စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် သံဃာတော်များ ဆန္ဒပြပြီ

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

သံဃာ့ တပ်ပေါင်းစုက ဦးဆောင်သည့် ပတ္တနိက�ုဇ္ဇန ကံဆောင် သပိတ်ကို မြန်မာနိုင်ငံတဝှမ်း မြို့ကြီး အများအပြားတွင် ဆင်နွှဲလျက် ရှိရာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်လည်း ယနေ့ နေ့လည်ပိုင်းက သံဃာတော် ၁ဝဝဝ ခန့်သည် လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ရွေဘိုမြို့တွင် မဟာအောင်မြေ ကျောင်းတိုက်နှင့် ဘုံစံ ကျောင်းတိုက်မှ သံဃာတော်များ ပူးပေါင်းပြီး သံဃာများ၏ ကံဆောင် သပိတ်ကို ယနေ့ နေ့လည် ၁ နာရီခန့်က စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“မဟာအောင်မြေ ကျောင်းရယ်၊ ဘုံစံကျောင်းက သံဃာတော်တွေ ထွက်ဆန္ဒ ပြကြတယ် ဈေးထဲကနေ ထွက်သွားကြတယ်။ ၁ နာရီလောက်တော့ ကြာတာပေါ့” ဟု ရွေဘိုသား တဦးက မဇ္ဈိမကို ပြောသည်။

သံဃာတော်များသည် မေတ္တာသုတ်များ ရွတ်ဆိုပြီး ဈေးအလယ်ပေါက်မှ ထွက်ကာ ဈေးလမ်းမတော်ကို ပတ်လျက် ကြွချီကြရာတွင် မြို့ခံလူထုက ဝိုင်းရံ အားပေးကြသလို၊ ရေပုလင်းများ၊ အချိုရည်များ ကပ်လှူကြောင်းနှင့် အာဏာပိုင်များမှ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ဝိုင်းပြီး အားပေးတဲ့သူက များတယ်ခင်ဗျ။ ဘေးတွေကနေ ရပ်ပြီး အားပေးကြတယ်။ ၁ဝဝဝ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ရေပုလင်းတွေ၊ အချိုရည်ဗူးတွေလည်း ကပ်ကြတာပေါ့။ အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်” ဟု ဒေသခံ တဦးကလည်း ပြောပြသည်။

ယခုလ ၁၈ ရက်နေ့မှ စတင်ကာ သံဃာ တပ်ပေါင်းစုကြီးမှ နအဖ စစ်အစိုးရကို ပတ္တနိက�ုဇ္ဇန ကံဆောင်သည့် သပိတ်ကို ဆင်နွှဲလျက်ရှိရာတွင် ဒေသ အများအပြား၌ သံဃာထု၏ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ ပြုလုပ်သော ဆန္ဒပြပွဲသည် ရွှေဘိုမြို့၌ ပထမအကြိမ် ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး