Tuesday, October 30, 2007

ကြားဖြတ်သတင်း

ဘိန်းဘုရင် ခွန်ဆာသေပြီ

အာရှတလွှား အမည်ဆိုးဖြင့် ကျော်ကြားသူ တဦးဖြစ်သော ဘိန်းဘရင် ခွန်ဆာသည် ရန်ကုန်မြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် ဘိန်းဘုရင်သည် သွေးတိုးရောဂါ ခံစားနေခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သူသည် နှစ်ပေါင်း ၃၀ ကျော်ကြာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သွားခဲ့သည်။

အမေရိကန်နိုင်ငံက အလိုရှိနေကာ ဖမ်းမိလျှင် ဆုငွေ နှစ်သန်းပေးမည်ဟု ထုတ်ပြန်ထားခံရသော်လည်း မြန်မာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် ရန်ကုန်တွင် ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates