လွှတ်တော်ခေါ်ပြီးမှ နအဖ ဆင်းနိုင်မယ်

ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ခေါ်ချိန်အထိ လက်ရှိစစ်အစိုးရ ဆက်အုပ်ချုပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ဗုဒ္ဓဟူးနေ့က ပြောကြားသွားသည်။

ရန်ကုန် ဗဟန်းရှိ ကြံ့ဖွံ့ပါတီရုံးတွင် ကျင်းပသော ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ ပါတီ အထွေထွေ အတွင်းရေးမှူး ဝန်ကြီး ဦးဌေးဦးက ပြောကြားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်း စတင်သည်ဟု ၂ဝဝ၈ အခြေခံ ဥပဒေက ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် နောက်နှစ် ဖေဖော်ဝါရီလ လေးရက်နေ့ သို့မဟုတ် မတိုင်မီအထိ နအဖ စစ်အစိုးရ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

ဦးဌေးဦးစကားက ရွေးကောက်ပွဲအပြီး ရက် ၉ဝ အတွင်း ကြားဖြတ် အစိုးရသစ် တက်မည်ဆိုသော ကောလာဟလကို ချေဖျက်လိုက်သလို ဖြစ်သွားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ သမ္မတလောင်းကို လျာထားပြီးဟုလည်း ပြည်တွင်းသတင်းထောက်များကို ဝန်ကြီးက ကြေညာသည်။

ထို့ပြင် စည်ပင်ငွေဖြင့် ကြံ့ဖွံ့က အမည်ခံ လမ်းခင်း လမ်းပြင်နေသည်ဟု လူထုဝေဖန်ပြောဆိုမှုများအပေါ် ပူးတွဲ သတင်းစာ ရှင်းလင်းခဲ့သော ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဖြေရှင်းရန် တွန့်ဆုတ် နေခဲ့သည်ဟု ပွဲတက် အယ်ဒီတာတဦးက ပြောသည်။

ကြံ့ဖွံ့က အမတ်နေရာ ၁,၁၅၈ နေရာ ဝင်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မရှိသော မဲဆန္ဒနယ်မြေ ၅၄ နေရာတွင် ယင်းတို့ပါတီက ၅၂ နေရာ ရထားကြောင်းလည်း ဦးဌေးဦးက အတည်ပြုသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး