စိန့်မေရီကျောင်းတော် နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပ

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီ ရိုမန်ကက်လစ် ဘုရားရှိခိုးကျောင်းတော် နှစ် ၁၀၀ ပြည့်  အခမ်းအနားကို ကြာသာပတေးနေ့တွင် ကျင်းပပြီးစီးခဲ့သည်။

အီတလီနိုင်ငံ ရောမမြို့ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး Pope Benedict XVI ၏ အထူးကိုယ်စားလှယ် ဘုန်းတော်ကြီး Cardinal Renato Raffaele Martino လည်း မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာကာ အဆိုပါ ပွဲတော်ကို တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကလည်း တက်ရောက်ခဲ့ပြီး အထူး ကိုယ်စားလှယ်တော်နှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီ ရိုမန်ကတ်သလစ်ဘုရားကျောင်း နှစ် ၁ဝဝ ပြည့် ဂျူဘီလီပွဲတော် အခမ်းအနားသို့ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ် ဘုန်းတော်ကြီး Cardinal Renato Raffaele Martino တက်ရောက် (ဓါတ်ပုံ မဇ္ဈိမ)

ရန်ကုန်မြို့တွင် စိန့်မေရီ ဘုရားရှိခိုးကျောင်းတော်ကို ၁၉၁၁ ခုနှစ်က ပြင်သစ်ဘုန်းတော်ကြီးများ တည်ထောင်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်နေ့က နှစ် ၁၀၀ ပြည့်မြောက်သည်။

အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်၏ သဝဏ်လွှာကို အင်္ဂလိပ်၊ လက်တင်နှင့်
မြန်မာဘာသာများဖြင့် ဖတ်ကြားခဲ့သည်။

“ သူ့သြဝါဒထဲမှာတော့ ကက်သလစ် ခရစ်ယာန်တွေမှာ နိုင်ငံတော် တည်ဆောက်ရေးမှာ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေသော လူမှုရေး ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ကြပါ။ ခရစ်တော်ဘုရားဆုံးမတဲ့ ပညတ်တော် အတိုင်း သာသာရေးအကျိုးကို ထမ်းဆောင်သလို့၊ မြန်မာနိုင်ငံရဲ့ အကျိုးသယ်ပိုးကြပါလို့ အားပေး တိုက်တွန်းခဲ့တာ ပါ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ အမှုဆောင် အတွင်းရေးမှူး ဘုန်းတော်ကြီး တင်ဝင်းက မိန့်သည်။

မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် သုံးသန်းကျော်ရှိပြီး ထိုအထဲမှ ခုနှစ်သိန်းသည် ကက်သလစ် အသင်းဘာသာ ကိုးကွယ်ကြသူများ ဖြစ်သည်ဟု သိရသည်။


Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး