Monday, January 21, 2013

မကွေးမြို့၌ ယာဉ်မောင်း သင်တန်းကျောင်း ဖွင့်မည်

ဝိုင်းအောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၃၃ မိနစ်

မကွေး (မဇ္ဈိမ)။   ။ မကွေးမြို့၊ တောင်တွင်းလမ်း၊ ကုန်လမ်းပို့ဆောင်ရေး၊ ကုန်စည်ဌာနခွဲ (မကွေး) (က.ပ.ရ) တွင် ဇန်နဝါရီလ ၃၁ ရက်နေ့မှစ၍ ယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်မည်ဟု သိရသည်။

သင်တန်းကာလမှာ ၁ လ သတ်မှတ်ထားပြီး သင်တန်းသား တဦးချင်းစီကို ကျွမ်းကျင်သော ယာဉ်မောင်း များက ယာဉ်ငယ်လေးများဖြင့် လက်တွေ့သင်ကြားမည် ဖြစ်သည်။

ယာဉ်စည်းကမ်းများကို စာတွေ့သင်ကြား၍ ကွန်ပျူတာခန်းတွင် ကိုယ်တိုင်ယာဉ်မောင်းနှင်စေပြီး ကွန်ပျူတာဖြင့် အမှတ်ပေးသွားမည်ဟု က.ပ.ရ မကွေး ဌာနခွဲ ဦးစီးအရာရှိတဦးက မဇ္ဈိမကို ပြောပြသည်။

သင်တန်းကြေးမှာ ၅၆,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကာ သင်တန်းဆင်းပြီး သင်မောင်းလိုင်စင် သက်တမ်း ၃ လပြည့်ပါက ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ 'ခ' လိုင်စင်ရရှိရေး ဆောင်ရွက်ပေးမည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates