လူထုဒေါ်အမာ နေထိုင်မကောင်းဖြစ်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၂ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

ယခုလ ၂၉ ရက်နေ့တွင် အသက် ၉၂ နှစ်အရွယ် ပြည့်မြောက်မည် ဖြစ်သည့် ပြည်သူများမှ လေးစား မြတ်နိုးရသူ အမေ လူထု ဒေါ်အမာသည် ယခုအခါ လူကြီးရောဂါဖြင့် မေ့လျော့ခြင်း၊ မောပန်း နွမ်းနယ်ခြင်းများ ဖြစ်နေသည်ဟု သိရသည်။

အမေ လူထုဒေါ်အမာ၏ သားတဦးဖြစ်သူ စာရေးဆရာ ဦးညီပုလေး၏ ပြောကြားချက်များကို တင်ပြလိုက်ပါသည်။

“အမေက အသက်ကြီးတာပေါ့ဗျာ။ စကားပြောဖို့တွေ ဝန်လေးပြီး မေ့နေတာ။ အစာတွေ ဘာတွေ ငုံထားတာ မစားဘူးပေါ့။ နောက်ပြီးတော့ နေ့လည်နေ့ခင်း အိပ်တာက များနေတယ်။ ကျနော်တို့က မကြိုက်ဘူး အဲဒါကို။ ခါတိုင်းလို လန်းလန်းဆန်းဆန်း မရှိတာကို။ ဆရာဝန်ကတော့ အသက်ကြီးလို့ ဖြစ်တာလို့ ပြောတာပဲ။ ခဏခဏ မှိန်းနေတာပေါ့။”

“မအိပ်ချင်အောင် စကားတွေ ဘာတွေပြော၊ အကြောင်းမရှိ အကြောင်းရှာပြီး အနားမှာ လူနေပြီးတော့ စကားစမြည်တွေ ပြောပေးနေတာပေါ့။ အဲလို ဂရုစိုက်တဲ့ Treatment (ကုသမှု) ပဲ လုပ်ပေးနေရတယ်။ ဆေးလိုဝါးလိုတော့ ကုစရာ မလိုပါဘူး။”

“အစားအသောက်တော့ နည်းနည်းပါးပါးပေါ့နော်၊ ပျော့ပျော့ပြောင်းပြောင်းတော့ စားပါတယ်။ ပြင်ဦးလွင် (မေမြို့) ကို သင်္ကြန် မတိုင်ခင်ကတည်းက တက်သွားတာပါ။ မနေ့ကမှ မန္တလေးကို ပြန်ရောက်တယ်။ အခု အိမ်မှာပါပဲ။ လမ်းတော့ မလျှောက်နိုင်ဘူး၊ မောတယ်။ Wheelchair (ဘီးတပ် ကုလားထိုင်) နဲ့ပဲ သွားရတယ်။”

“စိုးရိမ်စရာ၊ ပူစရာတော့ မဟုတ်တော့၊ မဟုတ်ပါဘူး။ ကျနော်တို့သာ ပူတာပေါ့နော်။ ဒါပေမဲ့ ဆရာဝန်ကတော့ မစိုးပါနဲ့လို့တော့ ပြောနေတယ်။”

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်