Wednesday, May 9, 2012

ကြံ့ခိုင်ရေး တရုတ်ပြည်ခရီး မီဒီယာတွေ ခေါ်သွားမည်

မင်းသက် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ကြံ့ခိုင်ရေးပါတီ၏ တရုတ်ပြည် လေ့လာရေးခရီးစဉ်တွင် ပြည်တွင်း မီဒီယာများကို
ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က ပြောသည်။

“တရုတ် ကွန်မြူနစ်ပါတီက ကျနော်တို့ကိုပဲ ဖိတ်တာပါ။ မီဒီယာကို ခေါ်တာက ကျနော့်ဘက်က ခေါ်တာ
ဖြစ်တယ်။ အခု ညှိနေတုန်းပါပဲ။ တရုတ်သံရုံးက ကျနော်တို့ ခေါ်သွားမယ့် လူစာရင်း အဆင်ပြေရင် ဘယ်လောက်ဆိုတာ အတည်ပြုမယ်” ဟု ဗုဒ္ဓဟူးနေ့က ပြောသည်။

ပါတီချင်း ဆက်သွယ်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မကြာမီ သွားရောက်ကြမည့်
ခရီးစဉ်တွင် ပါတီကိုယ်စားလှယ် ခြောက်ဦးအား ဦးဌေးဦး ခေါင်းဆောင် သွားမည် ဖြစ်သည်။

ယခင်က တရုတ်ပြည် လေ့လာရေးခရီး သွားရောက်ခဲ့ဖူးသော်လည်း ယခုအကြိမ်တွင်မှ မီဒီယာသမား
လေးဦးကို ခေါ်ယူရန်စီစဉ်ထားကြောင်းလည်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates