ဒေါက်တာ နေဝင်းမောင် ကွယ်လွန်


မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၃ မိနစ်

The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် ကွယ်လွန်သွားသည့် အတွက် မဇ္ဈိမအနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

Living Color Media ၏ CEO နှင့် မြန်မာ အီးဂရက်စ်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အသက် ၅ဝ နှစ်) သည် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါသည်။

ဒေါက်တာ နေဝင်းမောင်၏ ဈာပနကို ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် ပြီးစီးကြောင်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး