
မဇ္ဈိမ ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသမျှ ကာလပတ်လုံး ၎င်းတို့၏ လွှတ်တော်ကိုယ်စားအဖြစ် တည်ရှိမှုကို မည်သူတစ်ဦးကမျှ ရုတ်သိမ်းခွင့်မရှိကြောင်း ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အနိုင်ရ NLD လွှတ်တော်ကိုယ်စားများက သတင်းထုတ်ပြန်သည်။" ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှ မည်သည့်အချက်နှင့်မှ ငြိစွန်းအကျုံးဝင်ခြင်းမရှိသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင် အခိုင်အမာတည်ရှိနေကြသူများဖြစ်ပြီး ကျွနုပ်တို့၏ရာထူး၊ တာဝန် သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ တာဝန်ထမ်းဆောင်သည့်နေ့မှ ငါးနှစ်ပြည့်သည်အထိဖြစ်သည်။...