Wednesday, December 26, 2012

အဲပုဂံ ခရီးသည်များအတွက် သုံးစွဲငွေ ထုတ်ပေးထား၊ အာမခံ စစ်ဆေးတွက်ချက်ဆဲ

ရတနာဦး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဟဲဟိုးလေဆိပ်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ Air Bagan မှ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ကန်တောင်ကြီး ပဲလေ့စ် ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

ခရီးသည် စုစုပေါင်း ၆၅ အနက် နိုင်ငံခြားသားခရီးသည် ၄၈ ဦးအတွက် တဦးလျှင် အမေရိကန် ဒေါ်လာ ၂,ဝဝဝ စီ ပေးကာ ကျန်ရှိ မြန်မာခရီးသည် ၁၆ ဦးအတွက် တဦးလျှင် ကျပ်ငွေ သုံးသိန်းစီ သုံးစွဲရန် ပေးထားသည်ဟု ဆိုသည်။

သေဆုံးသွားရသူများ၏ နာရေးကို တာဝန်ယူမည်ဟု ဆိုသော်လည်း လျော်ကြေးကိစ္စကိုမူ ရှင်းလင်းစွာ
ပြောဆို မသွားပေ။ ရသင့်ရထိုက်သည်တို့ကို မြန်မာ့ အာမခံလုပ်ငန်းမှ စစ်ဆေး တွက်ချက်နေဆဲ
ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံတကာမှ အာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များလည်း
ရောက်ရှိစစ်ဆေးနေကြာင်း ပြောဆိုသွားသည်။

အဆိုပါ သတင်းစာရှင်းပွဲသို့ Air Bagan မှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးထူးထက်ထွေး၊ စက်မှု ဒါရိုက်တာ ဦးလှိုင်ဘွား၊ လက်ထောက် စီမံဒါရိုက်တာ ဦးအောင်ဆန်း၊ ပျံသန်းမှု ဒါရိုက်တာ ဦးစိုးဝင်းနှင့် လေယာဉ်မယ် မခိုင်စုလှိုင်တို့က တာဝန်ခံရှင်းလင်းကြခြင်းဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates