Saturday, January 19, 2013

ကချင်စစ်ပွဲရပ်ဖို့ အစိုးရ သတင်းထုတ်ပြန်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၀၀ နာရီ ၁၃ မိနစ်

ဇန်နဝါရီ ၁၉ ရက်နေ့မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ် ထိန်းချုပ်ရာဒေသဖြစ်သော လဂျားယန်သို့ အစိုးရတပ်များ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်တန့်မည်ဟု အစိုးရအဖွဲ့က သတင်း ထုတ်ပြန်လိုက် သည်။

သတင်းထုတ်ပြန်ချက်အတွင်း သမ္မတ၏ညွှန်ကြားချက်ဖြစ်သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ရန်မှအပ ပစ်ခတ်မှုများ မပြုလုပ်ဟူသည့် အချက်ကိုလည်း တိကျစွာ လိုက်နာသွားမည်ဟု ကာကွယ်ရေး ဦးစီးချုပ်၏ ကတိပြုမှုကိုလည်း ထည့်သွင်းရေးသားထားသည်။

ယင်းအပြင် KIO အနေဖြင့်လည်း အစိုးရတပ်များသို့ တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားစေလိုကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ KIO ဘက်မှ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက် များကို ပယ်ချခြင်းသည် တိုက်ပွဲကိုဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည်ဟုလည်းရေးသားထားသည်။

တိုက်ပွဲများအတွင်း အစိုးရတပ်မှ ၃၅ ဦးကျဆုံးကာ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖေါ်ပြထားပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ KIO က လမ်းတံတား ဖျက်ဆီးမှု အကြိမ်ပေါင်း ၁၂၂ ကြိမ်၊ အစိုးရတပ်သို့ ပစ်ခတ်မှု ၆၄ ကြိမ်တို့ ရှိခဲ့ပြီး အရာရှိအများအပြားလည်း ကျဆုံးခဲ့သည်ဟု ရေးသားထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates