Tuesday, January 22, 2013

ဝေါမြို့ တံတားဘောင်နှင့် ချိတ်ကာ မြေတူးစက်တင် ကားကြီး ပိတ်ဆို့နေ

စောဇင်ညီ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်

ပဲခူးတိုင်း၊ ဝေါမြို့တံတားပေါ်တွင် တံတားဘောင်နှင့် ချိတ်မိကာ ပိတ်ဆို့နေသည့် နေနှင်းဖြူကုမ္ပဏီမှ
မြေတူးစက် တင်ဆောင်လားသော ကားကြီးအား ယခုအချိန်ထိ ဖယ်ထုတ်၍ မရနိုင်သေးကြောင်း သိရသည်။

အဆိုပါကားအား မဖယ်ထုတ်နိုင်ခြင်းသည် ကျိုက်ထိုမှ လာမည့် ကရိန်းကားကို စောင့်နေ၍ ဖြစ်သည်ဟု
ဝေါမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ယဉ်ထွေး က မဇ္ဈိမကို ပြောသည်။

“ကားက ချိတ်မိနေတာဆိုတော့ သူ့ကို နှစ်ဖက်လုံးက ဆွဲရမှာ။ အဲလို ဆွဲဖို့ ဝေါဘက်က ကရိန်းကား
ရောက်ပြီ။ ကျိုက်ထိုက ကရိန်းကားကို စောင့်နေတာပါ” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တံတားဘောင်များနှင့်ချိတ်မိ၍ တံတားဘောင်များကျိုးကာ ထိုကားကြီးမှာ
ရှေ့တိုးနောက်ဆုတ် ပြုလုပ်၍ မရဘဲ ပိတ်ဆို့နေခဲ့ခြင်း ဖြစ်သည်။

ပိတ်ဆို့မှုကြောင့် ဝေါတံတားပေါ်တွင် ယာဉ်ကြီးများ ဖြတ်သန်း၍ မရဘဲ ယာဉ်ငယ်များသာ သွားလာ၍ ရကြာင်း သိရသည်။ ဝေါတံတားသည် ရန်ကုန်-မော်လမြိုင် နှင့် ရန်ကုန်-မြဝတီ လမ်းများ ဖြတ်သန်းသွားရန်
ဆောက်လုပ်ထားသည့် တံတား တစင်း ဖြစ်သည်။

တံတားဘောင်များ ပျက်စီးမှုအား ပြင်ဆင်ရန် အင်္ဂါနေ့မှစ၍ ဝေါမြို့နယ် ဆောက်လုပ်ရေးဌာနနှင့်
ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates