City FM ပုဂ္ဂလိကနှင့် ပေါင်း၍ အဆင့်မြှင့်မည်

ဝေစန္ဒာ | တနင်္လာနေ့၊ မေလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့တော် စည်ပင်မှ ထုတ်လွှင့်လျက်ရှိသော City FM ရေဒီယိုအား ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်သွားမည်ဟု မြို့တော်စည်ပင် အတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။

“လက်တလောမှာက မြို့တော်ခန်းမအပေါ်မှာပဲ ပရောဂျက်တည်ပြီး တိုင်ထောင်ထားတော့ ရန်ကုန်အနီးတဝိုက်ပဲ ရတယ်။ ရန်ကုန်တိုင်း တတိုင်းလုံး နားထောင်လို့ မရသေးဘူး။ နောက် ထောင်ထားတဲ့တိုင်ကလည်း နာဂစ်မှာ ကျိုးသွားတယ်။ ခုတော့ ဒီအပိုင်းကို ပြုပြင်ပြီး တိုးချဲ့ထုတ်လွှင့်သွားမယ်”ဟု ပြောသည်။

တိုးချဲ့ထုတ်လွှင့်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီနှင့် ဆောင်ရွက်ရန် လျာထား
သော နေရာမှာ ဆရာစံလမ်းရှိ ပုလဲကွန်ဒိုအနီးတွင် ဖြစ်ကြောင်း သိရပြီး နေရာအတိအကျနှင့် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီကို ထုတ်ဖော်ခြင်း မရှိခဲ့ချေ။

“လူတိုင်း စိတ်ဝင်စားမယ့် ကဏ္ဍတွေ။ နောက် အသိပညာပေး ကဏ္ဍတွေ၊ သတင်းကဏ္ဍတွေ ထပ်တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးကျော်စိုး က ပြောသည်။

City FM ရေဒီယို အသံလွှင့်ဌာနကို ၂၀၀၂ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ယခု နှစ်တွင် ၁၀ နှစ် သက်တမ်းရှိပြီ
ဖြစ်သည်။ ဒါ့အပြင် မြို့တော်စည်ပင်မှ နေ့စဉ်ထုတ်ဝေနေသော မြို့တော် သတင်းစာကိုလည်း ထပ်မံ အဆင့်မြင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းသတင်းစာမှာ ယခုနှစ် နိုဝင်ဘာတွင် ၂၁ နှစ် ပြည့်မည် ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး