တယ်၊ သာ့သနာအလံ ထောင်ထားတယ်၊ နှစ်ပါးတန်း သုံးပါးတန်းတွေပါပဲ။ ရွှေတိဂုံ ဘုရားပေါ် တက်ရင် နှစ်ပါးတန်းပေါ့။ လမ်းလျှောက်လာရင်တော့ အများဆုံး သုံးပါးပဲ။ အခု လမ်းပေါ်မှာပဲ၊ ကမ္ဘာအေး ဘုရားရှေ့ပေါ့၊ မရမ်းကုန်းဘက် ပေါ့နော်။” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

မြန်မာစံတော်ချိန် ၁ဝး ၃ဝ ခန့်တွင် ဆန္ဒပြသံဃာများ မြောက်ဥက္ကလာပမြို့နယ် မယ်လမု ဘုရားတွင် စုရုံး ရောက်ရှိခဲ့ကြသည်။

“မိုးက အရမ်းကို ရွာနေတာဗျ။ အခုလည်း အသားကုန် ရွာနေတာပဲ။ လိုက်တဲ့ သူကတော့ နည်းနည်းတော့ နည်းသေးတာပေါ့နော်။ ရွှေတိဂုံဘုရား ရောက်ရင်တော့ နည်းနည်း များသွားမှာ။ မနေ့ကဆိုရင် ရွှေတိဂုံ ဘုရားကနေ ဆူးလေကို တက်တာကိုး။ ညနေပိုင်းမှာ ပွဲက ကောင်းသွားတာကိုး။ ဒီအချိန်လောက်က စတာကိုး။ အခုမှ အစပဲ ရှိသေးတယ်။ ရွှေတိဂုံ ဘုရားကို လာကြမယ်၊ လာပြီးတော့ ဆုံကြမယ်၊ မနေ့က ထောင်ချီ ရှိခဲ့တယ်။ ဒါမျိုးပေါ့။ ဆူးလေကျတော့ ထောင်နဲ့ ချီ ဖြစ်သွားတာကိုး။ လူတွေက နောက်က အများကြီး လိုက်ပါသွားတာပေါ့။ ညနေပိုင်းကျတော့ မိုးတိတ်ရင် ပိုပြီးတော့ ကောင်းတာပေါ့။ အခုမှ စတာကိုး။” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

6:30 PM
ပခုက္ကူမှာလည်း သံဃာတော် ၁ဝဝဝ ကျော် ဆန္ဒပြပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် ယနေ့ နေ့လည်ပိုင်းက သံဃာထု အပါး ၁ဝဝဝ ကျော်သည် စုပေါင်း ချီတက်ကာ မြို့အနောက်ပိုင်းရှိ သီဟိုဋ်ရှင် စေတီသို့ သွားရောက် ဖူးမျှော်ကြောင်းနှင့် လမ်းတလျှောက်တွင်လည်း ယခင်ကဲ့သို့ပင် ပရိတ်ရွတ်၊ မေတ္တာသုတ် ရွတ်ဖတ်ကြကြောင်း သံဃာတော် တပါး၏ အဆိုအရ သိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီမှာ စကြတယ်။ ဒီနေ့က ကျောင်းတိုက်ကြီး ၄ တိုက်တင် မကဘူး၊ တိုက်အသေးလေးတွေပါ ပါတယ်။ တမြို့လုံးကို ဖြစ်သွားတာ။ အင်အားက တထောင်ကျော် ရှိတယ်။ ထုံးစံအတိုင်း သီဟိုဋ်ရှင် ဘုရားကို သွားကြတာပါပဲ။ မေတ္တာသုတ် ရွတ်တာပေါ့နော်။ ညနေ ၄ နာရီခွဲလောက်မှာ အကုန်ပြီးတယ်။ ဒီနေ့ထူးခြားတာက လူတွေက သံဃာတွေနောက်က အတန်းလိုက်ကြီး ခြေကျင်လျှောက် လိုက်လာကြတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။

နအဖ အစိုးရရော၊ မြန်မာပြည်သူတွေရော ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်ဖို့ပဲ။ အဆင်ပြေဖို့ပဲလေ။ ပြဿနာကို တက်အောင် လုပ်နေတာ မဟုတ်ဘူး။ ပြဿနာကို ပြေလည်အောင် ဦးပဉ္ဇင်းတို့ အခု လုပ်နေရတာပါ။ အဲဒါကြောင့် ဦးပဉ္ဇင်းတို့က နိုင်ငံတကာ အဆင့်မီအောင်၊ ဒီနေ့ဆို လူတွေလည်း အေးအေးဆေးဆေးပဲ။ ဆန္ဒကို ဖော်ပြတဲ့ သဘောပဲ ပြတယ်။ အေးအေးဆေးဆေးပဲ ပြဿနာ မတက်အောင်လို့ပေါ့နော်။ ဦးပဉ္ဇင်း ပြောင်းချင်တာပေါ့လေ။ သူလည်း မနာ၊ ကိုယ်လည်း မနာပေါ့လေ။ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာတွေလေ၊ လူသတ်ချင်တဲ့သူတွေ မဟုတ်ဘူးလေ”

4:30 PM
မိုးကုတ် သံဃာတော်များ ဆန္ဒပြပွဲ အခြေအနေ

ဖောင်တော်ဦး ဘုရားကနေ စထွက်တာပေါ့နော်။ နေ့လည် ၁နာရီခွဲ လောက်ပေါ့နော်။ ဖောင်တော်ဦး ဘုရားမှာ ရှိတဲ့ ပဏိရာတနာ ခန်းမကနေ စထွက်တာ သံဃာတော် အပါး ၂ဝဝလောက် ရှိတယ်။ ပြည်သူတွေကတော့ အများကြီး ပါသွားတယ်။ ၂ဝဝ လောက် ပါသွားတယ်။ သူတို့ ပြောတာကတော့ မိုးကုတ်ထာပွဲကို တစ်ပတ်ပတ်ပြီးတော့ ချမ်းသာကြီး ဘုရားပေါ်မှာ အပြီးသတ်မယ်လို့ ပြောကြတယ်။ သူတို့ လျှောက်မဲ့ ခရီးကတော့ ဝေးတယ်လို့ ပြောရမှာပေါ့နော်။ ဖောင်တော်ဦးနဲ့ ချမ်းသာကြီး ဘုရားကတော့ ဒီလောက် မဝေးပါဘူး။ ဒါပေမဲ့ သူတို့က မိုးကုတ်က ကျောက်တွေ ရောင်းတဲ့ ကျောက်အရောင်းအဝယ် လုပ်တဲ့ နေရာကို စုရပ်ပေါ့နော်။ ထာပွဲကွင်းကို တစ်ပတ် ပတ်အုန်းမယ် ဆိုတော့ လူတွေရော တဖြည်းဖြည်းနဲ့ များလာတယ်။ လုံခြုံရေးတွေကတော့ လုံးဝမရှိပါဘူး။ ဒီနေ့တော့ လုံးဝမတွေ့ဘူး။ ခါတိုင်းနေ့ဆိုရင် တစ်ယောက် နှစ်ယောက် တွေ့တယ်။ သူတို့ ပြောထားတာက ချမ်းသာကြီး ဘုရားမှာ အဆုံးသတ်မယ်လို့ ပြောတော့ ၄ နာရီ လောက်မှာ ပြီးမယ်လို့ ပြောတယ်။

4:05 PM
ဒိုက်ဦးက သံဃာတော်များလည်း ဆန္ဒပြ ပူးပေါင်းပြီ

ပဲခူးတိုင်း ဒိုက်ဦး မြို့နယ်တွင်လည်း သံဃာတော် အပါး ၂ဝဝ ခန့်က စစ်အစိုးရကို ယနေ့ စတင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

မေတ္တာသုတ်ရွတ်ဆို လမ်းလျောက် ဆန္ဒြ့ပသူ သံဃာတော်များသည် မေဓါဝီ ကျောင်းလမ်းမှသည် မြို့ထဲဝင်ကာ မယကရုံး၊ ရဲစခန်းတို့ ရှေ့မှသည် မြို့အပြင် ကားလမ်းသွားပြီးနောက် တောင်ဘက် ဘေလီတံတား အထိ သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် အောင်ချမ်းသာလမ်း၊ ဘူတာလမ်းမှ ပြန်ခဲ့ကြသည်။

“နောက်ကလူတွေကတော့ စထွက်ကတည်းက လူတွေကတော့ လေး-ငါးရာလောက် ပါတာပေါ့နော်၊ နောက်ဆုံးတော့ ဘေးကကြည့်တဲ့ လူတွေလည်း တအားပဲပေါ့။ သံဃာတော်ကြီး တပါးဆိုရင် အသက် ၇ဝ-၈ဝ နီးပါးလောက် ရှိပြီပေါ့။ သူ့ကျောင်းရှေ့ကနေ ထွက်ပြီးတော့ ငိုကြီးချက်မနဲ့ မျက်ရည်တွေ ကျပြီးတော့ ဒါအစောကြီးက လုပ်သင့်တာပေါ့နော် အခုမှ လုပ်ကြရလား ဆိုပြီးတော့ သူလဲ တော်တော်ပဲ မချိမဆန့်နဲ့ မျက်ရည်တွေ ကျတာပေါ့ အဲဒီ ဆရာတော်ကြီး တပါးက။” ဟု ဒိုက်ဦးမြို့မှ မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောသည်။

မြို့တွင် လုံခြုံရေးများ ထူးထူးကဲကဲ ချထားခြင်းမရှိဘဲ အရပ်ဝတ် ရဲများကိုသာ ချထားခဲ့သည်။

2:00 PM
မုံရွာမှာ သံဃာတော်တွေ အင်တိုက်အားတိုက် ဆန္ဒပြပြန်

သံဃာတော် အနည်းဆုံး ၁၅ဝဝ ခန့်သည် ယနေ့တွင်လည်း မုံရွာမြို့တွင် လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ကြပြန်သည်။

ဇောတိက၊ ရန်ကင်း၊ ချောင်းဦး ကျောင်းတိုက်များမှ နေ့လည် ၁၂ နာရီမှ စတင်ကာ မြို့လယ် ဘုရားများဖြစ်သည့် ရွှေစည်းခုံနှင့် ဆုတောင်းပြည့် ဘုရားများသို့ သွားရောက်ကာ ဘုရားဝတ်ပြုခြင်းနှင့် လမ်းတလျှောက် ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်နေပြီ ဖြစ်သည်။

ထပ်မံ ပူးပေါင်းလာနေသော သံဃာတော်များလည်း ရှိနေသေးသည်။

“လယ်တီရယ်၊ ရန်ကင်းရယ် ဒီကျောင်းတိုက်တွေက သပ်သပ် ထွက်တယ်ရှင့်။ ကျန်တဲ့ ကျောင်းတိုက်တွေက ဘုန်းစိုး၊ မဏိရတနာပုံတို့က ဇောတိက နောက်ကနေ လိုက်တယ်။ ဥက္ကံတောရ ကျောင်းတိုက်နဲ့ မဟာလယ်တီ ကျောင်းတိုက်တွေကတော့ လှည့်နေတုန်းရှင့်။” ဟု မုံရွာမြို့ခံ အမျိုးသမီး တဦးက မဇ္ဈိမသို့ ပြောပြသည်။

“မုံရွာတောင်ဘက်က ချောင်းဦးဘက်က သံဃာတော်တွေကလည်း ကားတွေနဲ့ ဝင်လာတယ်။ သာသနာ့ အလံတွေနဲ့” ဟု သူမက ထပ်ပြောသည်။

----------------------------------------------------

နိုင်ငံတဝှမ်း သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်နေသည့် မြို့ကြီးများပြမြေပုံ

ညီလာခံ ထောက်ခံ ကြိုဆိုပွဲများ အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်း

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၂၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ စစ်အစိုးရက အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံပွဲများကို မြစ်ကြီးနား၊ ပဲခူး၊ မူဆယ် မြို့များတွင် ယခုလ ၂၇ ရက်နေ့၌ ကျင်းပပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ကျင်းပမည့်ရက်ကို ယခုအခါ အကန့်အသတ်မရှိ ပြန်ရွှေ့လိုက်ပြီ ဖြစ်သည်။

အဆိုပါ မြို့ကြီး ၃ မြို့တွင် ညီလာခံ ကြိုဆို ထောက်ခံပွဲ ကျင်းပရန်နေ့ အဖြစ် မူလက ယခုလ ၁၅ ရက်နေ့ကို ရက်သတ်မှတ် ခဲ့သော်လည်း ယခုလ ၂၇ ရက်နေ့သို့ တဖန် ပြောင်းရွှေ့လိုက်ကာ ယခုတခါ ထပ်မံ၍ ရက်ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။

“ထောက်ခံပွဲက ရက်ရွှေ့လိုက်ပြီ။ ဘယ်တော့ ပြန်လုပ်မယ် ဆိုတာ မသိသေးဘူး” ဟု ထောက်ခံပွဲ တက်ရန်အတွက် ဖိတ်ကြားခြင်း ခံရသည့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂွမ်မော်က အတည်ပြု ပြောဆိုသည်။

ယခုလို ညီလာခံ ထောက်ခံပွဲ ကျင်းပမည့် ရက်ကို မည်သည့် အကြောင်းကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း အာဏာပိုင်များမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း နိုင်ငံအဝှမ်း ဖြစ်နေပေါ်နေသည့် သံဃာတော်များ၏ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြစ်ကြီးနား မြို့ခံ တဦးကလည်း ပြောသည်။

“ဘုန်းကြီးတွေက ဆန္ဒပြနေတယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖျက်လိုက်တာလို့ ပြောနေကြတာပဲ။ နေပြည်တော် အမိန့်နဲ့ ဖျက်လိုက်တာတဲ့။ မြို့နယ် ကောင်စီရုံးက ရပ်ကွက်ရုံးတိုင်းကို ဖုန်းဆက်ပြီး ပြောတယ်တဲ့။ ရပ်ကွက်ထဲတော့ လိုက်မပြောသေးဘူး” ဟု သူက ပြောသည်။

ပဲခူးတိုင်း ပဲခူးမြို့ ဘောလုံးကွင်းတွင် ကျင်းပရန် စီစဉ်ထားသော ညီလာခံ ထောက်ခံပွဲကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည် ကျင်းပမည့် ရက်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း နောက်လ ၂ ရက်နေ့သို့ ရွှေ့ပြောင်း သတ်မှတ်လိုက်သည်ဟုလည်း ကြားသိရကြောင်း ပဲခူးမြို့ခံ တဦးက ပြောသည်။

“အခုအချိန်ထိတော့ ဘယ်ရက်ကို ရွှေ့လိုက်တယ်ဆိုတာ မသိရသေးဘူး။ အကြမ်းဖျင်းတော့ နောက်လ ၂ ရက်နေ့လို့ ပြောတယ်။ ၂ ရက်နေ့ဆိုတာလည်း မသေချာလောက်ဘူး။ ကျနော်သိရသလောက် လက်ရှိ အနေအထားအရ မအောင်မြင်နိုင်လို့ ရွှေ့လိုက်တာ” ဟု သူက ပြောဆိုသည်။

ပဲခူးမြို့တွင် ဝန်ထမ်းများကို သက်ဆိုင်ရာ ဌာန အကြီးအကဲများမှ ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် ဦးဆောင်ခေါ်ခဲ့ရမည်ဟု မြို့နယ် အာဏာပိုင်များက ပြောဆိုခဲ့ကြောင်းနှင့် မြစ်ကြီးနားကဲ့သို့ တအိမ်တယောက် မတက်မနေရ အစီအစဉ် ချထားခြင်း မရှိခဲ့ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ၁၄ နှစ်ကြာ ကျင်းပလာပြီး ယခုလ ၃ ရက်နေ့တွင် တရားဝင် အဆုံးသတ်ခဲ့သော အမျိုးသား ညီလာခံ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြိုဆို ထောက်ခံပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပြီး မူဆယ်မြို့နှင့် အခြား နယ်မြို့များတွင်လည်း ညီလာခံ ထောက်ခံပွဲ ရက်ရွှေ့ဆိုင်းခဲ့သည်။