Tuesday, January 29, 2013

မဇ္ဈိမ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ဓါတ်ပုံများ

Del Monte Pacific Limited နှင့် ဖြန့်ချီရေး ကိုယ်စားလှယ် Global Sky Limited တို့ ပူးပေါင်း၍ အသင့်စားသုံးနိုင်သော အသီးခြောက်များ၊ ခရမ်းချဉ်သီးဆော့စ်များ၊ Pasta နှင့် Spaghetti ဆော့စ်များအား မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်ပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ၎င်းတို့၏ ကုန်အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးနိုင်ခဲ့၍ အလွန် စိတ်လှုပ်ရှားမိကြောင်း Del Monte Pacific ၏ CEO နှင့် MD ဖြစ်သော Mr.Joselito D. Campos,Jr. က ပြောကြားခဲ့သည်။

ဖြူးမြို့တွင် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က ပရိယတ္တိသာသနာ့ဗိမာန်တော်တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာ၊ ကညွတ်ကွင်းရှိ သေခံများက လမ်း၊ ရေနုတ်မြောင်းများ ပြုပြင်ရေးနှင့် အသစ်ဖောက်လုပ်ပေးရေး၊ ဆေးရုံများတွင် လိုအပ်သော အကူညီများ၊ ကျောင်းများ ပြုပြင်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြပြီး ဦးရွှေမန်း က ဖြစ်ချင်သည်များ၊ ဖြစ်သင့်သည်များထက် ဖြစ်နိုင်သည်များကိုသာ လုပ်ဆောင်ပေးသွားမည်ဟု ပြောခဲ့သည်။

ဖြူးမြို့တွင် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က ပရိယတ္တိသာသနာ့ဗိမာန်တော်တွင် ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာ၊ ကညွတ်ကွင်းရှိ ဒေသခံများနှင့် တွေ့ဆုံပွဲအပြီး လိုက်လံနှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဇေယျဝတီ တိုက်နယ်ဆေးရုံ၏ အမိုးများ ပြုပြင်ရေးကို ချက်ခြင်း ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

၁၉၉၅ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး (၁၈) နှစ်ကြာ ပြုလုပ်ကျင်းပခြင်း မရှိခဲ့သည့် မာရသွန်အပြေးပြိုင်ပွဲကို ဇန်န၀ါရီလ(၂၇)ရက်နေ့  နံနက်(၅း၃၀) အချိန်မှစပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံးအကြိမ် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (၂၀၁၃)ကို စတင်တာလွှတ်ကျင်းပခဲ့သည်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ၄င်းပွဲတွင် (၄၂)ကီလိုမီတာ၊(၁၀)ကီလိုမီတာ၊(၃)ကီလိုမီတာ အကွာအဝေး ပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲဝင် စုစုပေါင်း (၁၀၅၀) ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ နိုင်ငံခြားသား (၅၀၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ (၄၂)ကီလိုမီတာပြိုင်ပွဲတွင် (၂း၁၉) မိနစ်ဖြင့် ကင်ညာနိုင်ငံသား GITAU KARUKI က ပထမ၊ ကင်ညာနိုင်ငံသား ONESMUS MUINDI က ဒုတိယ၊ မြန်မာနိုင်ငံမှ သောင်းအေးက တတိယဖြင့် အသီးသီးရရှိခဲ့သည်။ ပရိတ်သတ်များမှလည်း ပြိုင်ပွဲဝင်များကို လမ်းတစ်လျှောက် အားပေးခဲ့ကြသည်။

ကချင်ဒေသ စစ်ပွဲများနှင့် စစ်ပြေးဒုက္ခသည်များအရေး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင်၊ ရှမ်းတိုင်းရင်းသားများနှင့် လူမှုအဖွဲ့အစည်းများမှ အင်အား ၁၀၀ ကျော်က တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့နံနက်က ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ - ဖနိဒါ၊ မဇ္ဈိမ) အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်းပေးရန်၊ နိုင်ငံရေးအရ စစ်မှန်သော ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုနည်းလမ်းဖြင့် အဖြေရှာရန်၊ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များအား တရုတ်နိုင်ငံတွင်း ခိုလှုံခွင့်ပြုရန်နှင့် ဒုက္ခသည်များအတွက် UNHCR နှင့် နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့် ပြုရန်တို့ကို တောင်းဆိုကြသည်။

ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၉း၃၀ အချိန်က ရန်ုကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဂရမ်း မီးရထား ဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှ တာထွက်မည့် ၄၂ ကီလိုမီတာ မာရသွန်ပြေးပွဲ ပြုလုပ်မည်ဖြစ်သည်။

ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၉း၃၀ အချိန်က ရန်ုကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဂရမ်း မီးရထား ဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) နိုင်ငံတကာတွင် ကျင်းပသော မာရသွန်ပြိုင်ပွဲများနည်းတူ ဖြစ်စလိုသောကြောင်း ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးသိမ်းဝေ က ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်များကို သွားရောက်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၉း၄၅ နာရီအချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ခရီးစဉ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထိကြာမြင့်မည်ဖြစ်ပြီး အမေရိကန်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့အထိ နေထိုင်စဉ် ဟာဝိုင်ယီကျွန်းစုရှိ ဟိုနိုလူးလူးမြို့တွင် ငြိမ်းချမ်းရေးဆု လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၃ နာရီခန့်က ရန်ကုန်-သံတွဲ အောင်သစ္စာ ခရီးသည်တင် ဘက်စ်ကား တစီးသည် သံတွဲမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် ချောက်ထဲကျ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၄ ဦး သေဆုံးခဲ့ရပြီး ၃၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်း(၂)လမ်းသွယ်နှင့် (၄)လမ်းထောင့်၊ အိမ်အမှတ် (၃၁၆)၊ မာကျူရီ မုန့်လုပ်ငန်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၊ မွန်းလွဲ ၁၂း၅၅ နာရီက မီးလောင်မှုတခု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) မီးသတ်ကား ၃၄ စီး လာရောက် ငြိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃ သိန်းခွဲခန့် ရှိသည်ဟု မီးသတ်ဌာနက ဆိုသည်။ လုပ်ငန်း ပိုင်ရှင်မှာ ဦးဇော်မျိုးထွန်း ဖြစ်ပြီး မီးပျက်သောကြောင့် မီးစက်နှိုးစဉ် အင်ဗာတာအနီး ဘက်ထရီအိုးမှ ရှော့ရိုက်ရာမှ အနီးရှိ ဂက်စ်အိုးသို့ ကူးစွဲ လောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသား ၁၆ ဦးတို့၏ ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း၊
တောင်ဥက္ကလာပမြို့နယ်ရှိ ကိုမင်းကိုနိုင်၏ အိမ်တွင် ဇန်န၀ါရီလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီက ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဇန်န၀ါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ
လေ့လာရေးစန်တာ(CPCS)၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ ခြင်းဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် လူမှုအဖွဲ့အစည်းအခြေပြု လုပ်ငန်းများကို လေ့လာခဲ့ပြီး ခရီးမှ ပြန်ရောက်ပြီးနောက် အစိုးရပိုင်း ဝန်ကြီးများနှင့် တွေ့ဆုံကြောင်း ရှင်းပြသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲကာ ငြိမ်းချမ်းမှုကို လိုလားကြောင်း ပြသသည့်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မှ စတင်ကာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အထိ လမ်းလျှောက် ဆန္ဒပြပွဲကို လူငယ် ၁၅ ယောက်က စတင်လိုက်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ရန်ကုန်မှ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့များကို ဖြတ်ပြီး တရက်လျှင် ၁၀ မိုင်နှုန်း လမ်းလျှောက်မည်ဖြစ်၍ ငြိမ်းချမ်းရေးအလံ စိုက်ထူမည့် လိုင်ဇာမြို့အရောက် အချိန် တလခွဲ ကြာမည် ခန့်မှန်းထားသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုသို့ ရောက်ရှိလာသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံ ပြည်သူများက ကြိုဆိုနေကြသည်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မုန်းဒေသ ပြည်သူများ
တွေ့ဆုံပွဲအခမ်းနားကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မုန်းဒေသမှ မိုင်းနင်းမိသော ပြည်သူများအား ခြေတုများနှင့် လိုအပ်သော ဆေးဝါးများ ကူညီပေးမည်ဟု ပြောခဲ့သည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU ဆက်ဆံရေးရုံးတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် KNU တပ်မဟာ(၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအယ်ကလူသိန်း(အလယ်)အပါအဝင် KNU ခေါင်းဆောင်များ ၂၀၁၃ ခုနှစ်၊ ဇန်နယါရီလ ၂၀ ရက်နေ့ ညနေက တွေ့ဆုံကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရေး အတွက် ဘဏ္ဍငွေရှာဖွေရေး ရန်ပုံငွေပဒေသာကပွဲအဖြစ် 'နှင်းဆီခရီးသည်' မော်ဒန်အငြိမ့် ပြုလုပ်ကျင်းပရန် သတင်းစာရှင်းလင်းပွဲကို ၂၀၁၃၊ ဇန်န၀ါရီလ(၇)ရက်၊ နံနက်(၁၀)နာရီက ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)  မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြင့်တင်ရေး ကော်မတီအလုပ်မှုဆောင် ဦးကျော်စွာမှ ခရီးသွားလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) မှ 'နှင်းဆီခရီးသည်' မော်ဒန်အငြိမ့်ကို ၂၀၁၃၊ ဖေဖော်ဝါရီလ (၈-၉) ရက်များတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ညနေ (၆နာရီမှ ည ၁၁နာရီ) အထိပြုလုပ်ကျင်းပမည်ဖြစ်ပြီး ချာလီချာပလင်ကဲ့သို့ ဘာသာစကားမလိုဘဲ လူတိုင်းခံစားနိုင်မည့် အသံတိတ် ဟာသပြကွက်မျိုးများလည်း ကပြသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

သတင်းစာရှင်းလင်းပွဲအပြီးတက်ရောက်လာသော အနုပညာရှင်များအား အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက် နံနက် (၁၀) နာရီ အချိန်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ ပါတီမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ-ဘိုဘို ) အဆိုပါပွဲသို့ ဦးကောင်းမြင့်ထွဋ် (မြန်မာ အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ)၊ ဦးအောင်သိန်းလင်း(ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ)၊စာရေးဆရာ တက္ကသိုလ် မြတ်သူ၊ ဦးနိုထန်ကပ် (ချင်းတိုးတက်ရေပါတီ)၊ ဆရာဟိန်းလတ်၊ ဦးအေးကြိုင် (ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဌ) စသည့် ပါတီများမှ တက်ရောက်ခဲ့ပါသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက် နံနက်(၁၀)နာရီ အချိန်တွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ ပါတီမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ရာ တောင်သူလယ်သမားခေါင်းဆောင် ဂဠုန် ဆရာစံ နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုစဉ်။ (ဓာတ်ပုံ-ဘိုဘို)

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက် နံနက်(၁၀)နာရီ အချိန်တွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ ပါတီမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာတောင်သူလယ်သမား အစည်းအရုံးဥက္ကဌ ဦးငြိမ်းမောင် မှ အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို) ၄င်းမှ ပါတီ၏ မူဝါဒ သဘောထားများနှင့် ဖွဲ့စည်းပုံအခြေ ခံစည်းမျဉ်းဥပဒေများကို ရှင်းလင်းပြောပြခဲ့သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီခန်းမ တွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက် နံနက်(၁၀)နာရီ အချိန်တွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ ပါတီမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာတောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီဒု ဥက္ကဌ ဦးအုန်းလွင်မှ အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို) ၄င်းမှ လွတ်လပ်ရေးရပြီး (၆၅)နှစ်တိုင်သော်လည်း တောင်သူလယ်သမားဘ၀မဖွံ့ ဖြိုးသေးကြောင်းနှင့် လယ်သမားတို့ ဘ၀တိုးတက်ရေးအတွက် အဘက်ဘက်မှဆောင်မည်ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီခန်းမ တွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက် နံနက်(၁၀)နာရီ အချိန်တွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ပါတီမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုးမှ အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို) ၎င်းကျပ်မှ တောင်သူလယ်သမားများဘ၀ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ဖို့ရန်အတွက် ပါတီကို တည်ထောင်ခြင်းဖြစ်ကြောင်းနှင့် တောင်သူလယ်သမားအရေးကိစ္စများကို အသက်ပေးပြီး ဆောင်ရွက်သွားမည်ဟု ကတိပေး ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇-၂၈ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် ၁၀း၃၀ အချိန်က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟော်တယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အခန်းနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ရှင်းလင်းခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇-၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန
ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် ၁၀း၃၀ အချိန်က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟော်တယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ခြင်းမှာ
ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများမှ ယုံကြည်မှုကြောင့်ဖြစ်ကြောင်းနှင့် ရရှိလာသောရန်ပုံငွေများကို နယ်စပ်ဒေသရှိ ပညာရေးအခက်အခဲရှိ ပြည်သူများ ထံသို့ရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ဘဏ္ဍာရေးတာဝန်ခံ ဦးအောင်ထိုက်မှ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရလက်ဆောင် လေလံပစ္စည်းအပါအ၀င်၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်ထိ ရရှိသော စုစုပေါင်းအလှူငွေ ၅၁၇,၅၂၇,၀၀၀ ကျပ်ရရှိပြီး ကုန်ကျငွေ ၂၁၁,၂၁၁,၂၀၀ ကျပ် ကုန်ကျကြောင်း ရှင်းလင်းခဲ့သည်။  (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆက်လက် လှူဒါန်းနေသော အလှူရှင်များလည်း ရှိကြောင်း ပြောခဲ့သည်။

မြန်မာအစိုးရက ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှယ်များကို နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် မြန်မာဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မိန့်ခွန်းပြောကြားနေသည်ကို စနေနေ့ ဇန်န၀ါရီ ၅ ရက်၊ ၂၀၁၃ ခုနှစ်က တွေ့ရစဉ်။ KNU ကိုယ်စားလှယ်အဖွဲ့အတွင်း ဥက္ကဌ မူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး မန်းမန်း၊ မန်းငြိမ်းမောင်နှင့် စောလှထွန်းတို့ လိုက်ပါလာကြပြီး နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိသည်။ (ဓာတ်ပုံ-မဇ္ဈိမ)

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌသစ် မူတူးစေးဖိုးက စနေနေ့ ဇန်န၀ါရီ ၅ ရက်၊ ၂၀၁၃ ခုနှစ်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင်  မြန်မာအစိုးရက တည်ခင်းဧည့်ခံသော ညစာစားပွဲတွင်  မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) မကြာသေးခင်က အဖွဲ့တွင်း ရွေးချယ်တင်မြှောက်ခြင်းအသစ်ဖြင့် တက်လာသော KNU ဥက္ကဌ အပါအ၀င် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့မှ သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ အလည်အပတ်ရောက်ရှိနေသည်။ နှစ်ရက်ကြာခရီးစဉ်အတွင်း မြန်မာကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP-B) မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်တို့ နှစ်ဦးသည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် နေ့လည် ၂ နာရီအချိန်က ရန်ုကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့် ပြန်လည်ရောက်ရှိလာစဉ်။ (ဓာတ်ပုံ-ဟိုန်းထက်၊ မဇ္ဈိမ) နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတကာမှ ပေးသော ဆုများရှိထားသောသူများကိုဆုများပေးအပ်ခြင်း အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရွှေတိဂုံ စေတီတော်ပေါ်တွင် လင်းတငှက် နားခြင်းကို အကြောင်းပြု၍ မြန်မာပြည်ဘေးအန္တရာယ် ကင်းရှင်းစေရန် ပိရိတ်တရားနှင့် ကမ္မ၀ါစာ ရွတ်ဖတ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့  ညနေ ၃း၃၀ အချိန်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)သံဃာတော်နှင့် ပြည်သူ ၁၅၀ ခန်ု့တို့က ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးမှ ရွှေတိဂုံဘုရားပေါ်သို့ လမ်းလျှောက်တက်၍ စေတီတော်ရင်ပြင်တွင် ပိရိတ်တရားနှင့် ကမ္မ၀ါစာ ရွတ်ဖတ်ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးချုပ်တွင် နံနက် (၁၁) နာရီအချိန်၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲကို ပြုလုပ်ကျင်းပရာတွင် NLD အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာ စကားပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို) အဆိုပါပွဲတွင် ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို အလေးပြုပြီး ၈၈ အရေးအခင်းတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုသောအားဖြင့် (၈)စက္ကန့်ခန့် ရပ်ပြီး ငြိမ်သက်စွာနေခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့ တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးချုပ်တွင် နံနက် (၁၁) နာရီအချိန်၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲကို ပြုလုပ်ကျင်းပရာတွင် NLDအဖွဲ့ ချုပ်နာယက ဦးတင်ဦးမှ အဖွင့် အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို)

ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့ တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးချုပ်တွင်နံနက်(၁၁)နာရီအချိန်၊ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲကို ပြုလုပ်ကျင်းပရာတွင်လာရောက်သူများမှ ရောင်းချသောပစ္စည်းများအား ၀ယ်ယူအားပေးကြစဉ်။ (ဓာတ်ပုံ-ဘိုဘို) အဆိုပါပွဲတွင် အစီအစဉ်(၂) အရ သီးလေးသီး အဖွဲ့ မှ ဖျော်ဖြေပေးခဲ့သည်။

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates