Saturday, January 19, 2013

KIO ဥက္ကဋ္ဌ ထံ ပြည်ထောင်စု ငြိမ်းကော်မတီ ကမ်းလှမ်းစာပို့

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၅၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ပြန်လည် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထံသို့ ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် ကမ်းလှမ်းစာတစောင် ပေးပို့လိုက်သည်။

ကော်မတီ အတွင်းရေးမှူးက KIO ဥက္ကဋ္ဌ ထံသို့ လိပ်မူထားပြီး “တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လိုပါသည်” ဟု ဖော်ပြပါရှိကာ “သဘောထား ပြန်ကြားရန်” အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ထိုစာကို ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်၏ “ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှု ရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်” ဟူသည့် တိုက်တွန်းချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက စတင် လုပ်ဆောင်သည့်သဘော ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates