အစိုးရနှင့် ကလိုထူးဖောအဖွဲ့ ပမာဏငြိမ်းချမ်းရေးလက်မှတ်ထိုး

မင်းသက် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းခွဲ ခွဲမထွက်ရန် အပါအဝင် အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အဖွဲ့ကွဲ တခုတို့ ပမာဏ ငြိမ်းချမ်းရေး တည်ဆောက်မှု သဘောတူညီချက်ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးသော အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးနှင့် ကလိုထူးဖောမှ ဦးစောလားပွယ် ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့ ဘားအံမြို့တွင် နိုဝင်ဘာ သုံး ရက်နေ့က ပြုလုပ်သော ပြည်နယ်အဆင့် ပမာဏ ဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များကို အခြေခံပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံ ဆွေးနွေးရာက သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ့ရုပ်မြင်သံကြား၏ သတင်းတရပ်တွင် ပါရှိသည်။

"ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆက်ဆွေးနွေးသွားရန် သဘောတူကြပြီး ကရင်ပြည်နယ်သည်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည့် ကရင်ပြည်နယ်ကို
ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်။” ဟု စာချုပ်၏ အချက်အရ သိရသည်။

ကရင်အဖွဲ့၏ ယာယီအခြေပြုဒေသ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင်များ လူနေမှုဘဝ မြှင့်တင်နိုင်ရန် အလုပ်အကိုင်နှင့် အထောက်အပံ့များ ပေးရေးတို့လည်း သဘောတူထားကြသည်။

ထို့အပြင် ကလိုထူးဖောအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရန်လည်း သဘောတူလိုက်ကြသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး