ရတနာဦး | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်မြင်ပြည့်စုံ ကုမ္ပဏီတို့ပူးပေါင်း၍ တည်ဆောက် မည်ဖြစ်ကြောင်း
မြို့တော်စည်ပင် ဈေးများဌာနမှ ပြောဆိုသည်။
၁၉၆၀ ခုနှစ်က တည်ဆောက်ထားသော ရေကျော်ဈေးအား ဈေးသူဈေးသားများ၏ ဆန္ဒအရ အဆင့်မြင့်
ဈေးအဖြစ်ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ဈေးအား ပြန်လည် ဆောက်လုပ်ချိန်တွင် လက်ရှိရောင်းချ
နေသည့် ဈေးဆိုင်များကို ယာယီ နေရာချပေးနိုင်ရန် ရွေးချယ်နေဆဲဖြစ်ကြောင်း ဈေးများဌနမှ ဒု-ဌာနမှူး ဦးမောင်မောင်အေး က ပြောသည်။
“ရေကျော်ဈေးကို အဆင့်မြင့်ဈေးအနေနဲ့ ပြန်ဆောက်လုပ်ဖို့ အစီအစဉ်မှာ မြို့တော် စည်ပင်ဘက်ကနေ ကုမ္ပဏီနဲ့ ညှိပြီး အချိန်ကာလ တခု သတ်မှတ်ပါတယ်။ အခု ဒီဈေးကို ၁၄ လနဲ့ အပြီးဆောက်ဖို့ သဘောတူထားတယ်” ဟု ဆိုသည်။
ထိုဈေးအား ၂၀၁၄ ခုနှစ်တွင် အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပြီးစီးသွားပါက မြေညီထပ်၌ လက်ရှိဆိုင်ခန်း ပိုင်ရှင်များကို ပြန်လည်နေရာချထား ပေးသွားမည်ဖြစ်ပြီး ပထမထပ်တွင် စူပါမားကတ်၊ ကွန်ပျူတာ အင်တာနက် ဆိုင်များနှင့် ဒုတိယထပ်တွင် ကားရပ်နားရာ နေရာ နှင့် အပေါ်ဆုံးထပ်တွင် လူနေအိမ်ခန်း ၄၅ ခန်းတို့ ပါရှိကြမည် ဖြစ်သည်။

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးအား အဆင့်မြှင့်၍ လေးလွှာ ဈေးကြီးအဖြစ် ၁၄ လအတွင်း အပြီးတည်ဆောက်မည် (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) |