Tuesday, January 29, 2013

ပြည်တွင်း ရွှေဈေး အမြင့်ကြောင့် တရုတ်ရွှေ အဝင်ရှိ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၁၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြည်တွင်းရွှေဈေးမှာ ပြည်ပဈေးထက် ပိုမိုမြင့်ခဲ့၍ တရုတ်ဘက်မှ အခေါက်ရွှေများ မြန်မာဈေးကွက်သို့ ဝင်ရောက်မှုရှိခဲ့ကြောင်း ရွှေကုန်သည်များက
ပြောသည်။

“ဒီတပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၃၀ လောက် ကျတယ်။ ဒေါ်လာ ၃၀ နဲ့ ညီတဲ့ နှုန်းအတိုင်း
ဈေးကျရင် ပြည်တွင်းရွှေကလည်း ကျပ်ငွေ တသောင်းလောက် ဈေးကျရမှာ။ ဒီအပတ်ထဲမှာ ကျပ် ၅,၀၀၀ လောက်ပဲ ဈေးကျတဲ့အတွက် တရုတ်ရွှေ ပြည်တွင်းကို အဝင်ရှိနေပါတယ်” ဟု မဟာဗန္ဓုလ လမ်းပေါ်တွင် ရွှေဆိုင်ဖွင့်လုပ်ကိုင်နေသူ ရွှေကုန်သည်တဦးက ပြောသည်။

ဇန်န၀ါရီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၆၉၀ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၈၉
ဒေါ်လာတွင် ရှိနေသည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၆၈,၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၆၉,၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

ဇန်န၀ါရီ ၂၂ရက်တွင် ကမ္ဘာရွှေဈေးမှာ ၁ အောင်စလျှင် ၁,၆၉၃ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၆၈၇ ဒေါ်လာတွင် ရှိခဲ့သည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၉,၈၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၆၉,၄၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

“ဇန်နဝါ၇ီ ၂၃ ရက်မှာ ပြည်တွင်းရွှေဈေး ၁ ကျပ်သားကို ကျပ် ၇၇၀,၂၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ကျပ် ၇၇၁,၀၀၀ နဲ့ ဈေးပိတ်ပါတယ်။ ကမ္ဘာ့အဖွင့်ဈေး ၁ အောင်စ ၁,၆၉၂ ဒေါ်လာနဲ့ ဈေးနှုန်းတူနဲ့ပဲ ညနေပိုင်းမှာ ရှိနေတယ်။ ၂၄ ရက်မှာ ပြည်တွင်းရွှေ ၁ ကျပ်သားကို ကျပ် ၇၆၈,၅၀၀ ကျပ်နဲ့ ဖွင့်ခဲ့ပြီး ကျပ် ၇၆၇,၀၀၀ နဲ့ ညနေဈေး ပိတ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁,၆၈၁.၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၁,၆၆၆ ဒေါ်လာ ဈေးနှုန်းမှာ ရှိနေပါတယ်” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် ရွှေကုန်သည် ဦးလှမောင် က ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၆၆၈ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၆၀
ဒေါ်လာတွင် ရှိနေသည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၆၆,၁၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်း တွင် ကျပ် ၇၆၆,၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁,၆၅၈ ဒေါ်လာဖြင့်
ဈေးပိတ်ခဲ့ပြီး ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၆၅,၃၀၀ ဖြင့် ဈေးဖွင့်ကာ ညနေပိုင်းတွင် ကျပ် ၇၆၅,၈၀၀ ဖြင့်
ဈေးပိတ်ခဲ့သည်။

“၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အရောင်းအဝယ် ငြိမ်တယ်။ ၂၃ ရက်နေ့ နောက်ပိုင်း ပွင့်ပွင့်လင်းလင်းကြီး မဟုတ်တောင် လုပ်လက်စတွေ လက်စသတ်တဲ့ သဘော ရှိတယ်။ လက်ကြီးသမားတွေကလည်း
ရောင်းထားတဲ့ ရွှေတွေ ပြန်ဖြည့်တဲ့သဘော ရှိတယ်။ အရပ် ဝယ်လက်လည်း ခပ်ပါးပါး အရောင်းအဝယ် ရှိတယ်။ ရွှေသားက ထင်သလောက် မပေါခဲ့ပါဘူး” ဟု ဝါရင့် ရွှေကုန်သည်တဦးက သုံးသပ်ပြောဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates