Saturday, December 15, 2012

UBI ဘဏ် မြန်မာပြည်မှာ ရုံးဖွင့်သော်လည်း ဆက်ဆံရေးသာ လုပ်ဦးမည်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်   

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် အိန္ဒိယ၏ ပထမဆုံး ဘဏ်အဖြစ် United Bank of India (UBI) အနေနှင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်လိုက်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် ကိုယ်စားလှယ်ရုံးတခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဘဏ်၏ကြေညာချက်က ဆိုသည်။

သို့သော် ဘဏ်အနေနှင့် ငွေကြေးလုပ်ငန်းကိစ္စများကို ဆောင်ရွက်ဦးမည်မဟုတ်သေးဘဲ အစိုးရ၊ ဘဏ်များနှင့် ကုန်သည်များနှင့် ဆက်ဆံရေးရုံးအဖြစ်သာ ထားရှိမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ပြေငြိမ်းစေရေးအတွက် သက်ဆိုင်သည့် ပြဿနာများအား
ဖြေရှင်းနိုင်ရန် အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ကိုင်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates