Tuesday, December 18, 2012

NLD ဈေးရောင်းပွဲတော်တွင် ဒေါ်စု ၏ အမှတ်တရ ပစ္စည်းနှစ်ခု လေလံတင်မည်

ဟိန်းထက် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ယက်၏ အခမဲ့ ပညာဒါန ကျောင်းများအတွက် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်ဦးမည်ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်းနှစ်ခုကို လေလံတင် ရောင်းချမည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂ နှစ်ပြည့်နှင့် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်ကျင်းပရာ ပါတီ သဘာပတိ ဦးတင်ဦး အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရန်ပုံငွေ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်မျိုးကိုလည်း လေလံတင် ရောင်းချသွားမည် ဖြစ်သည်။

NLD ပညာရေးကွန်ယက်၏ နှစ်နှစ်တာ ကာလအတွင်း အခမဲ့ ပညာဒါန ကျောင်းပေါင်း ၆၀ ဖွင့်လှစ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင်

ပြုလုပ်သည့် ကွန်ယက် ထူထောင်ခြင်း နှစ်နှစ်ပြည့်နှင့် ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပါတီ သဘာပတိအဖွဲ့၏ နာယက ဦးတင်ဦးက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

အဆိုပါ အမေ့အိမ် ပညာဒါန ကျောင်းများတွင် ကျောင်းသား/ကျောင်းသူပေါင်း ၁၀,၀၂၃ အား စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ ၇၁၆ ဦးက ပညာသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates