Posts

Showing posts from December, 2011

“သိမ်း” Thane ဆိုင်ကလုန်းအမည် မြန်မာပေးခဲ့

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။          ။သောကြာနေ့က အိန္ဒိယအရှေ့ပိုင်းကမ်းခြေကို တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း အမည် “သိမ်း” (Thane) အား မြန်မာနိုင်ငံက ပေးခဲ့ခြင်းဖြစ်ကြောင်း India Today တွင် ရေးသားထားသည်။ အိန္ဒိယမိုးလေဝသ နှင့် ဇလဗေဒဌာန၏ ပြောကြားချက်အရ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်သော ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန် နှင့် ထိုင်းနိုင်ငံများက အလှည့်ကျ နာမည်ပေးသည်ဟု သိရသည်။ ၂၀၀၄ ခုနှစ်မှ စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာ့မိုးလေဝသ နှင့် ဇလဗေဒအဖွဲ့နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တို့မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ယခုကဲသို့ နာမည်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ ရှစ်နိုင်ငံသည် အမည် ၆၄ ခုအား ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာသည်။ ယခု ဘင်္ဂလား ပင်လယ်အော်သို့ ရွေ့လျားနေသော ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံမှ ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ...

မဇ္ဈိမ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ဓါတ်ပုံများ

Image
မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်-ရာကျော်ကျောင်း စက်ဆန်း ဓာတုဂိုထောင်ပေါက်ကွဲမှုဒဏ်သင့် ဒုက္ခသည်စခန်းသို့ လာရောက်သည့် ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ

ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၈ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံတွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။ မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M3 မှ ထွက်သည့် သဘာဝဓာတ်ငွေ့ ဝယ်ယူတင်သွင်းရန် ၂ဝ၁၂ ခု ဇန်နဝါရီ ၅-၆ ရက်တွင် စာချုပ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။ “မြန်မာစွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ဖုန်းနဲ့ အကြောင်းကြားလာတယ်။ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က လက်မှတ်ထိုးရမှာပါ” ဟု မစ္စတာဆူရာဖုံ ပြောကြားကြောင်း အင်္ဂါနေ့ထုတ် The Nation က ဖော်ပြသည်။ နေပြည်တော်၌ ကျင်းပခဲ့သော မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လေးကြိမ်မြောက် အစည်းအဝေးရက် အတွင်း ဒီဇင်ဘာ ၂ဝ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ ထိုင်းစွမ်းအင်ဝန်ကြီး ဖီချိုင်း နာ...

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ

ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။          ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးသဘောတူမှုများ ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်များနှင့်မူ ထိုးစစ်ဆင်မှုများ နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက်ရသည်ဟု KIO က ပြောသည်။ ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄  လက်အောက်ခံ တပ်ရင်း ၈ စခန်းသို့ ဗုဒ္ဓဟူးနေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့်လာသဖြင့် ရှောင်တိမ်းပေးလိုက်ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။ “သူတို့(အစိုးရ) ထိုးစစ်မလုပ်တော့ဘူးဆိုတာ အလကားပြောတာပဲ။ မနေ့က သူတို့တပ်တွေရဲ့ နဂိုရှိတဲ့ တပ်တွေ ထိခိုက်တာ များလာတော့ နောက်ကနေ အသစ်တွေ ထိုးဝင်လာလို့ ကျနော်တို့ ရင်း ၈ ကို ဖယ်ပေးလိုက်ရတယ်။ ကျနော်တို့ဘက်က အသေခံရမှာစိုးလို့ ကျနော်တို့ နေရာကို ပြောင်းပေးလိုက်တာဘဲ ရှိတယ်။  လက်နက်ကြီးနဲ့ ပစ်လာလို့ ရှောင်လို...

'အဲ့ဒီအခန်းဖြတ်' ဒါရိုက်တာ ဝိုင်း အသနားခံစာတင်

မျိုးသန့် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၈ မိနစ် ချင်းမိုင် (မဇ္ဈိမ)။        ။ 'လွတ်လပ်ခြင်း အနုပညာ'ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ထားသော 'အဲ့ဒီအခန်းဖြတ်' ရုပ်ရှင်ကားတိုသည် ပြိုင်ပွဲစည်းကမ်းနှင့် မညီ ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရွေးချယ်ရေး ကော်မတီသို့ အသနားခံစာ တင်ပြထားသည်ဟု ဒါရိုက်တာဝိုင်းက ပြောသည်။ "ကျနော် မနေ့က သိရတာက ပြိုင်ပွဲဝင် စည်းကမ်းနဲ့ မညီညွတ်ဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျနော်က မသိပါဘူး။ ဒီ အင်တာနက်ပေါ်တင်ဖို့ကိုလည်း ကျနော် အစီအစဉ် မရှိပါဘူး။ ဒါလေးကိုတော့ ကျနော် အသနားခံစာအနေနဲ့ ပြန်တင်ပြီးတော့ ဖြေရှင်းချက်ပေးထားပါတယ်" ဟု အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက မဇ္ဈိမကိုပြောသည်။ ဒါရိုက်တာ ကိုသူရ (ဇာဂနာ)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဦးစီးသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၁၈၈ ကား ရှိပြီး အဆိုပါကာများထဲမှ "အဲ့ဒီအခန်းဖြတ်" သည် အင်တာနက်ပေါ် ရောက်ရှိကာ ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ...

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

Image
(ဆောင်းပါး) လှကျော် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၈ မိနစ် "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။ ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။ “ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်” ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ...

ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ

ကျော်ခ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၉ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။ မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ “မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ်ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင်စောင့်တွေကတော့ တချို့က ပစ္စည်းသယ်နေတုန်းမှာ ထိကုန်တာ” ဟု ပြောသည်။ သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့...

ဓါတုသိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး

Image
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၀၂ နာရီ ၂၁ မိနစ် မဇ္ဈိမသတင်းဌာန ။       ။ ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ဓါတုပစ္စည်းများ သိုလှောင်ထားသော ကုန်လှောင်ရုံတခုတွင် ကြာသပတေးနေ့နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူ ၂၃ ဦးအထိ ရှိသွားပြီဖြစ်သည်။ ပေါက်ကွဲမှုနှင့် မီးလောင်မှုက လူ ၇ဝ ကျော်ဒဏ်ရာရသွားကာ လူနေအိမ်အများစုပါဝင်သော အဆောက်အဦး ၁ဝဝ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ မီးသတ်သမား ငါးယောက်သည်လည်း သေဆုံး သည့်အထဲ ပါဝင်သည်။ နံနက် ၂ နာရီတွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြီး ပထမဆုံးဖြစ်ပြီးနောက် အသေးစားပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကာ မီးလောင်မှုက ပတ်ဝန်းကျင် လူနေအိမ်များကိုပါ ကူးစက်ခဲ့ခြင်းဖြစ်သည်။ မီးလောင်နေသည့် ဧရိယာအတွင်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူများနှင့် စကားပြောစက်ဖြင့် သတင်း ပေးပို့နေသူ တဦးကို ဒီဇင်ဘာလ ၂၉ ရက်၊ ၂ဝ၁၁ ခုနှစ် နံနက် ၃ နာရီ ၅ဝ မိနစ် အချိန်က (ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ နာရီ နီးပါးအကြာ) တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီးခဲ့သည...

ရွှေဂက်စ် အကျိုးအမြတ် ရခိုင်ပြည်အတွက်လည်း ဖြစ်စေလို

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၆ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့ တွင် ပြည်သူ့ဆန္ဒကောက်ယူ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။ လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၂၊ ၂ဝ၁၃ ပြည်နယ်နှင့် တိုင်း ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိရာ အဆိုပါ ဘတ်ဂျက်ခွဲဝေမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။ "ကျနော်တို့တောင်းတာက ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ကိုဗျ၊ ဘာကြောင့်တောင်းလဲဆိုရင် လာမယ့် ၃၁ ဇန်နဝါရီ မှာ ပြည်နယ်တိုင်း အားလုံးရဲ့ ဘတ်ဂျက်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်တော့မယ်။ ရွှေဂက်စ်က ကျပ်သန်းပေါင်း ဘယ်လောက်ရသလဲ၊ ပြည်ထောင်စုက ဘယ်လောက် ယူသွားပြီးပြီလဲ၊ ဒေသဖွံ့ဖြိုးဖို့အတွက် ပြည်နယ်အစိုးရကို ဘယ်လောက်ထည့်ဝင်ပေးမလဲ။ ဒါတွေအတွက် ကြိုပြင်တာပါ" ဟု ...

ကုမ္ပဏီများထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်

Image
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက်ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားရာ၌ လုပ်ငန်း ကဏ္ဍအသီးသီးတွင် လုပ်ငန်းရည်ရွယ်ချက် ကန့်သက်ချက် ၁၀ ခု ကျော်စီ သတ်မှတ်ထားသော်လည်း ယခု ထိုသို့ကန့်သတ်ထားချက်များ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက ပြောသည်။ “ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ စီးပွားရေး လုပ်ငန်းတွေက ပိုမိုပြီး လွတ်လွတ်လပ်လပ် လုပ်ဖို့ အခွင့်အလမ်း ရှိသင့်တယ်။ ဒီလိုလုပ်နိုင်မှလည်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အခွင့်အလမ်းတွေ ပိုများလာပြီးတော့မှ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ လုပ်ငန်းရှင်တွေပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်အောင် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။ ထိုအကြောင်းအရာများကို...

ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ

Image
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၅ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ ပေးနေသည့် OSI ခေါ် Open Sociaty Foundations ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေးကန်သို့ အလည်အပတ်ရောက်နေသည်ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။ “သူတည်းတဲ့ ခေါင်တိုင် ကျေးရွာမှာရှိတဲ့ ဟိုတယ်က တာဝန်ရှိတဲ့သူတွေကို သွားတွေ့ပြီး ကျနော် သိရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။ ဂျော့ဆိုးရော့စ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရန် ရှိမရှိကိုမူ “သူခေါ်မှပဲ ကျနော်တို့ သွားမယ်။ ရှမ်းပြည်နယ်အစိုးရကတော့ ဒီလိုမျိုးနိုင်ငံခြားသားနဲ့ တွေ့ဖို့ မတွေ့ဖို့ အမိန့်ထုတ်ထားတာ မရှိပါဘူး” ဟု ပြောသည်။ pen Sociaty Foundations ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros (ဓါတ်ပုံ wikipedia.org) ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် အင်းလေးကန်စပ်မှ ခေါင်တိုင်ကျေးရွာတွင် တည်းခိုနေသည့် ဂျော့ဆိုးရော့စ်သည် အင်းလေးနှင့် ပုဂံေ...

၂၀၁၁ နယူးဒေလီ ကရင်နှစ်သစ်ကူးပွဲ

အင်ဒို နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံ

Image
(ကြားဖြတ်နှင့် သတင်းအကျဉ်း) မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၁ မိနစ် ရန်ကုန် (မဇ္ဈိမ) ။         ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ Marty Netalegawa သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြသည်။ ၄၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးအပြီး ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ သတင်း မီဒီယာများအား ဆွေးနွေး သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြကြသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါ Marty Netalegawa သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၄၅ မိနစ်ကြာ လာရောက် တွေ့ဆုံခဲ့သည်။ (ဓါတ်ပုံ - မဇ္ဈိမ) အာဆီယံရဲ့လတ်လော ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အရှိန်မြှင့်နိုင်ရန် ဘယ်လို ကူညီနိုင်မယ်ဆိုတာ ကျနော်က ပြောပြပြီး အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်တွေကို ရှင်းပြပါတယ်” ဟ...

နိုင်ငံခြားမှ ငွေလွှဲနိုင်ရန် ဧရာဝတီဘဏ် လုပ်ဆောင်နေဟု ဦးဇော်ဇော်ပြော

Image
(ကြားဖြတ်နှင့် သတင်းအကျဉ်း) မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၁၉ မိနစ် ရန်ကုန်(မဇ္ဈိမ) ။        ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ဆောင်နိုင်ရန် အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း  ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ အင်္ဂါနေ့ ညနေက ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီဘဏ် တနှစ်ပြည့် ညစာစားပွဲ တွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။ “အခု မလေးရှားက အလုပ်သမားတွေ ဗမာပြည်ကို ငွေပြန်လွှဲဖို့အတွက် ဆောင်ရွက်နေပါပြီ။ သို့သော် authorised dealer ရတဲ့ပုံစံမျိုးနဲ့သွားတာ မဟုတ်သေးပါဘူး။ Swift code တွေ ရတဲ့အခါ နိုင်ငံတကာက ဘဏ်တွေနဲ့ ဆက်စပ် ပြီးလုပ်ဆောင်လို့ရမှာဖြစ်ပါတယ်” ဟု ပြောသည်။ ဦးဇော်ဇော်နှင့် ဦးကိုကိုထွေး (တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ) (ဓါတ်ပုံ မဇ္ဈိမ) မြန်မာအမျိုးသားပိုင် ဘဏ်များအနေဖြင့် နိုင်ငံတကာ ဘဏ်လောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ အလှမ်းဝေးနေဆဲဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုကလည်း ဘဏ်လုပ်ငန်းအတွက် အဟန့်အတားတခု ဖြစ်နေသေးကြောင်း ထည့်သွင်း ပြောဆိုသွားသည်။ “ကျနော်တို့နိုင်ငံရဲ့ စီ...

ဆောင်းရာသီမှာ ဝက်နားရွက်ပြာ စိုးရိမ်ရပြန်

Image
ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၇ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ တိရစ္ဆာန်များ ကူးစက်ရောဂါ ဖြစ်ပွားလေ့ရှိသည့် ဆောင်းကာလ ရောက်လာပြီ ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင်း ကုသရန် ဆေးမရှိ ဖြစ်နေသည့် ကူးစက်အားပြင်း ဝက်နားရွက်ပြာ ရောဂါ ပြန့်နှံ့မှု အရှိန်မြင့် လာမည်ကို ဝက်မွေးမြူရေး လုပ်ငန်းရှင်များက စိုးရိမ်နေရသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို ထိခိုက်မှု အများဆုံး ဖြစ်စေခဲ့သည့် နားရွက်ပြာရောဂါသည် ၂ဝ၁၁ ဖေဖေါ်ဝါရီမှ စတင်ကာ ပြည်နယ်နှင့် တိုင်း ၆ ခုက မြို့နယ်ပေါင်း ၃ဝ ကျော်ကို ကူးစက်ပြန့်နှံ့ခဲ့ပြီး ဝက်များ ထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသဖြင့် ယင်းအခြေအနေမျိုး ထပ်မံ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ကို ဝက်မွေးခြံရှင်တွေက စိုးရိမ်နေကြခြင်း ဖြစ်သည်။ “နှစ်စပိုင်းတုန်းက ကူးစက်မှုကို ကျနော်တို့က အလူးအလဲblueearbig ခံလိုက်ရတာ ခြံပြုတ်ပဲ။ သေတဲ့ ဝက်တွေလည်း ရောင်းစား ရတာ မဟုတ်ဘူး။ အကုန် မြေမြှုပ်ပေးရတာ။ ခုက အအေး ဝင်လာတော့ ထပ်ဖြစ်လာရင် ကျနော်တို့မှာ ဘာမှ မတတ်နိုင်ဘူးလေ” ဟု ပဲခူးတိုင်း အတွင်း ဝက်မွေးမြူသူ ခြံပိုင်ရှင် တဦးက မဇ္ဈိမကိုပြောသည်။ မြန်မာနို...

ဦးအောင်သောင်းတို့အဖွဲ့ မိုင်းလားနှင့် UWSA တို့ကို သီးခြားစီတွေ့ဆုံ

ဖနိဒါ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၀ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုခေါင်းဆောင် ဦးသိန်းဇော်တို့သည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) ခေါ် ရှမ်းပြည်နယ်အထူးဒေသ ၄ မိုင်းလားအဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့နှင့် တနင်္လာ-အင်္ဂါနေ့များက သီးခြားစီ တွေ့ဆုံခဲ့သည်။ မိုင်းလားအဖွဲ့အား ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ မိုင်းလားဌာနချုပ်မြို့တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း မိုင်းလား အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ “ဒီနေ့ ရဟတ်ယာဉ်နဲ့လာကြတယ်။ (မနက်) ၁ဝ နာရီလောက်မှာ ရောက်တယ်။ ၁၂ နာရီခွဲမှာ ဆွေးနွေးပွဲ ပြီးသွား တယ်။ လူတွေကတော့ မူရင်းအဖွဲ့တွေဘဲ” ဟု ပြောသည်။ သို့သော် မည်သည့်အကြောင်းများ ဆွေးနွေးသည်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ကျိုင်းတုံမြို့တွင် ပဏာမ တွေ့ဆုံပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ဝန်ကြ...

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီး အဆုံးသတ်

Image
ကိုဝိုင်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။         ။ ဂျပန် နိုင်ငံရေးခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba သည် မြန်မာအစိုးရနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအတွက် စာချုပ်ချုပ်နိုင်ရေး ညှိနှိုင်းမှုများ စတင်ရန် သဘောတူညီခဲ့ပြီး သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို တနင်္လာနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ တနင်္လာနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဆွေးနွေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် မစ္စတာဂင်းဘားက ယင်းကိစ္စကို စကားပြန်မှ တဆင့် ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) “နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်နိုင်အောင် စတင်ညှိနှိုင်းဖို့ အစိုးရနဲ့ ဂျပန်နိုင်ငံကြားမှာ သဘောတူညီချက် ရရှိပါတယ်” ဟု ဆိုသည်။ မစ္စတာဂင်းဘားသည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး...
Image
'ခွေးကို အဖေခေါ်တဲ့သူ' တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ မျိုးသန့် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၇ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို တရားဟောပြောခွင့် ပိတ်ပင်ခြင်းသည် ဗုဒ္ဓဘာသာ တရားတော်များအရ အလွန် အပြစ်ကြီးမားကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတော်တွင် ထည့်သွင်း ဟောပြော ခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလအား နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်သည်။ ဘုရားဟော ဝတ္ထုတပုဒ်ဖြစ်သည့် ‘သုဘ ဝတ္ထု’ တွင် သုဘ၏ ဖခင်ဖြစ်သူ တောဒေယျပုဏ္ဏားမှာ အလှူအတန်းတွင် အလွန်နှမျော တွန့်တိုတတ်ခြင်းကြောင့် ကွယ်လွန်သည့်အခါ သားဖြစ်သူ သုဘ၏ အိမ်တွင် ခွေးပြန်ဖြစ်သည်ကို ခိုင်းနှိုင်းကာ တရားပွဲများ ပိတ်ပင်သည့် ပုဂ္ဂိုလ်များသည်လည်း ထိုသို့ ဖြစ်နိုင်ကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတွင် ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် တရားပွဲပိတ်ပင်ခံရခြင်းဟု ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးသုမင်္ဂလက မဇ္ဈိမကို အမိန့်ရှိသည်။ "သာမန်အလှူအတန်းပိတ်တာတောင်မှ ခွေးဖြစ်တယ်။ အခု တရားပွဲတွေuthuminga...

ပေါင်မြို့မီး ကလေးနှစ်ဦး သေဆုံး

(ကြားဖြတ်နှင့် သတင်းအကျဉ်း) ကွန်းချမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးပြီး ကလေးငယ်နှစ်ဦး သေဆုံးရသည့် မီးလောင်ကျွမ်းမှု တခု မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အင်္ဂါနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု ပေါင်မြို့နယ် ပြန်/ဆက် ဌာနက ပြောသည်။ ဦးဂျပန်၏ နေအိမ် မီးဖိုချောင် ထင်းမီးမှ စတင်လောင်ကျွမ်းသည့် မီးကြောင့် အသက် ၉ နှစ်အရွယ်နှင့် ၆ နှစ် အရွယ်ရှိ သမီးငယ်နှစ်ဦး သေဆုံးကာ လူဦးရေ ၅၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ “အဖွားကြီးက ဈေးသွား၊ အဖိုးကြီးက အလှူအိမ်သွားနေတော့ ကလေးနှစ်ယောက်က အိမ်မှာ ပိတ်မိပြီး မီးထဲမှာပဲ ဆုံးသွားတယ်” ဟု သူက ပြောသည်။ နံနက် ၅ နာရီ ၄၅ မိနစ်မှ စတင်လောင်ကျွမ်းသည့် မီးကို ပေါင်မြို့နှင့် ဇင်းကျိုက်ရွာကြီးမှ မီးသတ်ကား ၅ စီး က လာရောက် ငြှိမ်းသတ်ကာ နံနက် ၇ နာရီခန့်တွင် မီးငြိမ်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပေါ့ဆမီးကြောင့် ကာလတန်ဖိုး သိန်း ၆၀ ကျော် ဆုံးရှုံးလိမ့်မည်ဟ...

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၄)

Image
(ဆောင်းပါး) မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၅ မိနစ်   ဟိုမရောက် ဒီမရောက် အရင်းရှင် ဆိုရှယ်လစ်စနစ် အရင်းရှင်စနစ်ဆိုတာက “လောဘ” ကို တွန်းအားသဖွယ် အသုံးပြုတာကြောင့် ငါ ဆိုတဲ့ အခြေခံ ယူနစ်ကို ဦးစားပေး အဓိကထားတယ်။ Individualism တကိုယ်တော် စနစ်လို့ ပြောရမယ် ထင်တယ်။ ဆိုရှယ်လစ်စနစ် ဆိုတာက တရားမျှတမှုရှိအောင်  အများ ဆိုတဲ့ ယူနစ်ကို ဦးစားပေးလာတယ်။ Collectivism အများအကျိုးစနစ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဥရောပ စနစ်ဟာ အမေရိကန်စနစ်လို ကိုယ်လုပ်ရင်ကိုယ်ရမယ်ဆိုတဲ့ စနစ်မဟုတ်ဘဲ၊ များများရှာရရင် အစိုးရက အခွန်များများကောက်ပြီး အစိုးရကမျှတအောင် ဆိုရှယ်အစီအစဉ်တွေ များများလုပ်တာကြောင့် အလုပ် လုပ်ချင်စရာ Incentive လျော့နည်း သွားရတယ်။ ငွေများများရှာနိုင်တဲ့သူတွေ အခွန်နည်းတဲ့ဆီ ပြေးကြတော့ လူတော်တွေနည်း လာတာပေါ့။ ဥပမာ အင်္ဂလန်က အတော်ဆုံး ဆရာဝန်တွေဟာ အမေရိကားကို ပြောင်းပြေးကြတော့ နိုင်ငံခြားက ဆရာဝန်တွေနဲ့ ပြန်ဖြည့်ရတော့ အဆင့်မမီတဲ့ သူတွေလည်းပါလာပြီး မကြာခဏ ဆေးရုံဆေးခန်းက ပြဿနာတွေကို သတင်းစာတွေမှာ တွေ့ရ ဖတ်ရ ပါလိမ့်မယ်။ ဂရိနိုင်ငံရဲ့ အမျိုးသားထုတ်လ...

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၃)

Image
ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၃ မိနစ်   ငွေပုံအောတိုင်း အန္တရာယ်ကလွတ်မှာလား စာရေးသူရဲ့ ပုဂ္ဂိုလ် ရေးအမြင်အရတော့ ငွေကိုငွေနဲ့လိုက်တဲ့နည်းဟာ လမ်းမှန် မဟုတ်ဘူး။ လောလောဆယ်က ဈေးကွက်ယုံကြည်မှုရအောင် လုပ်နိုင်ရုံ သက်သက်ပဲ ရှိတယ်။ အမှန်က Systemic Problem လို့ခေါ်တဲ့ စနစ်အတွင်း က ပြဿနာဖြစ်တာကြောင့် စနစ်ကို မပြင်နိုင်ရင် အပေါ်ယံ ထုံးသုတ်တာပဲရှိမယ်။ ဒါကြောင့် အပေါ်ထပ် အဆောက်အအုံ ပြောင်းလဲမှု (Structural change တွေရော ၊ အတွေးအခေါ်တွေပါ ပြင်မှရမယ်လို့ ထင်မိတယ်။  ဥပမာ ဂရိကို ဝင်ကယ်ရတာ နှစ်ခါရှိပြီ။ ယူရို သန်း ၃ဝဝ ကျော်ပြီ။ ဂရိတွေကိုယ်တိုင် ခါးစည်း အနစ်နာခံပြီး ပြင်မှ ရမှာ။ သုံးမရတဲ့ အစိုးရဝန်ထမ်းတွေ မဖြုတ်ဘဲ ခံစားခွင့်တွေ ဆက်ပေးနေရင် ဂျာမဏီပါ ဒေဝါလီ ခံသွားရမယ်။ လူတွေလျော့ ခံစားခွင့်တွေလျော့ အခွန်တိုးကောက် သူများတွေလို ကြိုးကြိုးစားစားလုပ်မှ ဝင်ငွေတိုးလာ သုံးငွေ သိသိသာသာကြီးလျော့မှ ဝင်ငွေထွက်ငွေမျှလာပြီး တိုင်းပြည်ပြန် ဦးမော့လာမှာ။  အရင်းရှင်စနစ်နဲ့ အတွေးအခေါ် နှစ်ခု အရင်းရှင်စနစ်မှာ အရေးပါတဲ့ အတွေးအခေါ် နှစ်ခုရှိပါတယ်။ တခုက အရင်းရှင်စနစ်ရဲ့ ဖခင...