Wednesday, January 16, 2013

ပြည်ထောင်စု ဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်

ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ ဇန်နဝါရီလ ၁၆ ရက် နေ့စွဲခြင့် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဝန်ကြီးနှစ်ဦးအား ၎င်းတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း အမိန့်အမှတ် ၂/၂၀၁၃ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates