Friday, May 20, 2011

လမ်းမပြင်ဘဲ ငွေကောက်နေပါတယ်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်

အယ်ဒီတာခင်ဗျား ..


ကျနော်ဟာ ကော့ကရိတ်မှာနေပြီး မြဝတီနဲ့ ပုံမှန်သွားလာနေရသူပါ။ မြဝတီနဲ့ ကော့ကရိတ်ကို ကားသေးနဲ့သွားရင် ပုံမှန် ကျပ် ၁၂ဝဝ ကောက်ပါတယ်။ ဒါ … လူစီးကားကို ပြောတာပါ။ တခြား ဂိတ်ကြေးတွေကတော့ ရေသန့်ဘူး ရောင်းတာမျိုးတွေ ရှိပါတယ်။

ကျနော် အဓိကပြောချင်တာက ဒီလမ်းကို ကုမ္ပဏီက ဘာမှမပြင်မဆင်ဘဲနဲ့ ငွေကောက်စားနေတာ
ကြာလှပါပြီ။ ဒီနှစ်အတွင်းမှာဆိုရင် မြဝတီနဲ့ ကော့ကရိတ် တောင်ပေါ်လမ်းကို လုံးဝ မပြင်သလောက်ပါဘဲ။

ငွေသက်သက်ပဲ ထိုင်ကောက်နေပြီး လမ်းကို မပြင်လို့ နေ့စဉ် ကျနော်တို့ ကားသမားတွေမှာ အသက်ကို ဖက်နဲ့ ထုတ်သွားနေရပါတယ်။

နေ့စဉ် ပေးနေရသူ
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates