Friday, December 14, 2012

KIO နှင့် အစိုးရ ဇန်နဝါရီလမှာ နိုင်ငံရေး ဆွေးနွေးမည်

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၄ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ လာမည့် ဇန်နဝါရီလတွင် နိုင်ငံရေး
ဆွေးနွေးရန် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မူဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာရာတွင် တွေ့ဆုံ ဆွေးနွေးရန် ဦးအောင်မင်း ထံမှ ကမ်းလှမ်းစာကို ကြာသပတေးနေ့က ရရှိးခဲ့သည်ဟု ကချင်ငြိမ်းချမ်ရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ဆိုသည်။

“အောက်တိုဘာလ ၃ဝ ရက်နေ့ ပြောဆိုထားတဲ့ နိုင်ငံရေး ဆွေးနွေးမယ်လို့ ပြောထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီဇင်ဘာလက ခရစ္စမတ်နဲ့ နှစ်သစ်ကူး ဖြစ်လို့ နှစ်သစ်နောက်ပိုင်း ပြန်တွေ့ဖို့ ကမ်းလှမ်းတယ်” ဟု မဇ္ဈိမကို ပြောသည်။

မည်သည့်နေရာတွင် တွေ့ဆုံရန် KIO ဘက်မှ တုံ့ပြန်ခြင်း မရှိသေးပေ။

သောကြာနေ့ နံနက်ပိုင်းက KIO ဌာနချုပ်အနီးတွင် အစိုးရတပ်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု၍ တိုက်ခိုက်နေသဖြင့်နှစ်ဖက် ပြန်လည် တွေ့ဆုံမှုကို ပြန်လည် စဉ်းစားစရာ ဖြစ်နေသည်ဟု KIO ပြောခွင့်ရ ဦးလနန် က မဇ္ဈိမကို ပြောဆို ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates