Thursday, January 17, 2013

ရုရှားလုပ်ငန်းရှင်များ သတ္တုနှင့် စွမ်းအင် ပူးပေါင်းလုပ်ကိုင်ရန် အဓိကဆွေးနွေး

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၃၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ၏ သတ္တုနှင့် စွမ်းအင်ကဏ္ဍတွင် ရုရှားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းလုပ်ကိုင်ရန်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလပ်ဗ်ရော့ဗ်နှင့် အဆင့်မြင့် အရာရှိကြီးများသည် ဇန်နဝါရီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်
နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သတ္တုနှင့်စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် စွမ်းရည် မြှင့်တင်ရေး၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားလာရေးတို့တွင် နည်းပညာ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ရုရှား စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ကုန်းတွင်းပိုင်း ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက် ၁၈ ကွက်အတွက် နိုင်ငံတကာ တင်ဒါစနစ်နဲ့ ခေါ်ယူတုန်းက ရုရှားကုမ္မဏီ နှစ်ခုက အဆိုပြုလွှာ တင်ခဲ့ဖူးပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောကြားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates