မြန်မာပြည်မှာ မလေးရှား သန်းတထောင်နီးနီး မြှုပ်နှံထား

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံတွင် ဒေါ်လာ ၉၇၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဆက်လက် လုပ်ကိုင်ကြရန်လည်း မလေးရှားအစိုးရက ဒေသခံကုမ္ပဏီများအား တိုက်တွန်း အားပေးလိုက်သည်။

အထူးသဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍများတွင် တည်ထောင် လုပ်ကိုင်ကြစေလိုကြောင်း မလေးရှား နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Mustapa Mohamed က တနင်္လာနေ့တွင် ပြောကြားလိုက် သည်။

မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြှိးရေးကော်ပိုရေးရှင်း (MATRADE)လည်း မကြာမီ ရန်ကုန်မြို့တွင် ရုံးစိုက် လည်ပတ်နိုင်တော့မည်ဟု ကွာလာလံပူမြို့တွင် ကျင်းပသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်
ဆွေးနွေးပွဲအတွင်း မလေးရှားဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နဂိုရှိရင်းစွဲတွေကို ကုန်သွယ်ရေးနဲ့ ရေရှည်အသုံးပြုဖို့အတွက် ပြောင်းလဲရေးမှာ ကျနော်တို့ ကျွမ်းကျင်မှုတွေ ရှိပါတယ်။ ဒါတွေကို မြန်မာပြည်ကို ဝေငှဖို့ ဆန္ဒရှိသလို အဆင်သင့်လည်း ဖြစ်နေပါတယ်” ဟု ဝန်ကြီး Datuk Seri Mustapa Mohamed က ပြောသည်။

မြန်မာနိုင်ငံအတွင်း မလေးရှားမှ လက်ရှိ ရင်းနှီးမြှုပ်နှံမှုများတွင် ဟိုတယ်၊ မြေ အိမ်ယာ၊ အဆောက်အအုံနှင့် Petronas ဦးဆောင်သည့် ရေနံနှင့် သဘာဝဓါတ်ငွေ့တို့ ဖြစ်သည်။

မလေးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၇၉၂ သန်း ရှိသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး