Wednesday, January 16, 2013

ကချင်အရေး ဥရောပကော်မရှင်စိုးရိမ်

မဇ္ဈိမသတင်းဌာန  | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၂၉ မိနစ်

ရန်ကုန်(မဇ္ဈိမ)။             ။ဥရောပကော်မရှင် ဒုတိယဥက္ကဌ ကက်သရင်း အက်ရှတန်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်းသည့် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် "နိုင်ငံတစ်ဝှမ်းဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ယင်းလုပ်ငန်းစဉ်
များ၏ ရရှိထားပြီးဖြစ်သော အောင်မြင်မှု များကို ထိခိုက်စေနိုင်သည့် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှု
များ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အီးယူအဆင့်မြင့်ကိုယ်စားလှယ်အနေဖြင့် အထူးပင် စိုးရိမ်ပူပန်
မိကြောင်း၊ လိုင်ဇာအား အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးခဲ့ရမှု
တို့နှင့် စပ်လျဉ်းသော နောက်ဆုံးရ သတင်းများအရ ကချင်ပြည်နယ်တွင် အထူးပင် အကျပ်အတည်း
ဖြစ်ပေါ်နေကြောင်း၊ အဆိုပါသတင်းများသည် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများကို ပိုမို ထိခိုက်စေမည့် ပဋိပက္ခများ တိုးမြင့်ဖြစ်ပေါ်လာနေကြောင်းကို ဖော်ညွှန်းနေကြောင်း" ကြေငြာချက်က ဖော်ပြထားသည်။

နှစ်ဖက်စလုံးအား ပဋိပက္ခအခြေအနေများ အမြန်ဆုံးတည်ငြိမ်စေရေးနှင့် ရန်လိုမှုများ အဆုံးသတ်၍
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဥရောပကော်မရှင်တိုက်တွန်းလိုက်ကြောင်း ကြေငြာချက်က ဆိုသည်။

ရွှေ့ပြောင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates